Tuesday, November 3, 2009

အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံပြီး နေ့လည်ပိုင်းမှာ NLD(CEC) နှင့်တွေ့ဆုံမည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ဦးဆောင်သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန်(၄)ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နေ့လည် (၂)နာရီခွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ CEC (၆)ဦးနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်