20 November 2009
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုသလမဂ္ဂ အထွေထွေညီလာခံက ချမှတ် လိုက်ပါတယ်။ ၁၈၃ နိုင်ငံ တက်ရောက်ကြတဲ့အနက် ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ နဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်သွား ပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာ က အစီရင်ခံထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ အဆိုပြုချက်ကို ဘယ် လောက် ထောက်ခံကြပါသလဲ၊ ဘယ်သူ ကန့်ကွက်သလဲ၊ ဘယ်သူ ကြားနေမလဲ ဆိုတဲ့မဲတွေကို ကောက်ယူပြီးတော့ အခုလို မဲရလဒ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။
"ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ အဆိုပြုချက်ဟာ အတည်ဖြစ်ပါတယ်။"
အဲဒါကတော့ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီပြဌာန်းချက် မူကြမ်းကို ဥရောပနိုင်ငံတွေ ပါဝင်တဲ့ ဥရောပ သမဂ္ဂအဖွဲ့နဲ့၊ အစ္စရေးနိုင်ငံ တို့က ပူးတွဲပြီး အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို အဆိုရှင်နိုင်ငံများရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီးက အခုလို ဖတ်ကြား တင်သွင်းခဲ့တာဖြစ်ပါတယ်။
"လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းမြင်သာပြီး လူတိုင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်အောင် လိုအပ်တဲ့ လုပ်ရပ်တွေကို ချက်ချင်း စတင်ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို အလေးအနက် တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွား နိမ့်ကျ ဆဲ ဆိုတာကို ထောက်ပြလိုပါတယ်။ ဒေါ်အောင်ဆန်ုးစုကြည် အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်၊ ဖော်ထုတ် ပြောကြားခွင့်တွေကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခြင်း ခံနေရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေဆဲလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။"
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချတဲ့အဆိုပြုချက်ကို ဥရောပ သမဂ္ဂနဲ့ ပူးတွဲတင်သွင်းတဲ့ အစ္စရေးနိုင်ငံ တို့ရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ သံအမတ်ကြီးက ဖတ်ကြားသွားတာဖြစ်ပါတယ်။ အဲဒီလို ဖတ်ကြားပြီးတဲ့နောက်မှာ ကန့်ကွက်တဲ့ နိုင်ငံတွေ၊ အဓိကအားဖြင့် တော့ မြန်မာနိုင်ငံ စစ်အစိုးရ ကိုယ်စားလှယ်က ကန့်ကွက်ပါတယ်။ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးသန်းရွှေက ဒီ ပြဌာန်းချက်ဟာ ခေတ်နဲ့မလျော်ညီတော့တဲ့ ပြဌာန်းချက်၊ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုပြီးတော့ အခုလို ကန့်ကွက်ပါတယ်။
"အီးယူတင်ပြတဲ့ ပြဌာန်းချက် မူကြမ်းဟာ အခြေအနေနဲ့ လွဲလျော်ပြီး အမှားအယွင်းတွေ အတော်များနေပါတယ်။ ပထမဆုံး ပြောချင်တာ ကတော့ ကျနော်တို့ ခေတ်နဲ့ မကိုက်ညီပါဘူး။ ဒီကနေ့ ကမ္ဘာပေါ်မှာ နှစ်ဖက်စလုံး အရှုံးပေါ်စေမယ့် လုပ်ရပ်မျိုးဟာ အလုပ်မဖြစ်တော့ ပါဘူး။ မြန်မာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတခုခုရဲ့ လူ့အခွင့်အရေး အခြေအနေကို ဥရောပ သမဂ္ဂက တကယ် စိုးရိမ်မကင်း ဖြစ်ခဲ့ရင် အပြုသ ဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးသာ လုပ်သင့်ပါတယ်။"
အပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှုမျိုး လုပ်သင့်တယ်ဆိုပြီးတော့ အဲဒီအဆိုပြုချက်ကို ကန့်ကွက်ကြတဲ့ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရ မိတ်ဆွေများ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံ နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။ သူတို့က အပြုသဘော ဆောင်တဲ့အနေနဲ့ ချဉ်းကပ်ကြဖို့ အဆိုပြုခဲ့ကြတဲ့ တင်ပြခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုပြုချက်ကို ထောက်ခံသွားတဲ့ နိုင်ငံထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ -
"ဒီအဆိုပြုချက်ကို ဂျပန်နိုင်ငံက ထောက်ခံပါတယ်။ အထူးသဖြင့် ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထား ကို လုံးဝ ထင်ဟပ်နေတာဖြစ်ပါတယ်။"
ဒီလို မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဂျပန်နိုင်ငံက ရှုတ်ချတဲ့နေရာမှာ ပါဝင်ထောက်ခံပေမယ့်လည်း မြန်မာနိုင်ငံ ကိုတော့ ဆက်လက်ပြီးတော့ အကူအညီတွေပေးမယ်။ လူသားချင်းစာနာမှု အထောက်အပံ့တွေအပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်စေဖို့ ပံ့ပိုးမှု အကူအညီတွေကိုလည်း ပေးသွားမယ်ဆိုတဲ့အကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ ဒီလို အကူအညီမျိုး ပေးဖို့အတွက် ဘယ်တော့ မှာ တွန့်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောကြားသွားပါတယ်။
ဒီလို အဆိုပြုချက်မျိုးကို ကုလသမဂ္ဂ အထွေထွေညီလာခံက အရင်ကလည်း မကြာခဏ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ non-binding resolution လို့ခေါ်ပါတယ်။ အတင်းအကျပ် လိုက်နာစေရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ပြဌာန်းချက်မျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ပြဌာန်းချက်ဟာ သိပ်ပြီးတော့ အရေးမပါဘူး၊ နှစ်ပေါင်းများစွာ ပြဌာန်းလာခဲ့၊ ချမှတ်လာခဲ့ပေမယ့် ဘာမှမထူးဘူးလို့ ဝေဖန်သူ တွေကလည်း ရှိပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေးအားဖြင့်တော့ အင်မတန် လေးနက်တဲ့သဘောကို ဆောင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ http://www.voanews.com/burmese/2009-11-20-voa3.cfm
Friday, November 20, 2009
မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
November
(167)
- အိုဘဲ့မြန်မာတပ်မတော်သား...အဖေကျော် ပတွေးတော် လွမ်း...
- နိုဝင်ဘာ (၃၀) ၂၀၀၉ သတင်းများ
- အမေမွေးထားတဲ့ မျက်စိပါတာတောင် ကြည့်ခွင့်မရတဲ့နေရာများ
- မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝
- မထသ ဥက္ကဠ ဆက်ကြေးအတောင်းကြမ်း၍ ကားသမားများသည်းညူနေ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြ...
- သောက်ရှက်မရှိတဲ့ မျက်ခွက်နဲ့  အာပုပ်စော်နံ ပါးစပ်က...
- မြန်မာ့ရေတပ်ဆင်းရဲလွန်း၍ ယူနီဖောင်းတောင် မ၀တ်နိုင်
- Gtalk virus
- နောက်တခါလိမ်တာ..ရိုးနေပြီပေါ့
- တယ်လည်း မိုက်ရိုင်းထွားကျိုင်းတာ သန်းရွှေအမျိုး..
- စက်မှုနိုင်ငံထူထောင်တော့မည်။
- အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာ ဒုက္ခသည်များ
- ဗမာ့ကြယ် စာအုပ်စင်
- နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - “O...
- ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂...
- ၀ါရင့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ (သခင်သ...
- သမိုင်းအမှန်ကို သိစေဖို့၊ အပြောနဲ့ လက်တွေ့ ယှဉ်ကြည...
- လုနိုင်မှစားတဲ့ နအဖ သူတောင်းစားဖြစ်နေတာက ပြည်သူ
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှမ်းပြည်နယ်၊ ဖယ်...
- မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာ...
- ဦးခွန်မြင့်ထွန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသား...
- သင့်သွေးလှူခြင်းဖြင့် အသက်ကယ်ပါ။
- ရိုက်စားတွေချည်းနဲ့ မြန်မာပြည်.
- ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ...
- မိုးမခ အထောက်တော် အမှတ် ၀၀၄
- လူကြားတောင် မကောင်းတဲ့ မြန်မာ့သတင်း..
- မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ တရုတ်...
- မတရားဥပဒေ ကျင့်သုံးတဲ့တိုင်းပြည်
- ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြ...
- မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး
- ငါသာ အမိ ငါသာအဖ..
- ကချင်ပြည်နယ် လိမ္မော်ခြံတွေ တရုပ်ပိုင်ရွှေမိုင်းတွေ ...
- ဘဲဥတွေ ဘုရားနဲ့ လုပ်စားနေကြတယ်
- Nov 23 2009 သတင်းစုံ
- ကိုယ်ထူကိုယ်ထ နအဖကို ဒို့ မလို
- ရွှေသာရှိပစေ....နအဖ စစ်တပ်က လက်နက်တောင်ဝယ်ရတယ်...
- အင်တွေ သတိထားကြပါဗျို့ 
- ဦးဝင်းတင် ၊ ဦးအေးသာအောင် (အမျိုးသားဒီမိုကရေစီအဖွ...
- ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်...
- ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေး...
- ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း
- အောင်တင်ဝင်း ဖမ်းဆီးစစ်ဆေးခံနေရပြီ။
- VOICE OF BURMA စာစောင်။..။
- သန်းရွှေရဲ့ ဒံပေါက်နဲ့ ဒေါ်လာနှစ်ရာတန် ဆိုတာ
- ဂျပန်နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုမြန်မာ တိ...
- မတန်မရာ..ဘုရားရူးရူးနေသော အမျိုးယုတ်များ..
- Face book ဆိုတိုင်း မယုံနဲ့ ..
- ကလေးသူငယ် အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ
- ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးေ...
- ဗိုလ်သန်းရွှေ ရဲ့ ရောသမမွှေ ဖန်တီးမှုအသစ်
- Democracy leaders defend 34 Burmese in Indian court
- ဧရာဝတီကို ကယ်တင်ရန် စဉ်းစားသင့်ပြီ
- မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ
- မယ်သန်းရွှေကို စပါးကြီးမြွေ တရစ်ချင်းပတ်နေပါပေါ့
- စာပေချစ်မြတ်နိုးသော ပုဂ္ဂိုလ်များထံသို့ တိုက်တွန်းန...
- ငတ်ကြီးကျ..ခရုခွံတောင် အဆီညှစ်နေတဲ့သူ..
- ဖြူးဆရာတော် အရေးပေါ် ထိုင်းနိုင်ငံတွင် ဆေးကုသမူကို ...
- မြန်မာပြည်ကိုကူညီကြစီု့ 
- Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ
- ★စည်းလုံးခြင်းသည် အင်အား★
- ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်င...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး...
- ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှြုေ...
- မဃတ+၈၈+ဗကသ မှ ပူးပေါင်း ထုတ်ပြန် ကြေငြာချက်
- ရွှေဂုံတိုင်ကြေညာစာတမ်းကို အကောင်အထည်ဖော်ရေး နှီးနေ...
- ရောက်မဲ့ရက်က..အနီးလေး..
- မှန်ကန်တာပြောတာနဲ့ ...တယောက် အထဲဝင်ရပြန်ပြီပေါ့
- မြန်မာပြည်၏ ငြိမ်းချမ်းရေးမိခင်ကြီး..
- fwd လုပ်ပေးကြပါ ... ကောက်ရထားပါသည်
- မင်းသမီးအိုးလှုပ်ကောင်းတာ..သူတို့ နဲ့ကျ အပျော့ပေါ့..
- အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်
- တယ်ကြောက်ချေးပါတဲ့ အကြီးအကဲ..
- စာဆိုတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ/ပြိုင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌ...
- သူများဆုရရင် မနာလိုတဲ့နအဖ..
- သူ ပိုင် ကိုယ်ပိုင် အနိုင်လုနေတဲ့ ပင်လယ်ပြင် ရေနံေ...
- ခိုးနားထောင်သူတွေ သတိထား..
- အကင်းတွေဘဲတဖြုတ်ဖြုတ်ဗျာ..အမှည့်တွေ ကလောက်ကိုက်နေလ...
- မကောင်းတာမှန်သမျှ ဆိုရင် မြန်မာမပါရင် ပွဲမစည်ဖူး
- 8888 peoplepower Novenber 16 2009
- လူယုတ် ဘလော့မှာ..လူယုတ်များနဲ့ စည်ကားသည်
- ဘာလည်းဟဲ့..ဗိုက်ပြဿနာ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။
- သဘောဖြူဖြူ ကိုကျော်သူ..
- ကြွက်မနိုင် ကျီမီးနဲ့ အရှို့ ခံရပြီ။
- ကျွန်တော်တို့ နိုင်ငံက ဒုက္ခိတခေါင်းရှောင်ကြီးများ
- မိုးသောက်ကြယ်စာကြည့်တိုက် တည်ထောင်ခြင်း(၅)နှစ် ပြည...
- ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ် ညှိနှိုင်းရေး
- ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌထံပေးစာနှင့် အဖွဲ့ချုပ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- တပ်မတော်၏ ဖခင်အစစ်က ဒီမှာ..တခြားကောင်က လူယုတ်မာတွေ...
- ကမ္ဘာကချစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် 
- အကြော်သည်ထမီတောင် မချန်မဲ့ မင်းတြား ငတ်ကြီးကျ
- Myanmar ferry disaster
- ခေါင်းဆောင်ကောင်းတဦး၏ မိန်ခွန်းဆိုတာ..
- အေးလွင် ခြေရှုပ်..ပြောနေတဲ့ အာပုပ်စော်နံပါးစပ်ကြီး..
- VOICE OF BURMA စာစောင်။..။(နိုဝင်ဘာ ၁၅ရက်နေ့)
- ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်တဲ့လေ...
- ဆန်..မရှိ..သောက်စားကြီး..ဖင်ဂေါင်းကြီးနဲ့ နအဖ..
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းဖွင့်လှစ်။...။(ဂျပန်...
- ကြောက်ချွေး..ကြောက်သေးနဲ့ သန်းရွှေ
- မြန်မာ့ အရေး..
- မယုံ မယုံ..မယုံဘူး..
- ဒေါ်အောင်ဆန်းစုကြည်နောက်ဆက်တွဲနအဖသို့ပေးစာ ”
- ရူးချင်ယောင် မဆောင်နဲ့ သန်းရွှေ။
- All We want is Our Freedom “ လွတ်လပ်မှုကိုပဲ ကျမတို...
- အလင်းရနံ့ ဂျာနယ် အမှတ် (၄)
- Burma Colony : A story of Indian - Burmese
- Why Obama Will Meet with a Leader of Burma's Junta
- အရှက်နည်းတဲ့အေးလွင်..
- နယူးယောက်က ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်
- ချီးထုတ်နဲ့ အပေါက်ခံရခါနီးတဲ့ ရွှေနဲ့  ကြိုင်ကြိုင်
- အရှက်မဲ့ မျက်နှာပြောင်တိုက် မဲရွေးကြမဲ့ စစ်သားတွေ
- ( န-အ-ဖ ) တို့ ပြောသော တိုးတက်နေသည့် မြန်မာပြည် ။ ...
- သန်းရွှေ ဘုရားဖူးမှတ်တမ်း..
- ဟေ့လာကွယ် မောင်ရိုး၊ ဟေ့လာကွယ် မယ်ရိုး ကြားလို့မှေ...
- “ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ” အင်တာနက်တွင် ပျံ့နှ...
- တစ်ကောင်တော့ ခေါင်းဖြုတ်ခံလိုက်ရပြီ..
- နအဖက လွဲရင်..အားလုံးကို ယုံတယ်..
- ဟဲ့ သောက်ရှက်မရှိတဲ့အစိုးရ...ပြောရတာ ငါသနတယ်
- ကြောက်စရာမရှိ သူတို့  တော်တော်ကြောက်..
- အတူတူ ဆိုတော့..ကြည်ဖြူကြပြီပေါ့..
- ဘုရားလည်းဖူး...လဥ လည်း တူးနေသူ
- နာရေးကူညီမှုအသင်း အမှု ပြေလည်ပြီ
- မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်
- ပြည်သူလူထုတစ်ရပ်လုံးက လေးစားချစ်ခင်ရသော ဘဘ (သူရ) ဥ...
- ပုဏ္ဍားက ဘီလူးဆိုင်းနဲ့ ကြမ်းနေခြင်း
-
▼
November
(167)
1 comment:
Please When, At What Assemblies.???
Post a Comment