Monday, 02 November 2009 18:01 အေးလဲ့
လူမှုရေး လုပ်ငန်းများဖြင့် ထင်ရှားနေသည့် ရုပ်ရှင် သရုပ်ဆောင် ကျော်သူက ယနေ့ ကျရောက်သည့် သူ၏ အသက် ၅၀ ပြည့် မွေးနေ့ တွင် မိတ်ဆွေများကို ရန်ကုန်မြို့ နေအိမ်သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်က ရုပ်ရှင် ရိုက်ခွင့်မရတော့ဘူးလေ၊ အနုပညာသမား ဆိုတော့ တခုခု ဖန်တီးမှ ရမယ် ဆိုပြီး ကျနော် ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ပန်ချီးကားတွေကို ပြတာပါ” ဟု ကျော်သူက ဧရာဝတီကို ပြောသည်။
အာဏာပိုင်တို့က ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ကူညီခဲ့သော သရုပ်ဆောင် ကျော်သူကို ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်လိုက်သည်။ ရုပ်ရှင်ဇာတ်ကား နည်းပါးနေသဖြင့် ယခင်က ရိုက်ကူးပြီးခဲ့သော ကျော်သူ၏ ဇာတ်ကားများကိုမူ ရုံတင်ပြသခွင့် ပြုသည်ဟု ဆိုသည်။
ရုပ်ရှင်နယ်တွင် လှုပ်ရှားခွင့် တားမြစ်ခံထားရသည့် ကျော်သူ၏ ယနေ့ ပြပွဲတွင် ပန်းချီကား ၂၃ ကား၊ ဓာတ်ပုံ ၄၀ ခန့် ပါဝင်သည် ဟုဆို သည်။
ပန်းချီကားများမှာ ရောင်းရန် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို အဓိက သရုပ်ဖော် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ကျော်သူက ပြောသည်။
“တကမ္ဘာလုံးမှာ စစ်မဖြစ်ဘဲ၊ စစ်အုပ်ချုပ်ရေးအရ ကင်းလွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ ကျနော် သဘောအကျဆုံး ပုံက War and Peace (စစ်နဲ့ငြိမ်းချမ်းရေး) ဆိုတဲ့ ပုံရယ်၊ နောက်တပုံက Woman Leadership (အမျိုးသမီးခေါင်းဆောင်မှု) ဆိုပြီး ကျနော် နာမည်ပေးထားတဲ့ နောက်ခံ အမည်းကြီးမှာ အဖြူရောင် ရွှေဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်က အမျိုးသမီးပုံပေါ့လေ ပါးကွက်နဲ့ ပုံပါ” ဟု ကျော်သူက သူနှစ်သက်သည့် ပန်းချီကားတချို့အကြောင်း ရှင်းပြသည်။
မွေးနေ့ပြပွဲမှ ဓာတ်ပုံများအကြောင်းကိုလည်း မွေးနေ့ရှင် ကျော်သူက ပြောပြသည်။
“ဓာတ်ကြိုးပေါ်မှာ အုပ်စုလိုက် ငှက်တွေ၊ နောက်တော့ တကောင်ပဲ ကျန်ခဲ့တယ်၊ အဲဒီပုံလေးကို ကျနော် သစ္စာဖောက် လို့ နာမည်ပေး ထားတယ်” ဟု ဓာတ်ပုံတပုံနှင့် ပတ်သက်ပြီး သူက အဓိပ္ပာယ် ဖွင့်ပြသည်။
ဓာတ်ပုံများမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးကျော်သူသည် ရုပ်ရှင်လောကတွင် သရုပ်ဆောင် နှင့် ဒါရိုက်တာ အဖြစ် ၂၅ နှစ်တိုင် ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် သူပါဝင်သရုပ်ဆောင်ထားသည့် “ချစ်ကြိုးလေး နှစ်မျှင်” ဇာတ်ကားဖြင့် စတင် အောင်မြင်လာသည်။
နောက်ဆယ်နှစ်အကြာတွင် သူပါဝင်သရုပ်ဆောင်ခဲ့သော “တပြည်သူမရွှေထား” ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆု ရခဲ့သဖြင့် အကယ်ဒမီကျော်သူ ဖြစ်လာသည်။ ဒါရိုက်တာအဖြစ် သူရိုက်ကူးခဲ့သည့် “အမေ့ နို့ဖိုး” ဇာတ်ကားဖြင့် ၂၀၀၃ ခုနှစ်အတွက် ဒါရိုက်တာဆု ရရှိခဲ့သည်။
ယခုအခါ ရုပ်ရှင်လောကတွင် ပိတ်ပင်ခံနေရသော ကျော်သူသည် သူ၏ လူမှုကူညီရေးလုပ်ငန်းကို ယခင်ကထက် အာရုံစိုက်ပြီး လုပ်ကိုင်နေသည်။
ကျော်သူက အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပ အလှူရှင်တို့၏ လှူဒါန်းငွေများဖြင့် ရန်ကုန်မြို့ ဈာပန လုပ်ငန်းများကို အခမဲ့ ကူညီလျက်ရှိသည်။ မင်းသားကျော်သူ၏ အသင်းသည် နေ့စဉ် ရန်ကုန်မှ ဈာပန ၅၀ ခန့်ကို ကူညီသဂြိုဟ်ပေးသည့် လူမှုရေး လုပ်ငန်းကြီး ဖြစ်နေသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အာဏာပိုင်များက ကျော်သူ၏ လှုမှုရေးလုပ်ငန်းများကို အနှောက်အယှက် ပြုလုပ်သည်ဟူသော သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် “သုခ” ဆေးခန်းကို ဖွင့်လှစ်ပြီး လူမှုရေး လုပ်ငန်းများကို တိုးချဲ့လိုက်သည်။
ဤအတောအတွင်း ကျော်သူ ဦးစီးသည့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ကုသိုလ်ဖြစ်ဆေးခန်းသည် ဒေသခံ အာဏာပိုင်တို့၏ ဖိအားပေးခြင်း နှင့် ရင်ဆိုင်နေရသည်။ ထိုဆေးခန်းမှာ တရက်လျှင် လူနာအယောက်၂၀၀ ကျော်ကို အခမဲ့ ကုသပေးနေသော ဆေးခန်းဖြစ်သည်ဟု သိရသည်။
Tuesday, November 3, 2009
မင်းသားကျော်သူ မွေးနေ့ အနုပညာပြပွဲ ကျင်းပ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
November
(167)
- အိုဘဲ့မြန်မာတပ်မတော်သား...အဖေကျော် ပတွေးတော် လွမ်း...
- နိုဝင်ဘာ (၃၀) ၂၀၀၉ သတင်းများ
- အမေမွေးထားတဲ့ မျက်စိပါတာတောင် ကြည့်ခွင့်မရတဲ့နေရာများ
- မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝
- မထသ ဥက္ကဠ ဆက်ကြေးအတောင်းကြမ်း၍ ကားသမားများသည်းညူနေ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြ...
- သောက်ရှက်မရှိတဲ့ မျက်ခွက်နဲ့  အာပုပ်စော်နံ ပါးစပ်က...
- မြန်မာ့ရေတပ်ဆင်းရဲလွန်း၍ ယူနီဖောင်းတောင် မ၀တ်နိုင်
- Gtalk virus
- နောက်တခါလိမ်တာ..ရိုးနေပြီပေါ့
- တယ်လည်း မိုက်ရိုင်းထွားကျိုင်းတာ သန်းရွှေအမျိုး..
- စက်မှုနိုင်ငံထူထောင်တော့မည်။
- အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာ ဒုက္ခသည်များ
- ဗမာ့ကြယ် စာအုပ်စင်
- နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - “O...
- ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂...
- ၀ါရင့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ (သခင်သ...
- သမိုင်းအမှန်ကို သိစေဖို့၊ အပြောနဲ့ လက်တွေ့ ယှဉ်ကြည...
- လုနိုင်မှစားတဲ့ နအဖ သူတောင်းစားဖြစ်နေတာက ပြည်သူ
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှမ်းပြည်နယ်၊ ဖယ်...
- မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာ...
- ဦးခွန်မြင့်ထွန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသား...
- သင့်သွေးလှူခြင်းဖြင့် အသက်ကယ်ပါ။
- ရိုက်စားတွေချည်းနဲ့ မြန်မာပြည်.
- ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ...
- မိုးမခ အထောက်တော် အမှတ် ၀၀၄
- လူကြားတောင် မကောင်းတဲ့ မြန်မာ့သတင်း..
- မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ တရုတ်...
- မတရားဥပဒေ ကျင့်သုံးတဲ့တိုင်းပြည်
- ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြ...
- မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး
- ငါသာ အမိ ငါသာအဖ..
- ကချင်ပြည်နယ် လိမ္မော်ခြံတွေ တရုပ်ပိုင်ရွှေမိုင်းတွေ ...
- ဘဲဥတွေ ဘုရားနဲ့ လုပ်စားနေကြတယ်
- Nov 23 2009 သတင်းစုံ
- ကိုယ်ထူကိုယ်ထ နအဖကို ဒို့ မလို
- ရွှေသာရှိပစေ....နအဖ စစ်တပ်က လက်နက်တောင်ဝယ်ရတယ်...
- အင်တွေ သတိထားကြပါဗျို့ 
- ဦးဝင်းတင် ၊ ဦးအေးသာအောင် (အမျိုးသားဒီမိုကရေစီအဖွ...
- ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်...
- ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေး...
- ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း
- အောင်တင်ဝင်း ဖမ်းဆီးစစ်ဆေးခံနေရပြီ။
- VOICE OF BURMA စာစောင်။..။
- သန်းရွှေရဲ့ ဒံပေါက်နဲ့ ဒေါ်လာနှစ်ရာတန် ဆိုတာ
- ဂျပန်နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုမြန်မာ တိ...
- မတန်မရာ..ဘုရားရူးရူးနေသော အမျိုးယုတ်များ..
- Face book ဆိုတိုင်း မယုံနဲ့ ..
- ကလေးသူငယ် အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ
- ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးေ...
- ဗိုလ်သန်းရွှေ ရဲ့ ရောသမမွှေ ဖန်တီးမှုအသစ်
- Democracy leaders defend 34 Burmese in Indian court
- ဧရာဝတီကို ကယ်တင်ရန် စဉ်းစားသင့်ပြီ
- မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ
- မယ်သန်းရွှေကို စပါးကြီးမြွေ တရစ်ချင်းပတ်နေပါပေါ့
- စာပေချစ်မြတ်နိုးသော ပုဂ္ဂိုလ်များထံသို့ တိုက်တွန်းန...
- ငတ်ကြီးကျ..ခရုခွံတောင် အဆီညှစ်နေတဲ့သူ..
- ဖြူးဆရာတော် အရေးပေါ် ထိုင်းနိုင်ငံတွင် ဆေးကုသမူကို ...
- မြန်မာပြည်ကိုကူညီကြစီု့ 
- Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ
- ★စည်းလုံးခြင်းသည် အင်အား★
- ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်င...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး...
- ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းများ Upload တင်မှြုေ...
- မဃတ+၈၈+ဗကသ မှ ပူးပေါင်း ထုတ်ပြန် ကြေငြာချက်
- ရွှေဂုံတိုင်ကြေညာစာတမ်းကို အကောင်အထည်ဖော်ရေး နှီးနေ...
- ရောက်မဲ့ရက်က..အနီးလေး..
- မှန်ကန်တာပြောတာနဲ့ ...တယောက် အထဲဝင်ရပြန်ပြီပေါ့
- မြန်မာပြည်၏ ငြိမ်းချမ်းရေးမိခင်ကြီး..
- fwd လုပ်ပေးကြပါ ... ကောက်ရထားပါသည်
- မင်းသမီးအိုးလှုပ်ကောင်းတာ..သူတို့ နဲ့ကျ အပျော့ပေါ့..
- အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်
- တယ်ကြောက်ချေးပါတဲ့ အကြီးအကဲ..
- စာဆိုတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ/ပြိုင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌ...
- သူများဆုရရင် မနာလိုတဲ့နအဖ..
- သူ ပိုင် ကိုယ်ပိုင် အနိုင်လုနေတဲ့ ပင်လယ်ပြင် ရေနံေ...
- ခိုးနားထောင်သူတွေ သတိထား..
- အကင်းတွေဘဲတဖြုတ်ဖြုတ်ဗျာ..အမှည့်တွေ ကလောက်ကိုက်နေလ...
- မကောင်းတာမှန်သမျှ ဆိုရင် မြန်မာမပါရင် ပွဲမစည်ဖူး
- 8888 peoplepower Novenber 16 2009
- လူယုတ် ဘလော့မှာ..လူယုတ်များနဲ့ စည်ကားသည်
- ဘာလည်းဟဲ့..ဗိုက်ပြဿနာ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။
- သဘောဖြူဖြူ ကိုကျော်သူ..
- ကြွက်မနိုင် ကျီမီးနဲ့ အရှို့ ခံရပြီ။
- ကျွန်တော်တို့ နိုင်ငံက ဒုက္ခိတခေါင်းရှောင်ကြီးများ
- မိုးသောက်ကြယ်စာကြည့်တိုက် တည်ထောင်ခြင်း(၅)နှစ် ပြည...
- ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ် ညှိနှိုင်းရေး
- ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌထံပေးစာနှင့် အဖွဲ့ချုပ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- တပ်မတော်၏ ဖခင်အစစ်က ဒီမှာ..တခြားကောင်က လူယုတ်မာတွေ...
- ကမ္ဘာကချစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် 
- အကြော်သည်ထမီတောင် မချန်မဲ့ မင်းတြား ငတ်ကြီးကျ
- Myanmar ferry disaster
- ခေါင်းဆောင်ကောင်းတဦး၏ မိန်ခွန်းဆိုတာ..
- အေးလွင် ခြေရှုပ်..ပြောနေတဲ့ အာပုပ်စော်နံပါးစပ်ကြီး..
- VOICE OF BURMA စာစောင်။..။(နိုဝင်ဘာ ၁၅ရက်နေ့)
- ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်တဲ့လေ...
- ဆန်..မရှိ..သောက်စားကြီး..ဖင်ဂေါင်းကြီးနဲ့ နအဖ..
-
▼
November
(167)
No comments:
Post a Comment