Sunday, November 22, 2009

အောင်တင်ဝင်း ဖမ်းဆီးစစ်ဆေးခံနေရပြီ။

ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ

စစ်အဆိုးရ၏ တောင်ဝှေးတစ်ခုဖြစ်သည့် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) ရက်နေ့ အာဘော် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု " မရနိုင် " အစား " ရနိုင် " ဟု ဖော်ပြခြင်းကိစ္စအပြီး ရတနာပုံသတင်းစာမှ ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်အရာရှိ ဦးခင်မောင်စိုးနှင့် ကွန်ပျူတာခန်းမှ ကွန်ပျူတာဆရာ အပါအ၀င် ၀န်ထမ်း (၆)ဦးထက် မနည်းကို စစ်အဆိုးရ ထောက်လှမ်းရေးမှ ပြည်သူ့မျက်ကွယ်တွင် ဖမ်းဆီးစစ်ဆေးနှိပ်စက်လျက်ရှိကြောင်း ပြီးခဲ့သည့် ပို့စ်တွင် ဖော်ပြခဲ့ပါသည်။

ယခုအခါ အဖမ်းဆီးခံ ရတနာပုံသတင်းစာတိုက်၊ ကွန်ပျူတာခန်းမှ ကွန်ပျူတာသမား၏ နာမည်မှာ အောင်တင်ဝင်း ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်