Saturday, November 14, 2009

( န-အ-ဖ ) တို့ ပြောသော တိုးတက်နေသည့် မြန်မာပြည် ။ အပိုင်း (၂၀)

ကျားဖမ်းမယ် ၊ ဆင်ဖမ်းမယ် ၊ အဲဒီလို ပြောပြောပြီး ( ခြင် ) တောင်မိအောင်မဖမ်းနိုင်တဲ့ ၊ န-အ-ဖ အဖွဲ့ ကြီးဟာ ၊ သိပ်ပြီးတိုးတက်လာ နေပါပြီဆိုပြီး မရှက်မကြောက် မီဒီယာ အမျိုး မျိုး ကနေပြီး မနားတမ်းလွှင့် ။ ဗိုလ်ချုပ်မှူးကြီးဆိုသူကလည်း ၊ စက်မှုတော်လှန်ရေးကြီး
လုပ်မယ်လို့  မရှက်မကြောက် အရူးချီးပန်းပြော ။ တကယ်တော့ စက်မှုတော်လှန်ရေး လုပ်ဖို့ ခဏနေပါအုံး ။ မီးတောင်ပုံမှန်မပေးနိုင်သေးပဲ ၊ ဘယ်လို ကြောင်တောင်တောင် စကား ထပြောတယ်မသိ ။ ရူးနေပြီထင်ပါ့ ဗျာ။ ရန်ကုန်မှာ မီးကအလွန်ပျက် ။ မနက်ပျက် ၊ ညပျက် ၊ အချိန်တိုင်းပျက် ။ နောက်ပြီးရှိသေးတယ် ။ မီးလာတော့ volt အားက ၉၀ ။ နဲနဲများတော့ ၁၆၀ ။ မီးပျက်တော့ battery နဲ့  အင်ဗတ်တာ ၀ယ်ရပြီး ။ မီးလာတော့ ဗို့ အားမပြည့်လို့  ၊ မီးအားမြှင့်စက် ၀ယ်ရပြန်တယ် ။ ၀ယ်လိုက်ရတဲ့စက်တွေ ။ မြန်မာတွေလောက် ၊
အိမ်တိုင်း မှာ စက်တွေများတဲ့ တိုင်းပြည် မျိုးတော့ ရှိ ရှိမယ်မထင် ။ အဲဒါကိုပဲ ဗိုလ်ချုပ်ရူးကြီး …အဲလေ …ဗိုလ်ချုပ်မှူးကြီးက ရည်ညွှန်းပြောတာလေလား။
စက်မှုတော်လှန်ရေးဆိုတာ ။ မြန်မာတွေလောက် စက်မှုပစ္စည်း များတဲ့ ၊ စက်ပစ္စည်းတွေအမျိုး စုံသုံးပြီးမှ ဘ၀ရှင်သန်ရတဲ့ လူမျိုးဆိုတာ ။ ကမ္ဘာ ပေါ်မှာ ရှိမယ်လို့ သူလည်းမထင်လို့ ပြော တာဖြစ်မယ် ။ ကြီးလိုက်တဲ့ ဦးနှောက် ။
( စက်မှုတော်လှန်ရေးတဲ့ဟေ့နော် )
ဟုတ်ပါ့ဗျာ ။ မီးပျက်လို့ အိမ်တွေမှာ အလုပ်ရှုပ်နေရသလို ၊ လမ်းတွေပေါ်မှာလည်း အဲ ..အဲဒီ စက်မှု တော်လှန်ရေးအတွက် ၊ Taxi တွေ ၊ ခရီးသည်တင်Bus ကားကြီးတွေ ၊ သူတို့ လည်းအလုပ်ရှုပ်နေကြ တယ် ။
မီးမလာတော့လည်း CNG gasဆိုင်က ၊ ထည့်လို့ မရလို့ ဆိုတာကတစ်မျိုး ။ ဟော.. မီးလာပြန်တော့လည်း pump က ဗို့ အားမပြည့်တဲ့ မီးနဲ့  ၊ pressure ပြည့်အောင် ထည့်မရလို့ တဲ့ဗျား ။ သူတို့ ခမြာ မှာလည်း ၊ စက်မှုတော်လှန်ရေးအတွက် အမြဲတန်းဆိုသလို
ဝီရိယ ရှိရှိနဲ့  gas ဆိုင်ရှေ့မှာ gas ထည့်လို့ ရမဲ့ အချိန်ကို စောင့်နေကြရပြန်သတဲ့ ဗျာ ။

တိုးတက်နေတာ…တိုးတက်နေတာ…. (အဲဒါ စက်မှုတော်လှန်ရေးနော် …)

အပြုသဘောဖြင့်
( အ ဘ ယ )


No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်