Sunday, November 29, 2009

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည်

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ မိုင်သန်းပေါင်း ၉၁ သန်းခန့် ကွာဝေးကာ ရောက်ရှိမှု ဖြစ်စဉ်လာမည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က ပြောပါသည်။

ကမ္ဘာနှင့်နေသည် ပုံမှန်အားဖြင့် မိုင်သန်းပေါင်း ၉၄ သန်းခန့် ကွာဝေး လေ့ရှိပြီး ယခုကဲ့သို့ ပုံမှန်ထက် အနီးဆုံး နေရာသို့ ရောက်ရှိခြင်းမှာ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းနှင့် ဇန်န၀ါရီ လဆန်းပိုင်း တို့တွင် ဖြစ်ပေါ်လေ့ ရှိသည့် အပြင် အဝေးဆုံး နေရာ သို့လည်း ဇူလိုင်လ ပတ်ဝန်းကျင်တွင် ရောက်ရှိ တတ်ကြောင်း သိရှိ ရပါသည်။

''နေနဲ့ကမ္ဘာ အနီးဆုံး ရောက်ရှိမယ့်အချိန်မှာ နေကြတ် မှုဖြစ်စဉ် ဖြစ်ပေါ်မယ်ဆိုရင် အရစ်ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။ နေကြတ်တာက ပုံစံအမျိုးမျိုးနဲ့ ကြတ် နေကြတဲ့အနက် နေနဲ့ကမ္ဘာ အနီးဆုံးနေရာ ရောက်နေကြ တဲ့အချိန်မှာ အရစ်ကြတ်မှု ပုံစံနဲ့ပဲ ဇန်န၀ါရီလ၁၅ ရက်နေ့မှာကြတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နေအရစ်ကြတ်နေတဲ့ အချိန်မှာ နေရဲ့ အလင်းရောင်ကို ကွင်းပုံစံနဲ့ပဲ မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ နေအနီးဆုံး ရောက်ရှိနေတဲ့ ကာလမှာ အာရှတွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာနိုင်ပါတယ်။အထူး သဖြင့် ဥရောပတိုက်နဲ့ အမေရိကတိုက် တို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တွေပါ''ဟု ဦးဇေယျာကိုက ရှင်းပြပါ သည်။

ထို့အပြင် ကမ္ဘာနှင့်နေ အနီးဆုံးကာလသို့ ရောက်ရှိနေ ချိန်တွင် လေထုဖိအားသည် ပြောင်းလဲ လျင်မြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါသည်။

source by : Eleven Media Group

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်