Friday, November 20, 2009

ဧရာဝတီကို ကယ်တင်ရန် စဉ်းစားသင့်ပြီ

ရေနည်း ကာလ ရောက်ရှိ လာသည် နှင့် ဧရာဝတီ မြစ်ကြောင်း အတွင်း ရေကြောင်း ကျပ်တည်း မှုများ စတင် ကြုံတွေ့လာရပြီး ဗန်းမော် အောက်ဘက် ညောင်ပင်သာရွာ အဖြတ်တွင် ရေကြောင်း ကျပ်တည်းမှု အဆိုးဝါး ဆုံး ဖြစ်ကာ အစုန် အဆန် သင်္ဘော အားလုံး သောင် တင် မှုများ ဖြစ်ပေါ် လျက် ရှိကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံ ရှိ မြစ်ကြီး များတွင် ရေနည်း ကာလ အဖြစ် နိုဝင်ဘာ လ ၁၅ ရက်နေ့မှ မေလ ၁၅ ရက် နေ့အထိ ရေအရင်းမြစ် နှင့် မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ သတ်မှတ် ထားသည်။

"မိုးကုန် ကာစပင် ရှိသော်လည်း ဧရာဝတီ မြစ်ကြောင်း အတွင်း ကျပ်တည်းမှုများ စတင် ကြုံတွေ့ လာရ ဧရာဝတီ ကို ကယ်တင်ရန် စဉ်းစားသင့်ပြီ "

မန္တလေး-ဗန်းမော် ပြေးဆွဲ လျက်ရှိသော မော်တော်ဆလင်တစ်ဦး က ''အခုအချိန်မှာရေကြောင်းက မငြိမ်သေးပါဘူး။ ဒါပေမယ့် မြစ်ကြောင်း တစ်လျောက်လုံးမှာ ရေကြောင်း ကျပ်တဲ့ နေရာ ၆ နေရာလောက် ရှိ နေပြီ။ အရင်နှစ်တွေက ရေနည်း ကာလ ဆိုရင် ဇန်န၀ါရီလလောက်မှ ခုလို ရေကြောင်းကျပ်တာတွေ ကြုံ တွေ့ရတာပါ။ အခု ဗန်းမော်အောက် ဘက် ညောင်ပင်သာရွာ အဖြတ် ရေကြောင်းက အဆိုးဆုံးပဲ။ အဲဒီနေ ရာမှာ လေးပေလျော့သုံးပေ တိုးရေ ပဲရှိပြီး အစုန်အဆန် သင်္ဘောအားလုံး သောင်မတင်တာမရှိဘူး။ သင်္ဘော တွေ ရဲ့စက်အားပေါ်မူတည်ပြီး တစ် ညအိပ်ကြာရင် ကြာသွားတတ် တယ်၊၊ တချို့သင်္ဘောတွေကတော့ သောင်တင်ပေမယ့်စက်ရဲ့ အရှိန်နဲ့ သောင်တွေခွဲနိုင်တဲ့အတွက် ခရီးမဖင့် ပါဘူး'' ဟုပြောပြခဲ့သည်။

ယခုနှစ်တွင် မိုးနည်းသော မိုး ရာသီကာလကို ရင်ဆိုင်ခဲ့ရပြီး ယင်း မိုးနည်းမှုသာမက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှု အားနည်းသည့် အတွက်ဖြစ်ပေါ်သော အကျိုးဆက် ကြောင့်လည်း ဧရာဝတီမြစ်တွင် နှစ် စဉ်ကထက် ရေနည်းပါးမှုကို ကြုံတွေ့ နေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် သည် အဓိကအသက်သွေးကြောသ ဖွယ်ပင်ဖြစ်ပြီး အထက်ပိုင်း ဒေသနှင့် အောက်ပိုင်း ဒေသကိုကုန် စည် ကူး သန်းရောင်း ၀ယ်ရေးမှအစ ခရီးသွား လာရေးအထိ ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိကြောင်း၊ မြစ်ကို သဘာ ၀အတိုင်း တည် တံ့ရန်၊ မတိမ်ကော စေရန် ထိန်းသိမ်းခြင်းမှာ အရေးပါ

သဘာဝ ပတ်ဝန်းကျင်အနေ အထားကောင်းမွန်လှသည့် မြန်မာ နိုင်ငံတွင် ယခုအခါ လူတို့၏လုပ်ရပ် အကျိုးဆက်များကြောင့်ပင် သဘာဝ ပတ်ဝန်းကျင် အနေအထားယိုယွင်း ခြင်းများ တွေ့ကြုံလာရရာ ယင်းအထဲ တွင် မြစ်ကြောင်းပြောင်းလဲခြင်းများ သည်အပါအ၀င်ဖြစ်ကြောင်း၊ အထူး သဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသကို အဓိကဆက်သွယ် ပေးရာအသက်သွေးကြော ဧရာဝတီ မြစ်သည်လည်း သဘာဝ ပတ်ဝန်းကျင် ယိုယွင်းစေမှုများကြောင့် ပြောင်း လဲမှုကို တွေ့ကြုံလာရကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

''မြစ်ကြောင်း ပြောင်းလဲလာစေ တာဟာ မြစ်အထက်ပိုင်းမှာ သဘာ ၀ပတ်ဝန်းကျင် အနေအထားကို ထိ ခိုက်လာစေတာကြောင့်ပါ။ သစ်ပင် တွေနည်းလာတာရယ်၊ မြေဆီလွှာ တိုက်စားမှုများလာတာရယ်၊ မြစ်အ နေအထားကို ပျက်ယွင်းလာစေတာ ကလည်း ဒီလို မြစ်ကြောင်း ပြောင်း လဲမှုတွေကို ဖြစ်စေတာပါ''ဟု မြန်မာ နိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌဖြစ် သူ ဦးစိုးညွန့်က သုံးသပ်သည်။

၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ အတွက်မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့များတွင် ၁၂၀ စင်တီမီတာ (လေးပေခန့်)၊မန္တလေးမြို့နှင့်စစ်ကိုင်း မြို့တွင် ၁၈၀စင်တီမီတာ(ခြောက်ပေ ခန့်)၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်း ဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဟင်္သာတမြို့တို့တွင် ၂၄၀ စင်တီမီတာ(ရှစ်ပေခန့်) လက်ရှိ ရေမှတ်များ အောက်ကျဆင်းနိုင် ကြောင်းပါရှိပြီး မြစ်ရေကျဆင်းမှု အရ ရွှေဗန်းမော်ဆိပ်ကမ်းကိုလည်း အောက်ဘက်သုံးမိုင်အကွာရှိတပ် ကလေး ဆိပ်ကမ်းသို့ အောက်တိုဘာ လနောက်ဆုံးပတ်အတွင်းက ပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။

ဗန်းမော်ဆိပ်ကမ်း အဖြစ် အသုံးပြုခဲ့သော ကမ်းပါးနီဆိပ် ကမ်းတွင်သဲသောင်ပြင်များဖြစ် ပေါ်လျက်ရှိသောကြောင့် ရေအရင်း မြစ်နှင့်မြစ် ကြောင်း ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သောင်တူးစက်ဖြင့် သဲများစုပ်ယူလျက်ရှိသည်။

''မြစ်ကြောင်းပြောင်းလဲလာလို့ မနှစ်ကရေနည်းကာလမှာ ဗန်းမော် ဆိပ်ကမ်းကအောက် ၁၀ မိုင်လောက် ဝေးတဲ့ကမ်းပါးနီဆိပ်ကမ်း ကို ပြောင်း အသုံးပြုခဲ့ရတယ်။ ဒီနှစ်တော့ အဲဒီ ကမ်းပါးနီ ဆိပ်ကမ်းအောက်အထိ ပြောင်းလဲဖို့ရှိနေတယ်။ ဒီနှစ်က ရေမအောင်လို့မြစ်ကြောင်း အနေ အထားကနောက်တစ်လလောက် ဆိုရင်ပိုဆိုးနိုင်ပြီးသွားလာဖို့တော်တော် ခက်ခဲသွားနိုင်တယ်။ အခုဆိုရင် မလည်အထက်ဆင်ဒိုး ရွာ မြစ် ကြောင်း၊ မောင်းကုန်းအောက်ဒင်ကြီးကျကျွန်း အထက်လောက်နေရာ၊ ကသာ အောက် အင်းရွာ အထက်ဒေါင်ကြီး ရွာဖြတ်မြစ် ကြောင်း၊ ကသာအထက် နုံးတောင့်နဲ့ ဗန်းမော်အောက် စာဝဒေး ဖြတ်မြစ်ကြောင်းတွေက ဂရုစိုက် မောင်းနှင်ရပြီး ရေကြောင်းမှားရင် သောင်တင်တယ်။ အမှားမခံတော့ ပါဘူး။ ကသာအထက်နုံးတောင့်မှာ မြစ်ကြောင်းကကျဉ်းလည်း ကျဉ်းပြီး ရေအောက်မှာတံစုံး တွေရှိနေ တဲ့ အတွက် အန္တရာယ်များပါတယ်'ဟု မော်တော်ဆလင်တစ်ဦးကဆိုပါသည်။

ဧရာဝတီနဲ့ပတ်သက်လို့ မှတ် တမ်းမှတ်ရာတွေ စနစ်တကျဖြစ်ဖို့ လိုအပ်လာပါပြီ။ ဧရာဝတီဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း စီး ဆင်းမြဲစီးဆင်းခဲ့တယ်။ ခုတော့ စဉ်း စားလာရပြီ။ ဧရာဝတီရဲ့ စီးဆင်း ပုံဟာ မမှန်တော့ပါဘူး။ အရင်က ဒေါသတကြီးစီးဆင်းခဲ့ဖူးတဲ့ ဧရာဝ တီဟာ ခုတော့ အစွယ်ကျိုးနေတဲ့ မြွေတစ်ကောင်လိုပဲ။ အားကုန် မာန် လျော့နေပြီ။

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် သည် အဓိကအသက်သွေးကြောသ ဖွယ်ပင်ဖြစ်ပြီး အထက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသကို ကုန်စည် ကူး သန်းရောင်းဝယ်ရေးမှအစ ခရီးသွား လာရေးအထိ ဆက်သွယ်ချိတ်ဆက် ပေးလျက်ရှိကြောင်း၊ မြစ်ကို သဘာ ၀အတိုင်း တည်တံ့ရန်၊ မတိမ်ကော စေရန် ထိန်းသိမ်းခြင်းမှာ အရေးပါ နေကြောင်း သိရှိရသည်။

''ဧရာဝတီနဲ့ပတ်သက်လို့ မှတ် တမ်းမှတ်ရာတွေ စနစ်တကျဖြစ်ဖို့ လိုအပ်လာပါပြီ။ ဧရာဝတီဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ စနစ် တွေ ဘယ်လိုပြောင်းပြောင်း စီး ဆင်းမြဲစီးဆင်းခဲ့တယ်။ ခုတော့ စဉ်း စားလာရပြီ။ ဧရာဝတီရဲ့ စီးဆင်း ပုံဟာ မမှန်တော့ပါဘူး။ အရင်က ဒေါသတကြီးစီးဆင်းခဲ့ဖူးတဲ့ ဧရာဝ တီဟာ ခုတော့ အစွယ်ကျိုးနေတဲ့ မြွေတစ်ကောင်လိုပဲ။ အားကုန် မာန် လျော့နေပြီ။ ငါးတွေမနေတော့ ဘူး။ မကြည်လင်တော့ဘူး။ ကိုယ်နဲ့မဆိုင် ဘူးပြောလို့မရဘူး။ အားလုံးနဲ့သက် ဆိုင်ပါတယ်။ မြစ်ရေဘယ်မခန်းမ ဟုတ်တော့ဘူး။ မြစ်ရေလည်း ခန်း နိုင်တာပါပဲ။ ဧရာဝတီကို ကယ်တင် ဖို့စဉ်းစားသင့်ပါပြီ''ဟု ဦးစိုးညွန့်က မှတ်ချက်ပြုပါသည်။ ကမ္ဘာတစ်ဝန်း တွင်လည်း သဘာ၀၀န်းကျင်ဆိုင်ရာ အပြောင်းအလဲဖြစ်ပေါ်နေခြင်းများရှိ နေပြီး ယခုအခါတွင် မြစ်အနည်း ငယ်သာယင်းတို့၏ မူလအနေအထား၊ သဘာဝအတိုင်း ပင်လယ်အတွင်းသို့ စီးဝင်ခွင့်ရရှိသည်ဟု သိရသည်။

ပင်လယ်အတွင်းသို့ မူလအ နေအထားအတိုင်း စီးဝင်ခွင့်မရရှိ တော့သည့် မြစ်များတွင် လူများ ပြု ပြင်ဖန်တီးတည်ဆောက်ထားသည့် ဆည်များရှိနေကြပြီး ယင်းဆည်များ သည် မြစ်အထက်ပိုင်းနှင့် အောက် ပိုင်းမှ ဇီဝသတ္တ၀ါများ၏ ရွှေ့ပြောင်း သွားလာမှုကို ပိုင်းခြား ဖြတ်တောက် လိုက်ကာ ငါးမျိုးစိတ်များစွာ ပျက်စီး ဆုံးရှုံးရခြင်းကိုပင် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် မြစ်ကြောင်း ပြောင်းလဲမှုများကို ဧရာဝတီမြစ်အ ပါအ၀င် မြစ်အချို့၌ စတင်တွေ့ကြုံ လာရပြီဖြစ်၍ သဘာဝပတ်ဝန်း ကျင်ယိုယွင်းမှုနှင့် ပတ်သက်၍ ဂရု ပြုရန် လိုအပ်လာပြီဖြစ်သည်ဟု သိ ရှိရသည်။ http://www.hanthawaddy.org/2009/11/blog-post_6807.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်