Monday, November 23, 2009

ကိုယ်ထူကိုယ်ထ နအဖကို ဒို့ မလို

မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ကိုယ့်အားကိုယ်ကိုး သန့်ရှင်းရေးကားများဖြင့်အမှိုက်ကင်းစင်နယ်မြေများ အဖြစ် ဆောင်ရွက်လာ

မုံရွာမြို့ပေါ်ရှိ ရပ်ကွက် အချို့ တွင် ကိုယ့်အား ကိုယ်ကိုး သန့်ရှင်းရေး ကားများဖြင့် အမှိုက် ကင်းစင် နယ်မြေများ အဖြစ် ဆောင်ရွက်လာ ကြကြောင်း သတင်း ရရှိပါသည်။ ''ပွင့်လင်း ရာသီ ရောက်တော့ မီးဘေး အန္တရာယ် စိတ်ချ စေဖို့ အမှိုက် ကင်းစင် နယ်မြေ အဖြစ် စနစ် တကျ ဆောင်ရွက် လာကြ ပါတယ်။ လမ်းတိုင်း အိမ်တိုင်း အမှိုက် ကင်းစင်နေ တော့ မီးဘေး အန္တရာယ် ကာကွယ်ပြီး ကျန်းမာ သန့်ရှင်း ရောဂါ ကင်းစေပါ တယ်။ လောလောဆယ် အနေနဲ့ မုံရွာ မြို့မှာ ဒေါနခြံရပ်ကွက်၊ အောင်မင်္ဂလာ ရပ်ကွက်နဲ့ ရန်ကင်း ရပ်ကွက်တို့ မှာ အမှိုက် ကင်းစင် နယ်မြေအဖြစ် ဆောင်ရွက် နေကြပါတယ်''ဟု မုံရွာမြို့ ရန်ကင်းရပ်ကွက် ဥက္ကဋ္ဌ ဦးသန့်စင်ဦးက ပြောပြသည်။
''စည်ပင်သာယာ အမှိုက်ကား ကတော့ လာပါတယ်။ ဒါပေမယ့် ကျောက်ကာလမ်း တစ်လျောက် မှာပဲ အမှိုက်သိမ်းလာတော့ လမ်းဘေးရပ်ကွက် လမ်းကြားတွေက အမှိုက်စွန့်ပစ်ရတာ အခက်အခဲ ရှိလာတယ်။ အခုလို ကိုယ့်အားကိုယ်ကိုး အမှိုက် ကား၊ အမှိုက်ပစ်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အတွင်း လမ်းမကြီးတွေ တစ်လျောက် လိုက်သိမ်းတော့ ပိုပြီး အဆင်ပြေလာပါတယ်''ဟု မုံရွာမြို့ ရန်ကင်း ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောပြသည်။ http://www.hanthawaddy.org/2009/11/blog-post_23.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်