Thursday, October 8, 2009

အိုဘာမားက သိန်းစိန် မျက်နှာဘယ်လောက်ပြောင်သလည်း ကြည့်ချင်လို့တဲ့

အာဆီယံ ခေါင်းဆောင်များနှင့် အိုဘားမား တွေ့ဆုံမည့် အစီအစဉ်တွင် မြန်မာ ၀န်ကြီးချုပ် တက်ရောက်မည်
Friday, 09 October 2009 10:48 ခိုင်နိုင်လင်း .၀၉ ၊ အောက်တိုဘာ ၊ ၂၀၀၉

နိုဝင်ဘာလထဲတွင် ကျင်းပမည့် အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံပွဲသို့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဟု ChannelNews Asia သတင်းတွင် ဖေါ်ပြထားသည်။

ကနဦး သတင်းများအရ မြန်မာစစ်အစိုးရ တာဝန်ရှိသူများတက်ရောက်မည်ဟု မထင်ကြောင်းအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ဂစ်က ယနေ့မနက် အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တစ်ဦး တက်ရောက်မည် ဟု နေပြည်တော်မှ သတင်းထုတ်ပြန် ခဲ့သည်။
အာရှ – ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (APEC) အစည်းအဝေးကို စင်္ကာပူတွင် နိုဝင်ဘာလလယ်၌ ကျင်းပချိန်တွင် သမ္မတ အိုဘားမားက အာဆီယံခေါင်းဆောင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်သည်။
ရခိုင်သတင်းမှ

ယခင်လက မြန်မာစစ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်သူ သိပ္ပံ နှင့်နည်းပညာဝန်ကြီး ဦးသောင်းသည် အမေရိကန်နိုင်ငံ နယူးယောက်၌ အာရှ-ပစိဖိတ် ရေးရာဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် အမေရိကန် သမ္မတတစ်ဦးနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမည့် မြန်မာ စစ်ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်