မင်းကိုနိုင် ရေးသားသည့် နောက်ကြည့်မှန် ၀တ္တုထုတ်ဝေ
ရဲရင့် / ၁၉ အောက်တိုဘာ ၂၀၀၉
.
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို အခြေခံပြီး မင်းကိုနိုင် ရေးသားသည့် “နောက်ကြည့်မှန်” လုံးချင်းဝတ္ထု ကို ယမန်နေ့က ကျရောက်သည့် စာရေးသူ၏မွေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီက ဂုဏ်ပြုထုတ်ဝေဖြန့်ချိလိုက်သည်။
နအဖအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တဦး ဖြစ်သူ မင်းကိုနိုင်၏ စာပေအနုပညာအလင်းရောင်များကို ပြည်သူများထံ ဖြန့်ကြက်သွားစေရန်အတွက် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်ဟု အေအေပီပီက ပြောသည်။
အဖွဲ့၏တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “သူက နိုင်ငံရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်နေပေမယ့် သူ့မှာ အနုပညာဖန်တီးမှု အတော်ကြီးပါတယ်။ သူ့ဝတ္ထုကို နောက်ကြည့်မှန်ဆိုပြီး နာမည်ပေးထားတယ်။ အချစ်ဝတ္ထု ရသဆန်ဆန်လေး ရေးထားတယ်။ ဒါပေမယ့် သူဖြတ်သန်းတဲ့ခေတ် ၁၉၈၈ လှုပ်ရှားမှုကြီးကိုအခြေခံပြီး သူဖန်တီးတာပါ။ ဒီဝတ္ထုမျိုးက မြန်မာပြည်မှာ ဆင်ဆာရမယ့်ဟာမျိုးမဟုတ်ဘူး။ သူ့ရဲ့အနုပညာ ဖန်တီးမှုကို မပျောက်ပျက်ရအောင် ဒီလိုပုံစံမျိုးနဲ့ ဒီစာအုပ်ကို ထုတ်ရတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အေအေပီပီမှ ကမကထပြု၍ မင်းကိုနိုင်၏ (၄၇) နှစ်မြောက်မွေးနေ့ပွဲကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မင်းကိုနိုင်သည် ပထမအကြိမ် ထောင်ထဲတွင် (၁၆) နှစ် ကြာနေခဲ့ရကာ ထောင်မှပြန်ထွက်လာပြီး နောက်ပိုင်း နောက်ဆုတ်သွားခြင်းမရှိဘဲ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ယခင်ကဲ့သို့ သပိတ်မှောက် ကျောင်းသား အဆင့်မဟုတ်တော့ဘဲ နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည့် အမျိုးသား သွေးစည်း ညီညွတ်ရေးကို တစိုက်မတ်မတ် ပြောဆိုလုပ်ဆောင်လာခဲ့သည်။ မင်းကိုနိုင်ကို နအဖက ဖမ်းဆီးထားခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ ယနေ့ပွဲမှာ
မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုကျင်းပခြင်းဖြစ်သည်ဟု မွေးနေ့ပွဲအပြီးတွင် ဦးဘိုကြည်က ပြောသည်။
နောက်ကြည့်မှန် လုံးချင်းဝတ္ထုသည် စာမျက်နှာ (၁၇၁) မျက်နှာပါရှိပြီး အလိုရှိသူများ ထိုင်းနိုင်ငံအတွင်း စာပို့ခ အပါအ၀င် ဘတ် (၁၂၀) နှင့် အခြားပြည်ပနိုင်ငံများသို့ စာပို့ခအပါအ၀င် အမေရိကန် (၁၅) ဒေါ်လာဖြင့် စာတိုက်သေတ္တာအမှတ် (၉၃) မဲဆောက်စာတိုက် ထိုင်းနိုင်ငံ စာပို့သင်္ကေတ (၆၃,၁၁၀) သို့ ဆက်သွယ် မှာယူနိုင်သည်။
အဘ ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည်တို့မှ မင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒအဓိကဖြင့် စတင်ပညာသင်ကြားခဲ့ကာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။
၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို စစ်အစိုးရက ဖမ်းဆီးပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ (၁၉) ရက်တွင် ထောင်မှပြန်လွတ်ခဲ့သည်။ ထို့နောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်တွင် ပြန်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည်။
၁၉၉၉ ခုနှစ်က ကိုမင်းကိုနိုင်သည် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသည်။
မင်းကိုနိုင် နောက်ဆုံးရရှိသည့်ဆုမှာ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုဖြစ်သည်။ http://www.khitpyaing.org/news/Oct09/191009a.php
Monday, October 19, 2009
နောက်ကြည့်မှန်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- မိတော့နေပြီ..ကွိကနဲ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment