Tuesday, October 20, 2009

သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိဟု သတင်းထွက်နေ
Posted: 20 Oct 2009 09:29 AM PDT
freedom news group
ယခုရက်ပိုင်းအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်လိမ့်မည် ဆိုသောသတင်းများ လက်ခံရရှိထားတာကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ကွက်ကဲမှုဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ လေဆိပ်လုံခြုံရေးအား အထူးကြပ်မတ် လုပ်ဆောင်လျက်ရှိသည်။
ခရီးသည်များအပါအဝင် လေဆိပ်အတွင်း အဝင်အထွက် ပြုလုပ်သူများအား အထူးစောင့်ကြည့် လျှက်ရှိပြီး မသင်္ကာဖွယ်ရာ လူဟုယူဆပါက သက်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများထံ ချက်ချင်း သတင်းပို့ရန် လေဆိပ်ဝန်ထမ်းများအား ညွှန်ကြားထားကြောင်း သိရှိရပါတယ်။

အလားတူယခု လဆန်းပိုင်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း လုပ်ကြံခံရနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာတာကြောင့် ကြောက်လန့်ပြီး၊ ခရီးစဉ်အား ခေတ္တ ရွှေ့ဆိုင်းထားကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ သတင်းရရှိပါတယ်။

အဲဒီ လုပ်ကြံ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်နေသူတွေဟာ ဘယ်သူတွေဆိုတာကိုတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကိုယ်တိုင် တိတိကျကျ စုံစမ်း မသိရှိရသေးတာကြောင့် ရန်ကုန်တိုင်း အတွက် အဓိက လုံခြုံရေးတာဝန်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်တို့အား နေပြည်တော်စစ်ဌာနချုပ်မှ ဖိအားပေး ခိုင်းစေလျှက်ရှိကြောင်း သတင်းများကြားသိရပါတယ်။
လေးစားစွာဖြင့်၊
သူရဲကောင်း
( ၂၀-၁၀-၂၀၀၉ )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်