Friday, October 9, 2009

အညတရသူရဲကောင်းတယောက်အကြောင်း

မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
2.10.09 (2:28)AM

သူ့နာမည်ကလွင်ကိုလတ်။ဒါပေမယ့်သူငယ်ချင်းများကတော့ဝင်းကိုကြီးလို့ပဲခေါ်ကြသည်။သူ့အသက်က(၃၂)နှစ်။အသားညိုညို၊ အရပ်က မနိမ့်မမြင့်နှင့်လွယ်အိတ်တလုံးကိုပုခုံးထက်တွင်အမြဲလွယ်ထားတတ်သူ။စကားကနည်းနည်းအေးတိအေးစက်နှင့်မျက်နှာကတော့အမြဲပြုံးနေတတ်သူ။သူ့ပုံစံကိုရုတ်တရက်ကြည့်လျှင်စာရေးဆရာတယောက်ဟုထင်ရပေမယ့်တကယ်တမ်းတော့သူကစာရေးဆရာမဟုတ်။အမှန်တရားကိုသာအမြဲပြောချင်သူ၊အမှန်တရားဘက်အမြဲရပ်ချင်သူ၊မတရားမှုကိုတွန်းလှန်လိုသောသမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးသာဖြစ်သည်။

သူ့အသက်အရွယ်နှင့်ကျောင်းသားဘ၀မှာပင်ဘာကြောင့်ရှိနေသေးသလဲဆိုတော့အကြောင်းကရှိသည်။ကျောင်းသားဘ၀ကိုအလွန်မက် မောတွယ်တာသူဖြစ်ပြီးမျိုးဆက်သစ်များအားသမဂ္ဂစိတ်ဓါတ်အမွေပေးလိုရ်ျစာတော်ပါလျက်ကယ်နှင့်နှစ်စဉ်နှစ်တိုင်းစာမေးပွဲမဖြေပဲတမင်အကျခံနေခြင်းသာဖြစ်သည်။သူ့အရည်အချင်းအားသိသောသူ့ဌာနမှူးမှခုံနံပါတ်တော့လာတပ်သွားပါအအောင်ပေးပါ့မယ်ဟုပြောတာတောင်ခုံနံပါတ်လေးပင်သွားမတက်ပဲအရှေ့ပိုင်းတက္ကသိုလ်၏ကျောင်းအရေးကိစ္စများတွင်တက်တက်ကြွကြွပါဝင်သူအဖြစ်ကျောင်းသားကျောင်းသူများကသာမကဆရာဆရာမများနှင့်ဌာနမှုးများအထိပါမသိသူမရှိပေ။

ကျောင်းအာဏာပိုင်များ၏မတရားစည်းကမ်းကြောင့်ကျောင်းထုတ်ခံရသော၊ကျောင်းနားခံရသောကျောင်းသားကျောင်းသူများကိုသူကဦးဆောင်ရ်ျစိတ်ရောကိုယ်ပါသိသိမသိသိလိုက်ပါဆောင်ရွက်ပေးလေ့ရှိခြင်းကြောင့်တကျောင်းလုံးရှိကျောင်းသားကျောင်းသူများ၏ရိုသေလေးစားမှုကိုအခံရဆုံးသောကျောင်းသားတဦးလည်းဖြစ်သည်။ကျောင်းအာဏာပိုင်များနှင့်မကြာခဏပြသနာတက်လေ့ရှိသောသူ့အားမြို့နယ်မှထောက်လှမ်းရေးများကသတိထားမိလာချိန်တွင်တော့သူ့နောက်မှအရိပ်လိုတကောက်ပါအောင်လိုက်ပါတော့သည်။သူ့ခြေလှမ်းအမှားကိုကျားချောင်းချောင်းနေသောထောက်လှမ်းရေးများကတကြိမ်တွင်မတော့ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရန်အထက်ဗမာပြည်မှကျောင်းသားကိုယ်စားလှယ်တစ်ဦးနှင့်ဆက်သွယ်ကြိုးပမ်းနေခြင်းအားစုံစမ်းသိရှိသွားတော့သည်။

ထို့နောက်(၂၀၀၃)ခုနှစ်စက်တင်ဘာလတွင်မတရားအသင်းဖွဲ့စည်းတည်ထောင်ရန်ကြိုးစားမှု၊နိုင်ငံတော်ပုန်ကန်မှုစသည့်အမှုပေါင်းများစွာနှင့်ထောက်လှမ်းရေးမှဖမ်းဆီးတော့သည်။သူ့ကိုဖမ်းဆီးတော့မည်ကိုကြိုသိနေသော်လည်းထွက်မပြေးပဲရဲဘော်ရဲဘက်များနှင့်တွေ့ဆုံပြီးမှာကြားသင့်သည်များမှာကြားသွားခဲ့သေးသည်။သူအဖမ်းမခံရသေးမီဖမ်းတော့မည်ဟုသတင်းထွက်နေစဉ်ကာလကတည်းကအိမ်ကိုမပြန်တော့ပဲသူငယ်ချင်းတယောက်အိမ်တွင်နေထိုင်ရင်းလုပ်ဆောင်စရာရှိသည်များကိုပြီးပြတ်သွားအောင်လုပ်ဆောင်ခဲ့သောအာဂလူတော်တယောက်ဖြစ်သည်။အဖမ်းခံရမည့်ညက၄င်းသူငယ်ချင်းအိမ်မှညနှစ်နာရီထိုးကြီးတွင်အားလုံးဝိုင်းတားနေသည့်ကြားမှအမေ့ကိုစိတ်ပူလို့ဟုပြောပြီးထွက်သွားခဲ့သည်။

ထောက်လှမ်းရေးမှထိုညခုနှစ်နာရီခန့်ကပင်သူ့အိမ်ဝန်းကျင်တွင်ကင်းပုန်းဝပ်နေရာယူပြီးဖမ်းဆီးရန်စောင့်နေခဲ့သဖြင့်“ဒီညသားအိမ်ပြန်မလာပါစေနှင့်”ဟုထိုင်ဆုတောင်းနေခဲ့သောသူ့မိခင်၏ဆုတောင်းကားမပြည့်ခဲ့ရှာပေ။အမေကိုစိတ်ပူရ်ျပြန်သွားခဲ့သောအမေချစ်သားတယောက်၊တိုင်းပြည်ကိုချစ်သောကျောင်းသားတယောက်မှာကျားပါးစပ်ထက်ဆိုးသောစစ်ထောက်များ၏လက်အောက်သို့ မတရားသည့် ပုဒ်မများစွာနှင့် ကျရောက်ခဲ့ ရရှာသည်။

အဖမ်းဆီးခံရပြီးရုံးထုတ်ရာတလျှောက်တွင်လည်းယခုကာလကဲ့သို့မီဒီယာအားမကောင်းခဲ့ခြင်းကြောင့်မည်သူမျှမသိလိုက်ပါပဲမတရားဖမ်းဆီးထောင်ချခြင်းကိုခံလိုက်ရသည်။စစ်အစိုးရတရားရုံးမှသူ့အားနိုင်ငံတော်ပုန်ကန်မှု ၅/ည ဖြင့် တရားစွဲဆိုပြီးထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခဲ့သည်။

ထောင်ချခံရပြီးတနှစ်ကျော်ကာလအတွင်းအင်းစိန်ထောင်အတွင်းနေစဉ်တလျှောက်လုံးတွင်အကြိမ်ကြိမ်တိုက်ပိတ်ခံခဲ့ရသေးသည်။အမှန်တရားအတွက်စိတ်ဓါတ်ပြင်းထန်လွန်းသူကိုဝင်းကိုမှာနောက်ဆုံးအကြိမ်တိုက်ပတ်ခံရချိန်တွင်အစာငတ်ခံဆန္ဒပြမှုနှင့်ထောင်တွင်းတရားရုံးကနောက်ထပ်၊ထပ်တိုးထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရပြီးစုစုပေါင်းထောင်ဒဏ်ကိုးနှစ်အပြစ်ပေးခံခဲ့ရကာရာသီဥတုကြမ်းတမ်းသောနယ်ထောင်သို့ပြောင်းရွေ့ခြင်းကိုလဲခံခဲ့ရသည်။မိသားစုမှထောင်ဝင်စာမှန်မှန်တွေ့ခွင့်မရပဲမည်သည့်ထောင်သို့ပြောင်းရွေ့ခဲ့သည်ကိုလဲမသိခဲ့ရပေ။ကျန်းမာရေးအခြေအနေကောင်းမကောင်းသိဖို့ဝေးစွသူသက်ရှိထင်ရှားရှိနေသေးသည်ကိုသိနေရခြင်းကပင်အတော်ကံကောင်းသည်ဟုမှတ်ယူရတော့မည့်အနေအထားဖြစ်သည်။

ကိုဝင်းကိုနှင့်အတူအမှုတတွဲတည်းထောင်ချခံရသူများမှာဗ.က.သ(ဗမာနိုင်ငံလုံးတဆိုင်ရာကျောင်းသားသမဂ္ဂ)မှကိုနန္ဒာစစ်အောင် တယောက်သာစုံစမ်းသိရှိရသည်။အဖမ်းခံရစဉ်ကဘီဘီစီသတင်းကြေငြာချက်တွင်တခေါက်သာပါဝင်ပြီးနောက်ပိုင်းတွင်အမေ့ ခံဘ၀သို့ ရောက်ရှိသွားတော့ သည်။

ဆဲဗင်းဂျူလိုင်(7)julyအရေးအခင်းကိုနားထောင်သူမျက်ရည်ဝွဲလောက်အောင်ပြောတတ်သူ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ချေဂွေဗားရား ကို အားကျသူ၊ဒေါ်အောင်ဆန်းစုကြည်အားအန်တီစု၊အန်တီစုနှင့်လေးစားချစ်ခင်သ၊ူသမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးမှာမြန်မာပြည်ရှိထောင်များထဲမှထောင်တွင်းတနေရာတွင်အမေ့ခံဘ၀ဖြင့်မတရားမှုအားဆက်လက်တွန်းလှန်နေသေးကြောင်း……….

(`ဤ စာစုဖြင့် အမေ့ ခံဘ၀နှင့် ပေးဆပ်ခဲ့ ကြသောအညတရသူရဲကောင်းများအားဦးညွှတ်ပါသည်)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်