Tuesday, 13 October 2009 10:45 Thet Thet Tun
နိုဗယ်ဆုရွေးချယ်ရေးကော်မီတီက အမေရိကန်သမ္မတ ဘာရက်အိုမားအား နိုဗယ်ဆုချီးမြှင်ကြောင်း ကြေငြာလိုက်သောအခါ ရွေးချယ်ခံရသော အိုဘားမာအပါအ၀င် တကမ္ဘာလုံးက အံ့သြသွားခဲ့ကြသည်။ နိုဗယ်ဆု၏ ရလဒ်အား တုံပြန်လိုက်သော အိုဘားမား၏ အဖွင့်မိန့် ခွန်းတွင် ၄င်းက အံအားသင့်မိသည်နှင့် တချိန်တည်းမှာပင် နိုဗယ်ဆုသည် မိမိနှင့် ထိုက်တန်သည်ဟု မထင်မိကြောင်း ပြောကြားခဲ့သည်။ ချီးမြှင့်လိုက်သော နိုဗယ်ဆုကြောင့် အိုဘားမားသည် နောင်လုပ်မည့် နိုင်ငံရေးဆုံးဖြတ်ချက်နှင့် လုပ်ကိုင်ဆောင်ရွက်ချက်များကို သတိကြီးစွာ ထားရတော့မည်မှာ အသေအချာ ဖြစ်သည်။ နိုဗယ်ဆုပေးပြီး ဆက်တိုက် ထွက်ပေါ်လာသောသတင်းများတွင်လည်း အိုဘားမား၏ နိုဗယ်ဆုအား သို့ လောသို့ လော တွေးစရာများ ပါဝင်နေကြသည်။ နိုဗယ်ဆုပေးလိုက်ခြင်းသည်လုပ်ဆောင်ပြခဲ့သော ကိစ္စရပ်များကို ကာယကံရှင်အား တဖက်မှ အားပေးချီးမြှင့်ထားခြင်း ဖြစ်သလို တဖက်မှလည်း အလားတူလုပ်ရပ်များအား ဆက်လက်လုပ်ဆောင်သွားစေရန် တိုက်တွန်းထားသော အသံမဲ့ ရုပ်ဝတ္ထုတန်ဆာ တမျိုးဖြစ်သည်။
အတိုက်အခိုက်များနှင့် စတင်ခဲ့သော ၂၁ရာစု
ပွဲဦးထွက်မကောင်းသော၂၁ရာစုသည် အမေရိကန်နှင့် မူစလင်နိုင်ငံများအကြား သွေးထွက်သံယိုဇာတ်လမ်းများနှင့် အစပြုခဲ့သည်။ ကံခေသော ဘွတ်ရှ်သညှ် သမ္မတရာထူးကို ရရှိပြီး မကြာခင်မှာပင် ကမ္ဘာ့ ကုန်သွယ်ရေးအဆောက်အအုံနှင့် အမေရိကန်စစ်ဌာနချုပ်အား မထင်မှတ်ပဲ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့်ပင် ဘွတ်ရှ်ဦးဆောင်သော အမေရိကန်အစိုးရသည် နိုင်ငံတော်လက်တုံ့ ပြန်မှုဆိုသော စကားလုံးကို ဆွဲကိုင်ကာ လက်သည်တရားခံဟု ယူဆရသော ဘင်လာဒင်နေထိုင်သည့် အာဖဂနုစ္စတန်ကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ခဲ့သည်။ အမေရိကန်၏ စစ်ရေးအာဏာချဲ့ ထွင်ခြင်းမှာ အာဖဂန်ကိုဝင်ရောက်တိုက်ခိုက်ပြီးရုံနှင့် ရပ်တန့် မနေပါ။ အမေရိကန်သည် အာဖဂန်ပြီးသည့်နောက် အခြားသော ၀င်ရောက်နိုင်မည့်နိုင်ငံများကို နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေးခဲ့ကြသည်။သတင်းဌာနများက နုကလီယားကိစ္စပြောလေတိုင်း အီရန်၊ အီရတ်၊ နှင့် မြောက်ကိုရီးယားတို့ သည် ထိပ်ဆုံးမှ ပါဝင်ခဲ့သောနိုင်ငံများ ဖြစ်ကြသည်။ နာမည်ဆိုးဖြင့် ကြော်ကြားသော အဆိုပါနိုင်ငံများ နုကလီးယားလက်နက်ပိုင်ဆိုင်ခြင်းကို အမေရိကန်အစိုးရအဖွဲ့ က ကန့် သတ်ထိမ်းချုပ်ရန်ကြိုးစားခြင်းနေချိန်တွင် အမေရိကန် ၏နောက်ထပ်ပစ်မှတ်ဖြစ်ခဲ့ရသောနိုင်ငံမှာ အီရတ်ဖြစ်သည်။ အီရတ်ကို စစ်ရေးအရ၀င်ရောက်ခြင်းသည် အမေရိကန်တို့ ထင်သလောက်မလွယ်ကူခဲ့ခြေ၊ နှစ်ဦးနှစ်ဖက် အသေအကြေများလှသော အမေရိကန်၊ အီရတ်စစ်ပွဲမှာ ထင်သလောက် ခရီးမပေါက်သည့်အပြင် စစ်ပမ်းလာသည့် အမေရိကန်ပြည်သူတို့ စတင်ညီးညူစိတ်ပျက်လာခြင်းဖြစ်သည်။
အသေအကြေများလှသော အမေရိကန်၊အီရတ် စစ်ပွဲ
အမေရိကန်၊အီရတ်စစ်ပွဲ စတင်ချိန်မှ ယနေ့ အချိန်အထိ ကျဆုံးသွားခဲ့သော အမေရိကန်စစ်သားမှာ ၄၃၄၉ ယောက်ရှိခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းနှင့် အခြားမဟာမိတ်နိုင်ငံများမှ အကျအဆုံးများကိုပါထည့်တွက်မည်ဆိုလျှင် (၄၆၆၇ယောက်) ရှိခဲ့ပြီ ဖြစ်သည်။ ဒါဏ်ရာရသူစုစုပေါင်းမှာ (၁၀၀၀၀၀)ခန့် ရှိသည်ဟု စစ်ဆန့် ကျင်ရေးအဖွဲ့ အစည်းတစ်ခုက ခန့် မှန်းထားပြီး တရားဝင်မှတ်တမ်းများအရ (၃၁၅၂ရ)ယောက်ရှိပြီဖြစ်သည်။အီရတ်အမေရိကန်စစ်ပွဲတွင် သေဆုံးနှင့် ဒါဏ်ရာရသူများအပြင် အခြားသောအရေးတကြီး ထည့်တွက်ရမည့် ကိစ္စမှာ ထင်မှတ်ထားသည့်ထက် တုံလှုပ်ခြောက်ခြားဖွယ်ရာဖြစ်သည်။ ၂၀၀၈ခုနှစ် ဧပြီလ(၁၇)ရက်စွဲဖြင့် ရေးသားထားသော သတင်းတစ်ပုဒ်တွင် အာဖဂန်နှင့် အီရတ်တို့ တွင် တာဝန်ကျနေသော၊ ကျခဲ့ဘူးသော အမေရိကန်စစ်သား (၃၀၀၀၀၀) ခန့် မှာ စိတ်ဓါတ်ကျသောရောဂါကို ခံစားနေခဲ့ရပြီး (၃၂၀၀၀၀)ခန့်မှာဦးခေါင်းဒါဏ်ရာရခဲ့သည်ဟုမှတ်တမ်းတင်ဖေါ်
ပြထားသည်။
အိုဘားမားတက်လာပြီးနောက်
သမ္မတအိုဘားမားတက်လာခြင်းဖြင့် အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အပြောင်းအလဲတစ်ခု မလွဲမသွေ ဖြစ်ရတော့မည်ဟု အမေရိကန်ပြည်သူများနှင့်အတူ အများက အားကိုးတကြီး ၀ိုင်းဝန်းမျှော်လင့်ခဲ့ကြသည်။ မျှော်လင့်ထားသကဲ့သို့ ပင် အိုဘားမားသည် တာဝန်များကို လက်လွှဲယူပြီးချိန်မှ အစပြုကာ အရေးကြီးသော နိုင်ငံရေး၊ ပြည်တွင်းရေး၊ စီးပွားရေး အပြောင်းအလွဲများကုဖြစ်ပေါ်စေမည့် ဆုံးဖြတ်ချက်များ ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့သည်။ သို့ သော်လည်း အိုဘားမား၏ ဆုံးဖြတ်ချက်အချို့ မှာ အတိုက်အခံ နိုင်ငံရေးသမားများ အပါအ၀င်လေ့ လာစောင့်ကြည့်သူ များအတွက် အငြင်းပွားစရာ၊ဖြစ်ခဲ့ရသည်။ ထိုဆုံးဖြတ်ချက်များထဲမှ အရေးကြီးသော ဆုံးဖြတ်ချက်မှာ အမေရိကန်တပ်များကို မပြီးဆုံးသေးသော စစ်မြေပြင်များမှပြန်လည်ခေါ်ယူလာရေး ဖြစ်သည်။ လျှင်မြန်သော ဝေဖန်သံများ ပေါ်ထွက်လာသည်နှင့် တပြိုင်တည်းမှာပင် အိုဘားမား၏ အကြံပေးအရာရှိများနှင့် အခြားသော နိုင်ငံရေးကျွမ်းကျင်သူများကပြန်လည်စဉ်းစားပါရန်အိုဘားမားအားတိုက်တွန်းခဲ့သည်။
အမေရိကန်ပြည်သူများကိုရွေးကောက်ပွဲကာလအတွင်းက ပေးခဲ့သော အမေရိကန်စစ်သည်တော်များ ကို စစ်မြေပြင်မှ အပြီးတိုင်ပြန်ခေါ်ပါမည် ဆိုသော ကတိသည် ထိုဝေဖန်သံများအကြား မှေးမှိန်ခဲ့လေပြီ။
စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဖိအားပေးထားသောနိုဗယ်ဆု
နိုဗယ်ဆုပေးသော သတင်းထွက်ပေါ်လာသောအချိန်တွင် လူအများက အံအားတသင့်ပြောကြားခဲ့သောစကားများမှာ အိုဘားမားသည် ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးရလောက်အောင် ဘာတွေများလုပ်ခဲ့ပြီးပြီလဲ ဆိုသောမေးခွန်းမျိုးဖြစ်သည်။ အကယ်၍ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ထိုက်သင့်သလောက် မလုပ်ရသေးပါက လုပ်ပြစေရန် အများက မျှော်လင့်စောင့်စား နေကြသည်။ အချို့ သတင်းစာများက ကမ္ဘာကြီးအတွက် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ထွက်လာရန်
မျှော်လင့်စောင့်စားလျှက်ရှိနေကြောင်း သမ္မတကြီးအား ဖိအားပေးရေးသားနေချိန်တွင် အမေရိကန်သတင်းဌာန
အချို့ ကလည်း အမေရိကန်တပ်များကို အိမ်ပြန်လာခဲ့ရန် ခေါ်မည်ဆိုပါလျှင် သောင်းကျန်းသူတို့ အောင်ပွဲ
ခံသွားလိမ့်မည် ဖြစ်ကြောင်း သတိပေးနေကြသည်။ သို့ သော်လည်း စစ်ပန်းနေပြီဖြစ်သော အမေရိကန်တပ်များနှင့် အမေရိကန်ပြည်သူတို့ ၏ လိုလားချက်ကို ဖြည့်စွမ်းပေါ်ရန် ကတိက၀တ်ပြုထားခဲ့သော သမ္မတကြီးသည် မူလက ပေးထားခဲ့သော ကတိကို ဖျက်ပြစ်ရန် နောက်ဆံတင်းနေမည်မှာ အသေအချာဖြစ်သည်။အများနည်းတူ နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့ က မြင်လိုသော ကမ္ဘာကြီးအတွက် စစ်မှန်သော ငြိမ်းချမ်းရေးဆိုသည်မှာ စစ်သွေးကြွအုပ်စုများကို အမြစ်ပြတ်ချေမှုန်းရေးအပြင် ရာစုနှစ်ထက်ဝက်ကျော် မက ကြာမြင့်နေပြီဖြစ်သော အရှေ့ အလယ်ပိုင်းဒေသ အရေးပင် ဖြစ်သည်ဟု ထင်မြင်ချက်ပေးသည်။ သို့ သော် စစ်သွေးကြွအုပ်စုများကို အမြစ်ပြတ်ချေမှုန်းရေးဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်ကြောင်း ဘာသာရေး၊လူမျိုးရေး၊ နိုင်ငံရေးအရှုတ်အထွေးများကို ကြုံဘူးသူတိုင်း သိကြပါသည်။ ထို့ ထက်ပိုမို ခက်ခဲသည်မှာ ဘယ်သောအခါကမှ မငြိမ်းချမ်းနိုင်ခဲ့သော
အရှေ့ အလယ်ပိုင်းဒေသကို ပြန်လည်ငြိမ်းချမ်းလာစေရန်လုပ်ဆောင်ရေးဖြစ်သည်။နိုင်ငံရေးနားလည်ကျွမ်းကျင်သူများ၊ သမိုင်းအတွေ့  အကြုံရှိသူများ အနေနှင့် အရှေ့ အလယ်ပိုင်းဒေသ၏ ပြဿနာ အတိမ်အနက်ကို ခန့် မှန်းသိရှိကြပါသည်။ သမ္မတကြီးသည် ယခုအချိန်တွင် ငြိမ်းချမ်းရေးအရယူရေးနှင့် အမေရိကန်ပြည်သူတို့ ၏ သဘောဆန္ဒများအကြား ဗျာများနေမည်ထက်၊ အမှန်တကယ် ငြိမ်းချမ်းလာစေရန် မည်သို့ လုပ်မည်ဆိုသည်ကို ပို၍လေးလေးနက်နက်စဉ်းစားရတော့မည်ဖြစ်သည်။
ရရှိခဲ့သောငြိမ်းချမ်းရေးနိုဗယ်ဆုအတွက်ထိုက်တန်သော လုပ်ဆောင်မှု တစ်ခုခု ကို သမ္မတသက်တမ်းမကုန်ဆုံးခင်စပ်ကြား လုပ်ဆောင်ပြရတော့မည်မှာ မလွဲဧကန်ဖြစ်သည်။
မှတ်ချက်၊ ဤဆောင်းပါးသည် ဘာသာပြန်မဟုတ်ပါ။ သတင်းအချက်အလက်များကို မီငြမ်းကိုးကားရေးသားထားသော စာရေးသူ၏ အာဘော်သာဖြစ်သည်။
source: google news
http://www.yeyintnge.com/2009/10/blog-post_14.html ကိုရဲရင့်ဆီက ပါဗျ
Thursday, October 15, 2009
သွေးအေးနေတဲ့သူ...ဆူနိုးလာအောင် မော်နီတာခန့် အပ်ခြင်း..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment