Serious Thinking
2009/9/27 ရက်စွဲနဲ့ စာဖတ်သူတဦးရဲ့ အကြံပြုချက်ကို အခြေပြုပြီး ဆွေးနွေးတင်ပြလိုက်ပါတယ်။ အမည်နဲ့ email လိပ်စာကိုတော့ လျှို့ဝှက်ထားပါတယ်။
စာဖတ်သူတဦးထံမှ အကြံပြုစာ
"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။ ဒါပေမယ့် ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆ မှားကြီး ကလည်း လူတိုင်း မှာရှိနေတာတော့ မကောင်းဘူးဗျာ။ အရည်အချင်းရှိတဲ့ ပညာရှင်တွေ ပေါ်ထွက်လာကြပါစေဗျာ။ ဒီလို မေးတွေပို့မဲ့အ စား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"
Serious Thinking မှ ပြန်ကြားချက်
အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစု အကျိုးရှိမယ့် ဘယ်လို အကြောင်းအရာမျိုး ပို့သင့် တယ် ဆိုတာ အကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့် နည်းပညာ ပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။
လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြမှာပါ။ စာတော်သူတိုင်း ဆရာဝန်သာ ဖြစ်ရ မယ်ဆိုတဲ့ အယူအဆကိုလဲ လူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲလက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာ နှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှကောင်းစားကြမှာပါ။ လွယ်ကူတဲ့အဖြေမရှိဘူး ဆိုတာတော့ ကြိုပြောထားပါရစေ။
မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။ အမေရိကန်ရဲ့နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ .... အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာ အောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော် များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ ပညာရှင်အထိ တွေ့ရပါတယ်။ ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။
တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊ သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။ အာဏာပိုင်အဖွဲ့အစည်းကအစ အရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt) တဲ့ စစ်ဗိုလ် တယောက်လောက်၊ အကောက်ခွန် ၀န်ထမ်းလောက်၊ ဓါတ်ဆီဆိုင် ၀န်ထမ်းလောက် အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။
ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့ အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချို့ဆရာဝန်လေးတွေဆို အစိုးရပေးတဲ့ တလ ၈၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာ ဆေးခန်းကို ပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခ ဟာ မနေ့ကကျောင်းဆင်းတဲ့ စစ်တိုက်စရာမလိုတဲ့ ဗိုလ်တယောက်ရဲ့ လခထက် နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။
လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကို လုံးစေ့ပတ်စေ့ နားမလည်တဲ့ စစ်ဗိုလ်တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲ အရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။
ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကို မြင်နိုင်လောက်ပြီထင်ပါတယ်။
လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။
စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ် (Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေ မကောင်းရင်ပြည်ပမှာ အလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။
သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကို စာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့ အခြေအနေမရှိတော့ပါဘူး။ ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက် နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေက ပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ...... စဉ်းစားလို့ရပါတယ်။
အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက် ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment) ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။
တိုင်းပြည်မှာ စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကို ပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီး အန္တရာယ်ကြားက ဖြန့်ဝေနေတာပါ။ ဒါဟာလဲ ပညာပေးတာပါပဲ။ ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။ မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။
တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာ တတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင် ပြုပြင်တာ နိုင်ငံရေးပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။
နိုင်ငံတကာမှာ management, public administration, psychology စတဲ့ အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထားသင်ကြားပါတယ်။
ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။
http://gtuonlinefriends.ning.com/forum/topics/2660565:Topic:318449
Wednesday, October 14, 2009
မြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေအပေါ် ထင်မြင်သုံးသပ်ဆွေးနွေးချက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- မိတော့နေပြီ..ကွိကနဲ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment