Wednesday, October 21, 2009
အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့  ဆွေးနွေးပွဲကိုထောက်ခံပွဲ သံလျှင်မှာ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကလူထုအစည်းအဝေးပွဲပုံစံကျင်းပ
၂၀၁၀ နိမိတ်
မျှားတွေကို
အယုံသွင်း
လှ့ည်ဖျားပြီးသတ်ဖို့
ပစ်မှတ်ကိုသူတို့ခေါ်သွားကြပြီ
အယုံလွယ်တဲ့မျှားတွေအဖြစ်က
ပစ်မှတ်မှာဦးခေါင်းနှစ်ပြီး
သေရစ်ကြပေတော့. . . . .။ ( မီးဒုတ် )
အောက်တိုဘာလ ၁၈ရက် နေ့နံနက်ပိုင်းမှာ ရန်ကုန်တိုင်း သံလျှင်မြို့နယ် ဗိုလ်ချုပ်နေ၀င်းလမ်း ထန်းပင်ကုန်း ရပ်ကွက် အိမ်အမှတ် (၁၅၀) ဖို့မြေ မှတ်တိုင်အနီးက အဲ့ဒီအိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့  ဆွေးနွေးပွဲကိုထောက်ခံပွဲ ဆိုပြီး ဆိုင်းဘုတ် အနီနဲ့ အကြီးကြီးတင်ထားပါတယ်
ကျင်းပတဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ)ကသူတွေရဲ့စည်းရုံးရေး လုပ်ကြတာပါ လူထုအစည်းအဝေးပွဲပုံစံ လုပ်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကြိုဆို ထောက်ခံတဲ့ ပွဲလို့ ကျင်းပတဲ့သူ့ လူဘောင်သစ်ဒီမိုကရက် တစ် ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကပြောပါတယ်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာကို အစိုးရက အခု ထိ ပါတီတရားဝင်ဖွဲ့ စည်း ခွင့် ပေးတာမဟုတ်ပဲနဲ့ ရဲတွေ မီးသတ်တွေ SB တွေအစောင့် အရှောက်နဲ့ ဒီပွဲကိုလုပ်ခဲ့တာ လို့သိရပါ တယ်။
သူတို့ လူ့ ဘောင်သစ်မှာအရင်ကလူ့ ဘောင်သစ်ကဘက်ပြောင်းလာတဲ့(ဖောက်ပြန်ရေးသမား)ဇင်အောင်ဆို တဲ့ သူကဦးဆောင်ပြီး လုပ် တာပါ ဇင်အောင်နဲ့ 88 ကအေးလွင်နဲ့ ပါတနာ ဖြစ်ပြီးဖေါက်ပြန်ရေးသမားဖြစ်ကြောင်း ဇင်အောင်ကအခုသန်လျင်ကတောင် မပြန် တော့ ဘူး။ သန်လျင်က ပါကြီး ဆိုသူ အမှုပွဲစားနဲ့ ချိတ်ပြီး လှုပ်ရှားနေတာ ပါကြီးနာမည်အရင်းကိုတော့ တိတိကျကျ မသိရသေး ပါဘူး။ ပါကြိးဆိုသူရဲ့ အိမ်လိပ်စာကတော့ အိမ်နံပါတ်စုံစမ်းဆဲပါ။ နေတာက ဗိုလ်ချုပ်ကျေးရွာ သဲတန်းပိုင်း၊သန်လျင်မြို့ နယ် ဖြစ်ပါတယ် ။
ကျင်းပတဲ့ အဲဒီပွဲကိုလာကြတဲ့ လူတွေကိုသူတို့ ပါတီရဲ့ ကဒ်တွေလုပ်ပေးတယ် ၊ပါတီဝင်ရင်တယောက်ကို ငါးထောင် ပေးပါတယ်။ အများ အားဖြင့် အခမ်းအနားကိုတက်ရောက်လာသူတွေက သန်လျင်က ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုက်ကားသမားတွေနဲ့ ရပ်ကွက်ထဲက အလုပ်လက်မဲ့ အချို့ လာရောက်ခဲ့တာလို့ အဲ့ဒီပွဲကနေပြန်လာတဲ့ ဆိုက်ကားဆရာကပြောပြတယ် ၊ “ ဒီနေ့မနက် ဂိတ်မှာ လူစုပြီး သွားကြတယ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပေါ့ လူထု သဘောထားထောက်ခံပေးရမယ် လို့ပြောလို့ရယ် (၅၀၀၀) ဆီရမယ် ဆိုတာလဲပါတယ်ဗျာ အဲ့ဒါကြောင့်သွားလိုက်တာ ပါ ” ဒီအခမ်းအနားမှာ သတင်းပေး အမှုပွဲစား ပါကြီးဆိုသူကလဲ လူများကိုရှာဖွေစည်းရုံး ပေးထားကြောင်းသိရပါတယ်။
အဲ့ဒီအခမ်းအနားကိုနယ်မြေရဲတွေကိုတိုင် ဦးဆောင်ပြီးစောင့် ရှောက်ပေးခဲ့တယ် ထို့အပြင့် သန်လျင်(SB) ရဲထောက်လှမ်းရေး ( ၂ ) ဦးကအဓိကစီစဉ်ပေးတယ် လုံခြုံရေးကအစသူတို့ကြီးကြပ်ပေးနေတာတွေ့ရတယ်။ အဲ့ဒီနှစ်ဦးထဲက ( SB ) တစ်ဦးရဲအမည် နဲ့ လိပ်စာကတော့ အမှတ် 31 ဟံသာဝတိလမ်း မြို့သစ်အရှေ့ အောင်လင်းဥိး သန်လျင် SB ပဲဖြစ်ပါတယ်။ အဲဒီထောက်လှမ်း ရေးရဲ့ အိမ်လိပ်စာ အတိအကျပါ ။
ဒီအခမ်းအနား ပွဲမကျင်းပခင် ရက်တပတ်ခန့်ကသန်လျင်က မြိုမတောင်ရပ်ကွက်ထဲမှာ သတင်းပေးပါကြီးရယ် ကိုဇင်အောင်ရယ် ဦးဆောင်တဲ့ အဖွဲ့ က(လူရှစ်ယောက်လောက်ရှိတယ်) တအိမ်တက် တအိမ်ဆင်း စည်းရုံးရေး လုပ်ကြပါတယ်။ ပြီးတော့ မှဒီပွဲကိုလုပ်တာ ကိုဇင်အောင့် သားကကျောင်းသား(နိုင်ငံရေး)အမှုတစ်ခုနဲ့ အခုထောင်ထဲ မှာ အနှစ်နှစ်ဆယ်ကျနေပါတယ် ။ ဘယ်အဖွဲ့ ကလဲမသိရ သေးပဲ လှုပ်ရှားမှုတခုမှာ ကျသွားတာလို့ ကြားသိရပါတယ် နာမည် နဲ့ သူရှိနေတဲ့ ထောင်ကိုတော့စုံစမ်းဆဲပါ ။
ကိုဇင်အောင်တို့ လူ့ ဘောင်သစ်(မြန်မာပြည်)ကသူတွေက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းနက်ဝေါ့ နဲ့ မဟာမိတ် လုပ်ထားပြီး (၀ါဒ)
ဖြန့်နေကြောင်း ၊ အဲဒီတသီးပုဂ္ဂလကိုယ်စားလှယ်လောင်းနက်ဝေါ့ ကိုဦးဆောင်ဖွဲ့ တဲ့ လူကမှော်ဘီ မြို့ နယ်က နေမျိုးဝေ ဆိုတဲ့ လူက သူဦးဆောင်ပြီး 2010 ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ၀င်အရွေးခံမယ့် လူတွေကို အစုအဖွဲ့ လုပ်ပေးထားတာ နေမျိုးဝေမှာ ဘလော့  တခု ရှိပါတယ် ။ သမိုင်းကြောင်းနဲ့ ခေတ်အဆက်ဆက်ကို မမှီလိုက် သူတွေအတွက် အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေအတွက် ဦးတည် ရေးသားပြီး လက်ညိုးထိုးနိုင်ငံရေးသမားလုပ် နေကြောင်း ကိုတွေ့ရပါတယ်။ အဲ့ဒီဝက်ဆိုက်ကနေ အပြန်အလှန်အနေနဲ့ နေမျိုးဝေ ရဲ့ ဘလော့ မှာ ကိုဇင်အောင် နဲ့ ပါကြီး တို့ လူ့ ဘောင်သစ်ပါတီရဲ့ မူဝါဒတွေကိုတင်ပေးတယ်။ သူတို့ မဟာမိတ်လုပ်ထားတဲ့ အတွက်လူ့ ဘောင်သစ်ရဲ့ စည်းရုံးရေးပွဲတွေမှာ နေမျိုးဝေတို့ တသီးပုဂ္ဂလကို ၀င်ရောက်စည်းရုံးခွင့် အပြန်အလှန်ပေးနေကြတယ်လို့ သိရပါတယ်။
ကြေငြာစာတမ်းပါ အချက်အလက်တွေ မပြုပြင်သမျှ ၂၀၁၀ ကို ကန့်ကွက်ကြလို့ပြောတဲ့အပေါ် အားပြိုင်မှုတစ်ခု လဲ ဖြစ်မယ်လို့ ထင်တယ် (ဒါကလွတ်လပ်စွာ အမြင်ပါ တစ်ဦးထဲရဲ့အမြင်ပါ )
ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ ပြည်တွင်း လက်ရှိအနေအထားအရ ၈၈ ကိုမမှီလိုက်သူတွေဟာ ယနေ့ အသက် ( ၂၀ ) ကျော်နေပါပြီ ၊
ဒီမျိုးစက်သစ်တွေကို ပြည်တွင်းကဖောက်ပြန်ရေးသမား တွေက သူတို့ကိုသူတို့ ၈၈ ပါ လူဘောင်သစ်ပါ ဆိုပြီး သူတို့လိုရာဝါဒ မှိုင်း တိုက် နေတာတွေလည်းတွေရပါတယ် ။ ဥပမာ (နေမျိုးဝေ) လို ဟာမျိုးတွေ ပြန်ရှင်းနေဖို့မလိုပေမယ့် သတိထားရမယ် ၊ ပြင်ဆင်သင့် တာတွေ ကို မကြာခင်မှာ ၂၀၁၀ အတွက် အရာ ရာပြင်ဆင်နိုင်ဖို့ ပြည်သူတစ်ရပ်လုံးကလည်း (မိမိဘ၀ မိမိ ရှာဖွေထားတဲ့ပစ္စည်း နောက်ဆုံး မိမိနဲ့ မိမိပါတ်ဝန်းကျင် အတွက် ဘယ်လိုမှ အာမခံချက်မရှိနိုင်တဲ့ ၂၀၀၈ ဥပဒေ ကို ကန့်ကွက်ကြဖို့ အလေးအနက် စဉ်းစားကြပါ စိတ်ကူး ယဉ် ခြင်းသည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာအာဏာရှင် ဟာ ထင်ထားသ လိုမဟုတ် သူအာဏာဘက်က ရပ်မည် မှအပ အခြားမရှိ သောကြောင့် ) ဒီ ၂၀၁၀ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ကြေငြာစာတမ်းနှင့်အတူ တကွ ရပ်တည်လိုက်ကြပါစို့လို့ တင်ပြလိုက်ပါတယ်
No comments:
Post a Comment
ယခင် သတင်းများ ဖတ်ရန်