Tuesday, October 27, 2009

မျက်လှည့်ပြကောင်းတာ..နအဖ...

ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်တဲ့ လေးဆူဓါတ်ပုံ..မြန်မာ့ကြက်သရေဆောင်ရွှေတိဂုံဘုရားရဲ့ ပုံတော်ပါ

ရွှေတိဂုံဘုရားကြီးမှာ ဗိုလ်ချုပ်ခင်ညွန့် လက် ထက်က လုံးတော်ပြည့် ရွှေပြား ကပ်ပြီး ကြောင်း ကြေငြာချက် ထုတ်ခဲ့ ပါသည်။ ဤပုံကိုကြည့်ပါ..
သစ်စေးရာမရှိ..ဆေးညိုရောင်မရှိသော စေတီတော်ကြီး၏ ပုံ (အထက်)
ယခုအခါ စေတီတော် ၏ အောက်ခြေ နေရာ ပတ်လည်တွင် အလှုရှင် နာမည် ကဗျည်း ရေးထိုးထားသော ရွှေပြားများ မရှိတော့ပါ။ ( န-အ-ဖ ) ဘာလုပ်လိုက်သလဲ ။ ဓါတ်ပုံ များအား ယှဉ်ကြည့်ပါ။ ရွှေပြားကပ်ထားသောနေရာတွင် မူလီစုပ်ထားခဲ့ဖူးသော အကွက်များ မူလီရာများ ကို သာ မြင်တွေ့ ရပြီး ။ အထက်ဘက်ရွှေပြားများ ကဲ့သို့  အလှူရှင် နာမည် ဆောက်ဖြင့် ကဗျည်း ရေးတိုး ထားသော ရွှေ ပြားများ မရှိ တော့ကြောင်း ကို ဓါတ်ပုံ များအား အနီးကပ် ပုံ ကြီး ချဲ့  ကြည့် လျှင် မြင်ရပါမည် ။
ဤ ခေါင်းလောင်းမှောက် အောက်ခြေ လုံးပတ်နေရာမှ ရွှေပြားအရေအတွက်သည်..အဆင့်တူ..အပေါ်ရှူးသွားသော စေတီတော်၏ရွှေပြားများထက် အရေအတွက် ပိုများပါသည်။ (ပင်မ အောက်ခြေဖြစ်သောကြောင့်)

အညို အနုရောင် အရစ်တွင် ရွှေပြား ၃ ဆင့်။ အညို အရင့်ရောင် အဆင့်တွင်ရွှေပြား ၄ဆင့် ထို အောက်အဆင့်တွင် ၆ဆင့် ထိုအောက်တွင်..ဒီထက် များသောရွှေပြားများ..အထက်ပစ္စယံ လူသွားစင်္ကြန်အထိ..ရွှေပြားတွေ ချထားပါသည်..???? (စာဖတ်သူများ..ကိုယ်တိုင် မျက်စေ့ဖြင့်ရေတွက်နိုင်ပါသည်)။ဤ တန်နဲ့ ချီသော..ရွှေပြားတွေ ဘယ်ရောက်သွားပါသနည်း.)


ဤနေရာအောက်ခြေ လူမြင်သောနေရာမှ.. ရွှေပြား အလှူရှင်များသည်.. ကြီးကြီးမာစတာများသာ (ဖြစ်နေဆဲ ။ ဖြစ်ခဲ့ဘူးသူများ) ဖြစ်ကြပါသည်။ (မိမိနာမည် သူများမြင်စေရန်..သူထက်နေရာဦးရခဲ့ ဘူးသူတွေဖြစ်ပါသည်)
မိမိ အလှုရွှေပြားမရှိတော့သောအခါ.. သူတို့ ဘယ်လိုခံစားရပါသလည်း..
အခု ရွှေပြားခိုးသော လုပ်ရပ်သည်..လက်တလောဖြစ်ပျက်သော အရေးအခင်းသာဖြစ်သည်။
ပြီးခဲ့သော လကမှ..စေတီတော်ကို လက်တလောငြမ်းဆင်ပြီး..ရွှေခွ့ာခြင်း ဖြစ်၏။ အောက်ပါ ဓါတ်ပုံများကို ဆက်ကြည့်ပါ။

စေတီပေါ်တွင် အလုပ်လုပ်နေသောလူများကို အဝေးကပင် မြင်နိုင်ပါတယ်။
အရင် တလောကလေးကမှ ရွှေရောင် တ၀င်းဝင်းနှင့် ရွှေအပြည့်စေတီကြီးမှာ မျက်လှည့်ပြလိုက်သလို ချက်ခြင်းဘဲ လုံးပတ်တော် တ၀ိုက်က ၀င်းလက်နေတဲ့ ရွှေပြားတွေ ရုတ်ချည်း ပျောက်သွားခဲ့ပြီး တောက..ဘုရားအိုကြီး လို စေတီအောက်ခြေတစ်ခုလုံး ညိုမဲ သွားတာပါ။.

အခုလတ်တလော မြင်ရတဲ့ပုံ..ကဒီလိုပါ။
ဒီလို ဘယ်သူလုပ်နိုင်ပါသလည်း...ဘယ်သူအာဏာရှိပါသလည်း.

ဘယ်သူက အများလှူသော အလှူကို ကြက်သရေ အယုတ်ခံ ခိုးရဲပါသလည်း..အဖြေက တခုဘဲရှိပါတယ်။

သူကလွဲ ဘယ်သူရှိမလည်း..

ဒေးဗစ်ကောပါးဖီး က ကမ္ဘာကျော်မျက်လှည့်ဆရာကြီးပါ. ကျွန်းတကျွန်းလုံး ဖျောက်ပြတယ်။ ဆင်ကြီးတကောင်လုံး ဖျောက်ပြတယ်။ ဂရိတ်ဝေါကို ဖောက်ဝင်ပြတယ်။ စွမ်းတယ်ပေါ့ဗျာ..
ဒေးဗစ်ကောပါဖီးက..လေယာဉ်ပျံကြီးတခုလုံးကို ကြည့်သူတွေ ရှေ့တင် ဘဲဖျောက်ပြဖူးပါတယ်..

နအဖကတော့.ရွှေတိဂုံက ရွှေပြားတွေ ဖျောက်ပြတယ်ခင်ဗျ။.

ဒေးဗစ် ကောပါဖီးက..လေယာဉ်ပျံကို ဖျောက်ပြပြီး ပြန်ဖော်ပြတယ်. နအဖ က ရွှေပြားတွေ ပြန်ခေါ်...ပြန်ဖော်မပြဖူး..
ရေအဆုံး..ကုန်းတစ်ဝက်ဆိုတဲ့ စကားမှားတယ်..ဘဲ.. နအဖဘုံးရင်...အဆုံးဘဲဗျို့ 
လုံးလုံးပျောက်သွားပြီ...
အို အို.... တယ်တော်တာလား..တယ်ရှော်တာလား တယ် ဆော်လှချည်လား..

မှတ်ချက်...ဒီရွှေပြားတွေ အရည်ပျော်..ဒေါ်လာဖြစ်ချင်လည်း ဖြစ်မည်။. ဘရူးနိုင်းစော်ဘွားကို အားကျ.ပြီး အီးအီးပါ တိုင်ရန် ကမုတ်ကို..ဘုရင်ရူးကြီး က ဒီရွှေနဲ့  လုပ်ချှင်လည်း လုပ်မည်။
အချို့ ကလည်း..သေပြည်တော်က..သန်းရွှေကောင်းမှု အမည်ခံ ရွှေတိဂုံ အတု မှာ..တတ်ထားရန်ဟု ပြောကြသည်။ သတင်းစာအစောင်စောင်တွေ အလှူခံသော်လည်း. သူ့ ဘုရားကို မည်သူမှ မလှူကြသောကြောင့်ဟု ဆိုပါသည်။

အချို့ ကလည်း..သန်းရွှေ၏ ရွှေတိဂုံ အတု ဘုရားကို မှာ..ရွှေတိဂုံ ဘုရားဓါတ်ကူုးရန် လူရူး ဘိုးတော်၏အကြံကို ယူပြီး လုပ်သည် ဟု ပြောကြသည်.
အသေးစိတ်အား.မည်သူမှ မသိပါ။
မည်သို့ ပင်ဖြစ်စေ..ခိုးမှု သည် ခိုးမှုသာ ဖြစ်၏
ရွှေပြားပျောက်သွားသည် ကအများမျက်မြင်သက်သေဖြစ်ပါသည်။ ရွှေပြားတချပ်သည်..အလေးချိန် ငါးကျပ်သား အနည်းဆုံးရှိပါသည်။
ရွှေပြားမည်မျှ ခွါသွားသည်..တန်ဘိုး မည်မျှ တန်ဖိုးရှိ ကြောင်း မိမိဖာသာတွက်ချက် ကြည့်ရှူကြပါကုန်။

5 comments:

Saw said...

ဒီကိစ္စဟာ အမျိုးဘာသာသာသနာကို ထပ်ဆင့် စော်ကားလိုက်တဲ့ လုပ်ရပ်မို့ ဆက်ဖြန့်ဝေကြဖို့။ လူထုထဲကို တတ်နိုင်မျှချပြကြဖို့ နှိုးဆော်ပါတယ်ဗျို့။

wraith said...

အာ .. ဟုတ်လို့လားဗျာ ..
အခုမှ ကျွန်တော် ရန်ကုန်က ပြန်လာတာပါ .. နောက်ပြီး နေပြည်တော်မှာ ၁၀ရက်နေခဲ့တာပါ ..
မဟုတ်သေးဘူးထင်တယ် ...
သေချာ ပြန်စုံစမ်းကြပါဦး ..
ရွှေတိဂုံဘုရားတော့ မလုပ်လောက်ဘူးထင်ပါတယ် .. သူတို့လဲ ဘယ်လောက်မိုက်မိုက် အဲ့လောက် အသိဥာဏ် မခေါင်းပါးဘူး ထင်ပါရဲ့ .. လူတိုင်း ဗုဒ္ဒဘာသာဝင်တိုင်း ငရဲကြောက်ကြတာချည်းပဲကို ..
အဲ့လိုပြောလို့ ဘုန်းကြီးကိစ္စကို လက်ညှိုးထိုးပြမယ်ဆိုရင်ဖြင့် .. ရှေးမြန်မာမင်းတွေဖြစ်တဲ့ ဦးအောင်ဇေယျတို့ကို ပြန်ကြည့်ကြရမယ်ထင်တယ် .. ကျွန်တော် ဘက်လိုက်ပြီးပြောတာမဟုတ်ပါဘူးဗျာ .. ကျွန်တော်က ဘယ်သူ့ဘက်တော်သားမှလဲ မဟုတ်ရပါဘူး .. ဒါပေမယ့် အခုကိစ္စကတော့ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရ တွေ့ခဲ့ရတဲ့ ကိစ္စဆိုတော့ .. အင်းး .. သေချာ ပြန်စုံစမ်းကြည့်ပါဦးဗျာ .. ။ :o)

MrDice said...

သောက်ရူး ထပြီး လျှောက်လျှောက် မပြောနဲ့.။ ဒီလောက် ယတြာချေ။ ဒီလောက် ကြောက်တတ်တဲ့ကောင်တွေ လုပ်ရဲ ပါ့မလား။ အဲဒါ နှစ်တိုင်း ရီနယူး လုပ်နေကြ။ မမ ဘလော့ဂ်က ရွှေတိဂုံ အလှုခံပုံးများလိုဖြစ်နေမယ်။ ငါ ၉၆ ကျောင်းသားဟောင်း ဒီမို ဘက်တော်သား။

အ ဘ ။ said...

ခွေးသား သန်းရွှေ နဲ. နအဖ ကတော. သံယာတော် တွေတောင် သတ်မှတော. ရွှေပြားခွာ တာလောက်က စာရင်းထဲ ရှိမယ် မထင်ဘူး ။ ။မြန်မာ ပြည်ဒုက္ခရောက် အုန်းမယ် ။

Maung said...

Mr Dice, although you pretend to be a human being , you sound like you are one of the military dogs. Especially the term " Demo " is only used by those S.H.I.T eating military sons of bitches.

Post a Comment

ယခင် သတင်းများ ဖတ်ရန်