လူထုစိန်ဝင်း
''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။ နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင် ရေးချင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမှာပေါ့။
''ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ''
လူငယ်လေးက တော်တော်ခံပြင်းပုံ ရပါတယ်။ ကိစ္စ မရှိပါဘူး။ လူတွေက အတုံးအ,အတွေမှ မဟုတ်တာ။ စာတစ်ပိုဒ် ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လို အတန်းအစားကလူလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာစာဖတ် ပရိသတ်က''နောကြေ''ပြီးသား ပရိသတ်ပါ။
အင်တာနက်ကျေးဇူးလူငယ်တွေ အများစုကလည်း ပြန်ရေးနေစရာ မလိုပါဘူးလို့ သဘောတူကြပါတယ်။ ''ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကိုဝိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ''
လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါ တယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေး ဆရာတွေ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ဝမ်းသာစရာကောင်းလှတယ်။ စာရေးတဲ့ အလုပ်ကို စာရေးဆရာတွေပဲ အပိုင်စီးထားလို့ မရတော့ ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ် လွတ်လပ်လပ်ချက်ချင်းလက်ငင်းဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။
အနာပေါ်တုတ်ကျကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက ''မျောက်ပြဆန်တောင်း'' လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေ လုပ်လုပ်ဘာမှ ဝင်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ် အမျိုးမျိုးထောင်ပြီး အင်ဂျီအို လုပ်စားလာကြတာ အတော်လေး များလာတာ တွေ့မြင်နေလို့
ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်း ကြသူတွေကို မျောက်အဖြစ် ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်း သိနေတာကိုး။
ကိုယ့်ထမင်းကိုယ်စား လုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှု အသင်းတွေလို၊ စေတနာ စာသင်ကျောင်းတွေလို အမှတ်တကယ် ပရဟိတ အလုပ်လုပ်ကိုင်နေသူများ ဆီကတော့ ''အနာပေါ်တုတ်ကျသံတွေ'' လုံးဝ မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့် လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း
ကိုယ့်ထမင်းချိုင့်လေး ကိုယ်စွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာ ဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းကြီးဟာ မန္တလေး မြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံ အဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေး ကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းတွေထိ
တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေ အားလုံး ကိုယ့်ထမင်းချိုင့်လေး ကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မစိုရ်အသင်းကြီးကို အတုယူ တည်ထောင်ခဲ့ပြီး ဗြဟ္မစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီး ဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းကြီက အမှုဆောင် အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံး အနှံ့ရှိနေတဲ့ နာရေးကူညီမှု အသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ဝင်လုပ်နေကြတာပါ။ ကြည်ညိုစရာ ကောင်းလှပါတယ်။
သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာခေတ်ပျက်သူဌေးမျိုးအနာပေါ်တုတ်ကျ လို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့ မလိုလို့မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာ သမားပီပီ၊ သွယ်ဝိုက်မနေဘဲတိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေး ပါတယ်။ တချို့ဆိုရင် အားနာမနေဘဲပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ ''ရက်ဘတ္တလာ''လို နိုင်ငံရေး အချောင်သမားမျိုးပါ။
စက်ဆုပ်စရာ အီလစ်တွေရက်ဘတ္တလာ ဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ အမေရိကန် ပြည်တွင်းစစ်ကြီး အတွင်းမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့်၊ တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူ ဖြစ်ပါတယ်။ ''ဘယ်သူသေသေ ငတေမာပြီး ရော''ဆိုတဲ့ စက်ဆုပ်စရာ လူစားမျိုးပါ။ မြို့ကြီးသားရေပေါ်ဆီ လူတန်းစား ''အီလစ်'' Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူ တို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာဖြစ်တယ်။လူအကွေ့အကောက်တွေမြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်။ သဘောထားကြီးတယ် ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ် ရွေးချယ်မှုရှိပါတယ်။ ရက်ဘတ္တလာလို ''ငတေ'' တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး သတင်းစာသမားမှာ ပြည်သူလူထုမျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ အားနာထောက်ထားတဲ့ စိတ်မရှိရပါဘူး။ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့ လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်း မှန်ရင် အမှန်နဲ့ အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာ ဖြစ်တယ်။ အဓမ္မဝါဒမှန်ရင် ဘယ်လို မျက်နှာဖုံး စွပ်ထားတဲ့ အဓမ္မဝါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲဖြစ်တယ်။ ''မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့အဓမ္မဝါဒ''ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ဝတ္တရားကျေမှာပါ။ လူထုစိန်ဝင်း (၈-၁ဝ-ဝ၉)
Tuesday, October 20, 2009
ရေးချိန်တန်က ရေးရမှာပဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- မိတော့နေပြီ..ကွိကနဲ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment