Sunday, September 6, 2009

Burma VJ ကိုကြည့်ဖြစ်အောင်ကြည့်..နအဖ၏ သရုပ်မှန်

ကျွန်ုပ်ယခုရေးသားလိုက်သော မြန်မာစာကို သင်ဖတ်ရှုနိုင်သေးလျှင် ယခုကျွန်ုပ်ပေးပို့ လိုက်သော Burma VJ ဟု ပြည်တွင်း/ပ မှ မြန်မာမီဒီယာသူရဲကောင်းများက အမည်ပေးထားသော မှတ်တမ်းတင်ဗီဒီယိုတွင်ပါရှိသော အဖြစ်အပျက်များသည် သင် နှင့်သက်ဆိုင်နေသေးသည်ဟု ကျွန်ုပ်လေးစားစွာဖြင့်အသိပေးအပ်ပါသည်။

Mediafire Links
BurmaVJ 1

BurmaVJ 2

BurmaVJ 3

BurmaVJ 4

BurmaVJ 5

BurmaVJ 6

BurmaVJ 7

BurmaVJ 8

BurmaVJ 9

ကျွန်ပ်သည် မြန်မာနိုင်ငံတွင်မွေးဖွားကြီးပြင်းခဲ့သော လူမျိုးခြားတစ်ဦးဖြစ်ပါ၏။
ကျွန်ပ်သည် နိုင်ငံရေးသမားတစ်ဦး မဟုတ်သည်တော့ သေချာပါ၏။
ဒါပေမည့် ကျွန်ပ်သည် အမိမြန်မာနိုင်ငံတော်ကို ချစ်၏။ ကျွန်ပ်သည် မြန်မာနိုင်ငံသားများကိုလည်း ချစ်၏။ ကျွန်ပ်သည် အမှန်တရားကိုလည်း ပို၍ပို၍ ချစ်မြတ်နိုးပါ၏။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတစ်ဦးအဖြစ်မွေးဖွားလာခြင်းကို အသက်ထက်ဆုံးဂုဏ်ယူနေပါ၏။
ဗုဒ္ဓဘုရား၏အဆုံးအမနှင့်အညီ သည်းခံခြင်းတရားကိုလက်ကိုင်ထားတတ်သော မြန်မာနိုင်ငံသားများကို ထိပါး ချင်တိုင်းထိပါး စော်ကားနေသော ဒီအစိုးရ၊ ယခု ကျွန်ပ်တို့၏ယုံကြည်ကိုးကွယ်ရာဖြစ်သော အရှင် သံဃာတော် များ နှင့် ဘာသာတရားကို ပါထိပါးစော်ကားလာနေပြီ။(နအဖအလိုတော်ကြီးများအားရည်ရွယ်ပါ၏)ဒါကြောင့် ဒီလိုအသိပညာ၊ဘာသာတရားလုံးဝမရှိတဲ့ နအဖအစိုးရဟာ ကျွန်ပ်တို့  မြန်မာနိုင်ငံတော်ကြီး၏ ခေါင်းဆောင် ကောင်း များ ဘယ်လိုနည်းနှင့်မျှဖြစ်မလာနိုင်တော့ကြောင်းကို သင်တို့ သိသင့်သောအချိန်တန်ပါပြီ။(နိုင်ငံအရပ်ရပ်သို့ ရောက်နေကြပြီဖြစ်သော မျိုးချစ်စိတ်ရှိသောမြန်မာများအားရည်ရွယ်ပါ၏)မြန်မာနိုင်ငံကိုပြန်၊ လမ်းမပေါ်ထွက်ပြီး ဒို့ အရေးလို့ အော်မှနိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။သင်ဘာလုပ်ပေးချင်သလဲဆိုတာနဲ့ ၊ သင်ဘာလုပ်ပေးနိုင်သလဲဆိုတာကိုသာ သေသေချာချာလေးစဉ်းစားကြည့်လိုက်ပါ။ တစ်ခုခုကိုတော့ သင်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါ၏။
ကျွန်ုပ်တာဝန်ကျွန်ုပ်မကျေနိုင်ခဲ့သောကြောင့် ကျွန်ုပ်ကိုကျွန်ုပ်ရှက်မိပါ၏။’
‘တာဝန်ကျေနေကျသော မျိုးချစ်မြန်မာနိုင်ငံသားများနှင့် အရှင်သံဃာတော်မြတ်များ အားလုံးကိုလည်း လေးစားဂုဏ်ယူမိပါ၏။’

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်