16 September 2009
U.N. High Commissioner for Human Rights, South African Navanethem Pillay, September 14, 2009.AP
စက်တင်ဘာ ၁၄၊ ၂၀၀၉။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးကြီးကြောင့် ကမ္ဘာတ၀ှန်း မှာ လူသန်းပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတယ်လို့ ၁၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အင်္ဂါနေ့က ပြောကြားသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးရှိရာမှာ လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေ့ရှုဆောင်ရွက်နေကြတဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ အကြောင်းကိုလည်း မစ္စ နာဗီ ပီလေးက မီးမောင်းထိုး ပြောသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေးက သူ ရာထူးလက်ခံပြီး တနှစ်ပြည့်တဲ့အချိန်မှာ အခုလို အဖွဲ့ဝင် ၄၇ နိုင်ငံပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၂ ကြိမ်မြောက် ညီလာခံမှာ ကမ္ဘာတ၀န်းမှာ ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုများကို လျာထား ဖော်ပြသွားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးတို့နဲ့ ပတ်သက်လို့ သူက တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ၊ လူမျိုးခြားတွေအပေါ် ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးအကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အရပ်သားတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့အကြောင်း၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကြောင့် လူတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးနေရတဲ့ အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့ ပြောင်းရွှေ့အလုပ်သမားတွေ၊ ဒုက္ခသည်တွေ လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတဲ့ အကြောင်းအပြင် လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေးရှု ဆောင်ရွက်ကြသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ကြသူတွေ၊ အာဏာရှင်တွေကို ဝေဖန်ထောက်ပြကြသူတွေ အနေနဲ့ ဖမ်းဆီး အကျဉ်းချခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောင်ဒဏ်ကျခံရခြင်း၊ သတ်ဖြတ်ခံရခြင်း စသည်တို့ကို ရင်ဆိုင်နေရတယ်ဆိုပြီး သူက ပြောကြားသွားပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောကြားကြသူတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အပိုင်းနဲ့ ပတ်သက်လို့တော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရရဲ့ တရားနည်းလမ်းမကျ အရေးယူ အပြစ်ပေးမှုတွေ အကြောင်းကို သူ့ရဲ့မိန့်ခွန်းထဲမှာ မစ္စပီလေးက အခုလို မီးမောင်းထိုးပြသွားပါတယ်။
“မြန်မာအာဏာပိုင်တွေက နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက ထောင်ဒဏ် စီရင်ချက်ချပြီး ဆိုင်းငံ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် နောက်ထပ်ဆက်ချထားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျမတို့တွေအားလုံး အံ့အားသင့် တုန်လှုပ် မိကြ ပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတာဟာ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး ကာလကို ဖော်ဆောင်နေပါတယ်လို့ ဆိုတဲ့ မြန်မာစစ်အစိုးရက ပေးထားတဲ့ကတိကို ကိုယ်တိုင် ပြက်ရယ် ပြု ရာ ရောက်စေပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။” လို့ မစ္စပီလေးက ပြောသွားပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံစဉ် တားမြစ်မိန့် ချိုးဖောက်တယ်ဆိုပြီး မေလက အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) အင်းလျားကန်ကတဆင့် ရေကူးပြီး နေအိမ်ဆီကို လာရောက်ခဲ့ရာမှာ ကျန်းမာရေးချို့တဲ့မှု အကြောင်းပြချက်ကြောင့် လူသားချင်း စာနာမှုအရ မစ္စတာယက်တောကို နေခွင့်ပြုမိတဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အနေနဲ့ ထောင်ဒဏ် ၃ နှစ် ပြီးခဲ့တဲ့လက စီရင်ခြင်း ခံခဲ့ရပြီး ဆိုင်းငံ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ပြောင်းလဲ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုစဉ်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စပီလေးက အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက တရားနည်းလမ်းမကျ ဖမ်းဆီးပြီး သူမကိုယ်တိုင် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ ဖြစ်ရပ်တွေအပေါ် အခြေခံပြီး စွဲချင်တင်ခံရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း မစ္စပီလေးအနေနဲ့ သိပ်ကို စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းနဲ့ အတွင်းရေးမှူးချုပ်ထံကို သူတို့ရဲ့ သဘောထား အမြင်တွေကို စာရေးသား ပေးပို့ခဲ့လို့ နှစ်ရှည်ထောင်ဒဏ် စီရင်ခြင်း ခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ၂ ဦး အပါအ၀င် ဒေါ်အောင်ဆန်း စုကြည်နဲ့ ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ပြန်လွှတ်ပေးဖို့ မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့အတူ ထပ်လောင်း တောင်းဆိုတဲ့အကြောင်းလည်း မစ္စပီလေးက ထိုစဉ်က သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
၁၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ သူပြောကြားတဲ့ မိန့်ခွန်းမှာတော့ မစ္စပီလေးက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် အစိုးရတွေမှာ တာဝန်ရှိတဲ့အကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ ပါဝင်နိုင်ခွင့်နဲ့ နိုင်ငံရေး လှုပ်ရှားခွင့်တို့ဟာ အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်တဲ့အကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ် စောင့်ရှောက်ပေးရမယ့်တာဝန် ရှိတဲ့အကြောင်းလည်း ပြောကြား သွားပါတယ်။
“လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ကိုးစားမှုကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဖြစ်ပွားနေတာကို တွေ့ရင် အရေးယူ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီအကဲစမ်းမှုကို လူ့အခွင့်အရေးကောင်စီက ရင်မဆိုင်နိုင်ဘူး၊ တာဝန်မယူရဲဘူးဆိုရင် ကုလသမဂ္ဂ အပေါ်မှာနဲ့ အထူးသဖြင့် လူ့အခွင့်အရေးကောင်စီ အပေါ်မှာ အားကိုးအားထားပြုကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ အားလုံးအပေါ် တာဝန်မဲ့ရာ ရောက်ပါလိမ့်မယ်။” လို့ မစ္စပီလေးက ပြောကြားသွားပါတယ်။
Wednesday, September 16, 2009
ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
September
(240)
- အနာဂတ်မဲ့နေသော ကျနော်တို့ ၏သွေးချင်းများ
- ဒီလူတွေ ကိုသတိထား ( လောက်ကောင်များ..)
- အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ...
- ကျွန်ခံကြမလား..တော်လှန်ကြမလားဟေ့
- အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်
- နိုင်ငံကျော် သူတောင်းစားများ..
- စက်တင်ဘာ ၃၀ ရက် သတင်းများ..၂၀၀၉
- နယူးယောက်မြန်မာ သင်္ကြန်က ကော်ဖီရည်နဲ့ ပက်တယ်ဂျ..
- မြန်မာငွေ..ဘယ်လောက်မာသလည်း
- သာသနာ့ကျိန်စာ
- ၀န်မင်းတို့ ၏ ဇာတ်သိမ်း..
- နှလုံးသားထဲက ရွှေဝါရောင် ၂၀၀၇ ခုနှစ် စက်တင်ဘလ ၂၆ ရက...
- နယူးယောက် မြို့ ဆန္ဒ ပြပွဲ ဓါတ်ပုံများ
- ကံဆိုးသူ ၀န်ကြီးချူပ်..အရင်တယောက်က အသေထွက်..သူက အရ...
- ဖိနပ်ပြီးရင် ဒုတ်စာလာမယ်...ထွက်ရဲရင်ထွက်ကြည့်
- စော်ကားလွန်းလှတဲ့ Apple ရဲ့ လုပ်ရပ်ပါ
- ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။
- ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ
- အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်...
- Candlelight Virgil for Political prisoner in Burma
- ကိုညီညီအောင်
- U.S. Burma Policy Review Conclusions
- အလုယက်ခံထားရသူက..သူခိုးကိုပေးတဲ့စာ ( လူမိုက်ထံ ယဉ်...
- လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖ...
- ဟီးဟီး..ကြောက်သွားပြီလား ဒါ မိုးပေါ်ထောင်ပစ်ရုံဘဲရှ...
- နစက တပ်သား တဦး မိမိကိုယ်ကို အဆုံးစီရင်
- JAPAN-(NAGOYA) ရွှေဝါရောင်သတင်း..
- ဖိနပ်တစ်ဖက် ချစ်သူများ၏ လက်ဆောင်
- 2nd Anniversary of Burma's Saffron Revolution Prot...
- ချစ်၍ကျီစားတယ်..ဘွာတေးဘွာတေး
- လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
- နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း ဖိနပ်ဖြင့်ပြစ်ပေါက...
- နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှု...
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်ဝေဖန် သုံ...
- ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှ...
- တရားမထိုင် ဓားကိုင်ကြစို့ 
- ၀ံချီးချုပ်ရာထူးအတွက် သူ့ ကိုယ်သူတောင်ထီးတစ်လက် အပ...
- စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန...
- အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်
- အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ြ...
- အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်
- သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည်ေ...
- တိုက်ပွဲသတင်း ( စက်တင်ဘာ ၂၇၊ ၂၀၀၉)
- ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ
- ဥဒါန်း ဘယ်ခါ ကြေအံ့နည်း
- ၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကေ...
- အပေါ်ယံ မျက်နှာဖုံးပါးအောက်က..တကဲ့ မြန်မာ..
- လိမ်တဲ့ ညာနေတဲ့ နအဖ မြန်မာ media
- ဗိုလ်ချုပ်မရှိတဲ့ နောက်...
- ရွှေဝါရောင် မော်ကွန်းအစ ပခုက္ကူ က
- စက်တင်ဘာ ၂၇ ရက် သတင်းများ..၂၀၀၉
- ဘာဝယ်လို့ ရမလည်း..ငွေ ၅၀၀၀ တန်
- နိုင်ငံတကာ လူကူးသန်းရောင်းဝယ်မှု (Human Trafficking )
- လက်စွပ်တကားကား သူခိုးစစ်သားများ..
- အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ၂ နှစ်ပြည့်ရွှေဝါ ရောင်...
- ချီးဒုတ်ကနောင်းသုံး၍ တောပြုန်းမဲ့အရေးက ကာကွယ်ရန် န...
- ဒို့ အားလုံး၏ အဓိက တာဝန်
- မင်းတြားကြီးရဲ့ သြ၀ါဒ
- ဟွန်း..ရှင်ဘုရင်ကိုယ်တိုင်က ဓါးပြ...ကျောချခံရမယ် သ...
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်...
- ဂျပန်သတင်းထောက် နာဂအိဂန်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထ...
- သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြ...
- ဒကာနှင့် သာသနာ = ရေနဲ့ ကြာ
- မိုးမခဆောင်းပါးနှင့်ပတ်သက်၍ အရှင်ထာဝရမှ ရှုင်းလင်း...
- ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပ...
- စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်အထိ...
- အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တေ...
- ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသာ...
- ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သ...
- ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို
- ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားနှင့် အမျို...
- ရွှေဝါရောင် ၂ နှစ်ပြည့် ဆန္ဒပြပွဲများ
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ...
- ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွ...
- အီရတ်အကျဉ်းထောင်ဖောက်မှု သေဒဏ်ကျခံအကျဉ်းသားများ လွတ...
- ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပြွဲ...
- အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနို...
- ထမင်းစားတိုင်း သတိရတယ်
- အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေ...
- လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အေ...
- ရန်ကုန်က မိန်းကလေးတွေ တိုးတက်နေပြီလား
- အလိုရှိသည်
- စစ်အစိုး၏ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မည့် ၄၃ဦးစာရင်း
- အကြမ်းဖက်မှူသာ နအဖ၏၀ါဒ
- ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ် များကို လာမည့် အောက်တို...
- ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထာ...
- မြန်မာအလင်း မှ တင်ဆက်သော ဟာသ..တခု
- နှာစေးနေသော ယုန်များနဲ့  အာပုပ်စော်နံ နေတဲ့ ခြသေ့င်္။
- ပူးသတ်ဖို့  အနားကပ်လာတဲ့ အမေရိကန်..
- ဘေးမဲ့  တောက မဆလပြုတ်တွေ..လှုပ်စိလှုပ်စိ ရှင်သန်နေဆဲ
- အားကစားစိတ်ဓါတ် နဲ့ နအဖ ကို အပြီး သတ်ကြရအောင်
- ရီစရာဖတ်ရင် ရှူရှူ ထွက်တတ်သူများ မဖတ်ရ
- ထီကနဲ ဟေ့ ဆိုတာနဲ့ ....ကွဲပြဲတာ မြန်မာ့ စစ်တပ်
- NLD အထူးကြေငြာချက်အမှတ် - ၅ / ၀၉ / ၀၉
- မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်က...
- နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့်ပတ်သတ်၍ကျေညာ...
- လိမ်တဲ့ ညာတယ်..လူညာကြီးတွေ
- စစ်အစိုးရနဲ့ပူးပေါင်းသွားတဲ့ သစ္စာဖောက် ကိုထွတ်
- မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်
-
▼
September
(240)
No comments:
Post a Comment