လူထုစိန်ဝင်း
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မ ကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေး ကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အ ကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာစိုးလို့” လို့ပဲ လို တိုရှင်းဖြေလေ့ရှိပါတယ်။
အတုမြင် အတတ်သင်မှာစိုး
ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေးကြာနေ ပါပြီ။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ်လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေရေးနေရတာဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာစိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေး သားနေရင်းကတောင် တန့်သွားမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရရေးရတာ ဖြစ်တယ်။
ဘယ်သူ့မှ အားမကိုးနဲ့
ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစ ပြီး ဝေဖန်ရေးသားခဲ့တာ ပထမအကြိမ်က ကုလသမဂ္ဂနဲ့ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အိုင်အင် ဂျီအိုတခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင် ငံရေးကိစ္စ ကြားဝင်ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီလာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မ ကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့် အားကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။
အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။
ဆရာကောင်း တပည့်တွေ
အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင်နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူ ငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေး ရပြောရပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံ တွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန် ရောက်လာတော့ သူတို့ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ကုန်ကြတော့တာပါပဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေတတ်လာတယ်ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် “အင်ဂျီအို” ကုန် ကြတာပဲဖြစ်တယ်။ မဖြစ်ဘဲနေရိုးလား၊ သူတို့ကိုခေါ်ပြီး သင်တန်းပေးသူတွေကိုယ်တိုင်က သူတို့ကို မျောက်အ ဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်းတောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆ ရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။
ဂိုရင်းအဘရော့ဒ်
ဆရာကောင်း တပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ မမြင်ချင်အဆုံးပါပဲ။ တချို့က အေ့ဒ်စ်ဆိုင်း ဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန်ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတောဆိုင်းဘုတ်၊ တချို့က ပလတ်စတစ်ဆိုင်းဘုတ် စသဖြင့် ... စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ... ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘ ရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရသဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့် ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ပြောရင် မလွန်လှဘူးလို့ ထင် ပါတယ်ခင်ဗျ။
စံပြပုဂ္ဂိုလ်လိုတယ်
ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေပြောနေရတာပါ။ အင်ဂျီအိုအားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်။ ဒါ ကြောင့် ကွယ်လွန်ရှာပြီဖြစ်တဲ့ လူရိုးလူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ် လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်း ဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။
ပရဟိတသမားစစ်စစ်
ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အ ကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက်မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူ ထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလအမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့ တဲ့ ဦးတင်ကို မရရအောင်ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိ တသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရဟိတ” သမား “အတ္တပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတအတွက် ပရဟိတလုပ်ငန်း လုပ်တာမဟုတ်လား။
လူထုစိန်ဝင်း
(Weekly Eleven Journal - September 9 - 2009 ထုတ်မှ ...)
Wednesday, September 16, 2009
အတ္တပရဟိတလုပ်ငန်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
September
(240)
- အနာဂတ်မဲ့နေသော ကျနော်တို့ ၏သွေးချင်းများ
- ဒီလူတွေ ကိုသတိထား ( လောက်ကောင်များ..)
- အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ...
- ကျွန်ခံကြမလား..တော်လှန်ကြမလားဟေ့
- အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်
- နိုင်ငံကျော် သူတောင်းစားများ..
- စက်တင်ဘာ ၃၀ ရက် သတင်းများ..၂၀၀၉
- နယူးယောက်မြန်မာ သင်္ကြန်က ကော်ဖီရည်နဲ့ ပက်တယ်ဂျ..
- မြန်မာငွေ..ဘယ်လောက်မာသလည်း
- သာသနာ့ကျိန်စာ
- ၀န်မင်းတို့ ၏ ဇာတ်သိမ်း..
- နှလုံးသားထဲက ရွှေဝါရောင် ၂၀၀၇ ခုနှစ် စက်တင်ဘလ ၂၆ ရက...
- နယူးယောက် မြို့ ဆန္ဒ ပြပွဲ ဓါတ်ပုံများ
- ကံဆိုးသူ ၀န်ကြီးချူပ်..အရင်တယောက်က အသေထွက်..သူက အရ...
- ဖိနပ်ပြီးရင် ဒုတ်စာလာမယ်...ထွက်ရဲရင်ထွက်ကြည့်
- စော်ကားလွန်းလှတဲ့ Apple ရဲ့ လုပ်ရပ်ပါ
- ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။
- ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ
- အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်...
- Candlelight Virgil for Political prisoner in Burma
- ကိုညီညီအောင်
- U.S. Burma Policy Review Conclusions
- အလုယက်ခံထားရသူက..သူခိုးကိုပေးတဲ့စာ ( လူမိုက်ထံ ယဉ်...
- လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖ...
- ဟီးဟီး..ကြောက်သွားပြီလား ဒါ မိုးပေါ်ထောင်ပစ်ရုံဘဲရှ...
- နစက တပ်သား တဦး မိမိကိုယ်ကို အဆုံးစီရင်
- JAPAN-(NAGOYA) ရွှေဝါရောင်သတင်း..
- ဖိနပ်တစ်ဖက် ချစ်သူများ၏ လက်ဆောင်
- 2nd Anniversary of Burma's Saffron Revolution Prot...
- ချစ်၍ကျီစားတယ်..ဘွာတေးဘွာတေး
- လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
- နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း ဖိနပ်ဖြင့်ပြစ်ပေါက...
- နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှု...
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်ဝေဖန် သုံ...
- ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှ...
- တရားမထိုင် ဓားကိုင်ကြစို့ 
- ၀ံချီးချုပ်ရာထူးအတွက် သူ့ ကိုယ်သူတောင်ထီးတစ်လက် အပ...
- စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန...
- အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်
- အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ြ...
- အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်
- သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည်ေ...
- တိုက်ပွဲသတင်း ( စက်တင်ဘာ ၂၇၊ ၂၀၀၉)
- ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ
- ဥဒါန်း ဘယ်ခါ ကြေအံ့နည်း
- ၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကေ...
- အပေါ်ယံ မျက်နှာဖုံးပါးအောက်က..တကဲ့ မြန်မာ..
- လိမ်တဲ့ ညာနေတဲ့ နအဖ မြန်မာ media
- ဗိုလ်ချုပ်မရှိတဲ့ နောက်...
- ရွှေဝါရောင် မော်ကွန်းအစ ပခုက္ကူ က
- စက်တင်ဘာ ၂၇ ရက် သတင်းများ..၂၀၀၉
- ဘာဝယ်လို့ ရမလည်း..ငွေ ၅၀၀၀ တန်
- နိုင်ငံတကာ လူကူးသန်းရောင်းဝယ်မှု (Human Trafficking )
- လက်စွပ်တကားကား သူခိုးစစ်သားများ..
- အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ၂ နှစ်ပြည့်ရွှေဝါ ရောင်...
- ချီးဒုတ်ကနောင်းသုံး၍ တောပြုန်းမဲ့အရေးက ကာကွယ်ရန် န...
- ဒို့ အားလုံး၏ အဓိက တာဝန်
- မင်းတြားကြီးရဲ့ သြ၀ါဒ
- ဟွန်း..ရှင်ဘုရင်ကိုယ်တိုင်က ဓါးပြ...ကျောချခံရမယ် သ...
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်...
- ဂျပန်သတင်းထောက် နာဂအိဂန်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထ...
- သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြ...
- ဒကာနှင့် သာသနာ = ရေနဲ့ ကြာ
- မိုးမခဆောင်းပါးနှင့်ပတ်သက်၍ အရှင်ထာဝရမှ ရှုင်းလင်း...
- ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပ...
- စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်အထိ...
- အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တေ...
- ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသာ...
- ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သ...
- ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို
- ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားနှင့် အမျို...
- ရွှေဝါရောင် ၂ နှစ်ပြည့် ဆန္ဒပြပွဲများ
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ...
- ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွ...
- အီရတ်အကျဉ်းထောင်ဖောက်မှု သေဒဏ်ကျခံအကျဉ်းသားများ လွတ...
- ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပြွဲ...
- အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနို...
- ထမင်းစားတိုင်း သတိရတယ်
- အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေ...
- လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အေ...
- ရန်ကုန်က မိန်းကလေးတွေ တိုးတက်နေပြီလား
- အလိုရှိသည်
- စစ်အစိုး၏ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မည့် ၄၃ဦးစာရင်း
- အကြမ်းဖက်မှူသာ နအဖ၏၀ါဒ
- ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ် များကို လာမည့် အောက်တို...
- ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထာ...
- မြန်မာအလင်း မှ တင်ဆက်သော ဟာသ..တခု
- နှာစေးနေသော ယုန်များနဲ့  အာပုပ်စော်နံ နေတဲ့ ခြသေ့င်္။
- ပူးသတ်ဖို့  အနားကပ်လာတဲ့ အမေရိကန်..
- ဘေးမဲ့  တောက မဆလပြုတ်တွေ..လှုပ်စိလှုပ်စိ ရှင်သန်နေဆဲ
- အားကစားစိတ်ဓါတ် နဲ့ နအဖ ကို အပြီး သတ်ကြရအောင်
- ရီစရာဖတ်ရင် ရှူရှူ ထွက်တတ်သူများ မဖတ်ရ
- ထီကနဲ ဟေ့ ဆိုတာနဲ့ ....ကွဲပြဲတာ မြန်မာ့ စစ်တပ်
- NLD အထူးကြေငြာချက်အမှတ် - ၅ / ၀၉ / ၀၉
- မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်က...
- နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့်ပတ်သတ်၍ကျေညာ...
- လိမ်တဲ့ ညာတယ်..လူညာကြီးတွေ
- စစ်အစိုးရနဲ့ပူးပေါင်းသွားတဲ့ သစ္စာဖောက် ကိုထွတ်
- မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်
- ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ သတင်းကို MRTV တွ...
- ပုဆိန်ရိုး သဘောက်မသား..
- သူခိုးလက်ကခွက်စုတ် သူဝှက်က လု
- လွတ်သူ နိုင်ငံရေးအကျဉ်းသားစာရင်း.(မလွတ်သူ စာရင်းက ...
- ရွှေဝါရောင် ၂ နှစ်ပြည့်ပွဲ ကုသိုလ်ယူရန်လာပါ။
- သာသနာ ကို ဒီလိုသတ်လို့ ရရိုးလား..
- သံဃာကျောင်းသား ပူးတွဲကျေညာချက် အမှတ် (၅)
- မြွေကို..မွေးထားမလား..မြွေပါကို..ကြွေးမလား..ဒါသင့်...
- မေ့ပျောက်မရ..နှစ် နှစ်ပတ်လည်..
- Myanmar DCR Co., Ltd မှဝန်ထမ်းရွေးချယ်မှုနှင့်ပက်သ...
- အနော် တို့ ပါတော့ ဖူး ဂျို့ ..
- မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု မှ ခေါင်းဆောင်မ...
- အာဏာရူးတွေပြောတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမြ...
- NANCHANG Q-5 (FANTAN) (သို့) A-5 တိုက်လေယာဉ်
- နိုင်ငံကာ ငြိမ်းချမ်းရေးနေ့ကို အမျိုးသမီးများအဖွဲ့...
- ဒေါက်တာစောလွင် နှင့် ဒေါက်တာမင်းသိန်း ဘ၀ဇာတ်သိမိး
- ငြိမ်းချမ်းစွာ ချီတတ်လမ်းလျှောက်ပွဲ ထိုင်းနှင့်မြန...
- "သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး "
- ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးအကျဉ်းသားများနှင့်ကျေ...
- ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့်အထိမ်းအမှတ်နှင့် ...
- ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံ ( သန်းရွှေက အကောင်အထည်ေ...
- ဒို့ မြေကသယံဇာတတွေ သွေးစုတ်နေကြသူများ..(သူခိုးများ...
- မူးယစ်ဆေးဝါး နှင့် မြန်မာ နယ်စပ်အခြေအနေ
- ပြေးစရာ မြေမရှိသူများ..
- ပါဠိဘာသာဖြင့် ရွတ်ဆိုသောကမ္မ၀ါစာ
- စတင်ဘာလ၊ ၁၉ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများပါဝင်...
- သံဃာ့မေတ္တာ
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ ...
-
▼
September
(240)
No comments:
Post a Comment