Wednesday, October 7, 2009

ကိုဘိုကြည် လူ့အခွင့်အရေး ခုခံ ကာကွယ်သူဆုရရှိ

ဖြိုးဝေ-mmp | ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်အား New York မြို့ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)မှ ၂၀၀၉ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူ (2009 Alison Des Forges Defender) ဆုကို ချီးမြှင့်ကြောင်း အောက်တိုဘာလ၊ ၇ ရက်နေ့ တွင် ၄င်း (HRW) website မှ ဖော်ပြသွားသည်။

ကိုဘိုကြည်နှင့်အတူ အခြားဆုရရှိသူ ၃ ဦးမှာ
* Daniel Bekele, lawyer and activist from Ethiopia;

* Elena Milashina, reporter for Novaya Gazeta, Russia's leading independent newspaper; and

* Mathilde Muhindo, women's rights activist working to stop sexual violence in Democratic Republic of Congo.
တို့ဖြစ်သည်။ ထိုဆုရရှိသူ ၄ ဦးအား လူ့အခွင့်အရေးကို လေးစားသောနိုင်ငံကြီးများမှ ဂုဏ်ပြုပွဲများ ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏ လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ် အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဆုပေးသည့် New York မြို့ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW)က ဖော်ပြခဲ့သည်။

ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသေးသည်။ ကိုဘိုကြည်သည် ယုခုဆုကို လက်ခံရရှိခဲ့သဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးနှင့် လူအခွင့်အရေးကိစ္စများကို ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာတော့မည်ဖြစ်သည်။

ကိုးကား
http://www.hrw.org

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်