02 July 2009
မနက်ဖြန် မြန်မာနိုင်ငံကို သွားတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောကြားချက်ကို ကြည့်ရအောင်ပါ။ ရှေ့နှစ် ၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်ဖို့ မြန်မာ စစ်အစိုးရက စီစဉ်ထားပေမဲ့ ရွေးကောက်ပွဲအပေါ် အများလက်ခံ ယုံကြည်နိုင်မယ့် လုပ်ငန်းစဉ်တွေ စပြီး လုပ်တာ မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဝေဖန် ပြောကြားခဲ့ပါတယ်။ လောလောဆယ် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ဘန်ကီမွန်း က အခုလို ပြောခဲ့တော့ သူ့အနေနဲ့ မြန်မာ နိုင်ငံကို သွားတဲ့အခါမှာ ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် ဘယ်လို တိုက်တွန်းမယ်လို့ မျှော်လင့်နိုင်သ လဲဆိုတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မနေ့တုန်းက ဂျပန် ၀န်ကြီးချုပ် တာရိုအာဆိုနဲ့ တွေ့ဆုံခဲ့သလို တိုကျို တက္ကသိုလ် မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသွားရောက်ခင် ဂျပန်နိုင်ငံကို ၃ရက်ကြာ သွားရောက် ပြီး မြန်မာနဲ့ ကမ္ဘာအရေးကိစ္စကို ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်ကနေ ဂျပန်နိုင်ငံနဲ့ ကုလသမဂ္ဂအကြား မြန်မာ့အရေး တူညီတဲ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်အောင် ဘယ်လို ရှေ့ဆက် ဆောင်ရွက်မလဲဆိုတာ ဂျပန် ၀န်ကြီးချုပ် တာရိုအာဆိုနဲ့ တွေ့ဆုံ ဆွေးနွေးတိုင်ပင်ခဲ့တဲ့အကြောင်း မနေ့ တိုကျိုမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီ မွန်းက ပြောပါတယ်။
“မြန်မာ့အရေး ကြားဝင်ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အတွက် ဂျပန် နိုင်ငံအပေါ် ကျေးဇူးတင်တဲ့အကြောင်းနဲ့ သူဖွဲ့စည်းထားတဲ့ မြန်မာ့ မိတ် ဆွေ နိုင်ငံများအဖွဲ့မှာ ဦးဆောင်ဦးရွက် အခန်းကဏ္ဍက တာဝန်ယူနေတဲ့ ဂျပန်နိုင်ငံအပေါ်မှာ အားကိုးယုံကြည်တဲ့အကြောင်း” ပြောသွားတာပါ။
တိုကျို တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာလည်း အတွင်းရေမှူးချုပ် ဘန်ကီမွန်းက မြန်မာအရေးနဲ့ ပတ်သက်တဲ့ မေးမြန်း ချက်တွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ စိုးရိမ်မှုတွေကို လေးစားသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသင့်ပါတယ်။”
မြန်မာစစ်အစိုးရက ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ရွေးကောက်ပွဲအပေါ် လူအများ လက်ခံ ယုံကြည်လောက် တဲ့ လုပ်ငန်းစဉ်တွေ အစပျိုး လုပ်ဆောင်တာ မရှိသေးတဲ့ အကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဝေဖန်ပြော ကြား ခဲ့ပါတယ်။
“ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများက လက်ခံ ယုံကြည်ပြီး ကျင်းပမယ့် အခြေအနေ သူတို့ဘက်က ဖန်တီးသင့်ပါတယ်။ အခုချိန်အထိ ရွေးကောက်ပွဲ ဥပဒေ ဆိုတာလည်း မရှိ၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာလည်း မဖွဲ့ရသေးပါဘူး။ လူတွေ လက်ခုံယုံကြည် တဲ့ အနေအထားကို စပြီး လုပ်ဆောင်တာ မရှိသေးပါဘူး။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အလှည့်အပြောင်း ကာလမှာ တိုးတက်မှုတွေ ရဖို့ မရှိ မဖြစ်လိုအပ်တဲ့ နိုင်ငံရေး လိုအပ်ချက် အချက် ၃ချက်ကို အဓိက အားဖြင့် ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့နဲ့ ရှေ့နှစ် ကျင်းပဖို့ စီစဉ်တဲ့ ရွေးကောက်ပွဲကို နည်းမှန်လမ်းမှန် အနေအထားမှာ လူအများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုထားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူအများ ယုံကြည်လက်ခံမယ့် အခြေအနေမျိုး ဖန်တီးဖို့တိုက် တွန်းနေပေမဲ့လည်း အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်အစိုးရအတည်ပြုထားတဲ့ ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ အချက်တွေ ပြန်လည် ပြင်ဆင်ရေးကို အဓိကတောင်းဆိုနေပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်း အန်အယ်လ်ဒီ ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အန်အယ်လ်ဒီဘက်က တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောပါတယ်။
“ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ တွေ့ဖို့ အမြဲတမ်း အဆင်သင့်ပါ။ ကြိုတင်ပြင်ဆင်တယ်ဆိုတဲ့နေရာလည်း ကျွန်တော်တို့ အန်အယ်လ်ဒီ က သူ့ရဲ့ မူဝါဒတွေရှိပါတယ်။ မူဝါဒတွေ မူတည်ပြီးတော့ တွေ့မှာပါ။ အဓိကကတော့ နောက်ဆုံး အန်အယ်လ်ဒီ က ထုတ်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ပါသလို့ပါပဲ။ ဒိုင်ယာာလော့ကနေစမယ်။ ဒိုင်ယာလော့ အောက် မှာ မှ ဥပဒေ ပြင်ဆင်ရေးတို့ ဒါတွေက နောက်က လိုက်ပါမယ်။ ဒီမူဝါဒက ရွှေဂုံတိုင်ဟာ နောက်ဆုံးဖြစ်သလို အခုထိလည်း ဒီမူဝါဒပါပဲ။”
ပြီးခဲ့တဲ့ နှစ်က အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာတော့ မုန်တိုင်းဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာ အကူအညီတွေ လက်ခံနိုင်ရေးစစ်အစိုးရကို နားချနိုင်ခဲ့ပါတယ်။ အခုတခေါက် ခရီးစဉ်မှာရော၊ စစ်ဒဏ်သင့်ပြီး အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မေတ္တာရပ်ခံချက်တွေကို စစ်အစိုးရ ခေါင်းဆောင်တွေ လက်ခံအောင် နားချ နိုင်ပါ့မလား မသေချာသေးပါဘူး။ အနိမ့်ဆုံးဆင့် အင်းစိန်ထောင်မှာ ချုပ်နှောင်ခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မျှော်လင့်နိုင်ပါ့မလား။ ဦးဥာဏ်ဝင်းကတော့
“ကျွန်တော်တို့တော့ တကယ်ပဲ မျှော်လင့်နေပါတယ်။ အခုဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ ကုလသမဂ္ဂ အခြေအနေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြစ်မှု ကျူးလွန်တာ မရှိတဲ့အတွက် အဲဒီလို မျှော်လင့်ပါတယ်။”
Thursday, July 2, 2009
မြန်မာ့အရေး ဂျပန်အားပေးမှု ဘန်ကီမွန်းကျေနပ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
July
(385)
- ကုပ်ကမြင်းနေတဲ့ ဥာဏ်ဝင်း
- NLD ၏ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စအတွက် ကျေညာချက်
- သိုးကို အပြစ်ရှာတာ ၀ံပုလွေယုတ်
- Myanmar's history of sanctions
- CNN မှ ဒေါ်စု သတင်း
- စီရင်ချက်ချမည်ဆိုသည့် ဇူလိုင် (၃၁) ရက်နေ့ ပြည်တွင်...
- Myanmar: Ban calls for Aung San Suu Kyi's release
- ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင...
- ကြံကြံဖန်ဖန် ကြက်ဥအတု
- ကြက်ဥ အတု လုပ်တာ တကယ်လား..
- ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေ
- ဒေါ်စု ရဲ့ ရုံးချိန်း ဇူလိုင် ၃၁ ၂၀၀၉..ပုံရိပ်များ
- ဇူလိုင် ၃၁ ၂၀၀၉ သတင်းများ (ရဲရင့်ငယ်)
- 8888 21th ANNIVERSARY COMMEMORATION (SAN FRANCISCO...
- MoeMaKa Daily e Newspaper - 30th July 2009
- ဇူလိုင်လ ၃၁ ၂၀၀၉ အင်းစိန် ထောင်ရှေ့ အခြေအနေ
- စစ်အစိုးရတပ် သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် မီ...
- ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်...
- ဒီနေ့ ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
- ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည်...
- ရွှေအင်းဝလိုင်းမှ ကားတစ်စီး ဘီအိုစီမှတ်တိုင်မှာမီးေ...
- How does DASSK spend her Prize Money?
- ဒို့ သာသနာထိရင်..မချိဖူးနအဖ..ဆက် ချမယ်
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အကောင်အထည်ဖေါ်လုပ...
- ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ ဟောဒီအာဏာရူးတွေရဲ့ လက်ထဲမှ...
- MoeMaKa Daily e Newspaper - 29th July 2009 ...
- ဗမာ့ စောင်း - (ဒါရိုက်တာ..အိုင်ဝို ဂျီးမား)
- အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း
- မတရားတာတွေ အန်ထုတ်ကြစို့ 
- 8888 အမှတ်တရ တွေနဲ့  ကနေဒါမှာ ကျင်းပမယ်
- ဘာမှကြောက်မနေနဲ့ ..ဆက်တက်ခဲ့
- ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်ေ...
- မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ
- ဒေါ်စု အမှုဟာ နိုင်ငံတကာအရေးလို့  မစ္စတာကင်တားနားကဆို
- မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်
- XX သည်မ ပါးစပ်လောက်တောင် တန်ဖိုးမရှိတဲ့ နအဖ မြန်မာ...
- ငါတို့အမေ
- MoeMaKa Daily e Newspaper - 28th July 2009
- ၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ
- A possible strong trigger to bring Burma into UNSC...
- ဇူလိုင်လ ၂၈ ၂၀၀၉ သတင်းများ
- မေတ္တာပါလ ဓမ္မဝေဒဂူ နွေရာသီ ယဉ်ကျေးမူ ကလေးသင်တန်း Bu...
- ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
- 21st 8888 ceremony @ LA on 8/9/09
- U2 announces Amnesty award to Aung San Suu Kyi
- Aung San Suu Kyi: 'Ambassador of Conscience'
- လင်းဒ တွေ ထ နေကြတယ်..သတိ
- ကဲ ဘာဆက်လုပ်ကြမလည်း..
- တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
- Donors to reevaluate support for Myanmar's fight a...
- Child soldiers Burma,s SONS OF SORROW
- ခိုးသူလက်ထဲရောက်တဲ့ ကျေးပေါက်စကလေးများ
- သူဝှက် ထက်သာ တဲ့ သဘက်
- ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံး...
- ကျုပ်လည်လည်သွားမိတယ် အိမ်ရှင်မဖိတ်ဘဲနဲ့ 
- အဆိုးဆုံးအတွက် ပြင်ဆင် ခေါင်းမော့နေဆဲ
- ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန...
- ဒို့ ခေါင်းဆောင်ကို ကာကွယ်ဝန်းရံကြ
- ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
- free Burma!! Burma Path...
- မြန်မာ ကလေးငယ်များရဲ့ ရှေ့ရေး အလားအလာ..
- ကုလားကျ ဖြီးနေပြန်ပြီ..
- Building the Tatmadaw
- 27 July 2009 News
- မိုးမခ သတင်းစဉ် ဇူလိုင် ၂ရ ၂၀၀၉
- မောင်ချစ်သူရဲ့ သွေးရူးသွေးတန်း စကားများ
- ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း
- ဘာပြန်ပေးကြမှာလဲ
- ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ...
- လေးစားထိုက်သူမို့  ဆုတွေ သယ်..
- MoeMaKa Daily e Newspaper - 26th July 2009
- လုပ်သင့် မလုပ်သင့်..ကိုယ့်ဖာသာကိုယ်စဉ်းစားချင့်
- သူမကို လွှတ်..
- အထူးကြေငြာချက်
- စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ
- အမိမြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ေ...
- မင်္ဂလာမွေးနေ့ ပါ ချိုတေးသံရှင်
- G wave ၏ လှုပ်ရှားမှု
- စစ် နဲ့  ငြိမ်းချမ်းရေး
- ကုလားကြိုက်တဲ့ သန်းရွှေ
- ”ကုလားမနိုင်ရခိုင်မဲ”
- ကမ်းကုန်အောင် မိုက်မဲ့ နအဖ..
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျ...
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- Voice of Burma July 2009
- MoeMaKa Daily e Newspaper - 24th July 2009
- ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- ဟုတ်တာတွေ ပေါ်လာပြီ...နျူကလီယားလိုချင်လို့ လူဆိုးေ...
- သိန်းစိန်နှင့်တရုတ်ဝန်ကြီးချူပ်ဆွေးနွေးချက်များ
- ဗွီအိုအေ အပတ်စဉ်ကဏ္ဍ တိုင်းရင်းသားသတင်းလွှာ
- 24-07-09 Lawyer U Nyan Win speaks about Daw Aung S...
- သွားဦးမှာလား နိုင်ငံခြား
- သီတင်းကျွတ် ၂၀၀၉ အတွက်ကျေညာချက်
- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...
- ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘေ...
- It is not for your eyes only. It is for public eyes.
- NKorea-Burma relations could be nuclear: Clinton
- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
-
▼
July
(385)
No comments:
Post a Comment