Friday, October 2, 2009

သင့်ကို စစ်တပ်မှအလိုရှိသည်

တိုက်ရဲခိုက်ရဲတိုက်ချင်ခိုက်ချင်သူများ..သင့်ကိုစစ်တပ်မှအလိုရှိသည်

ကဲ ရဲဘော်တို့ နအဖ စစ်တပ်တော့မဟုတ်ဘူး

အမေရိကန် စစ်တပ်က သင့်ကိုအလိုရှိနေပြီ

အဓိကလိုအပ်ချက်ကမြန်မာနိုင်ငံကနေ အမေရိကန်မှာ တရားဝင် နေထိုင်ခွင့်ရှိဖို့လိုတယ်၊ နိုင်ငံရေးခိုလှုံခွင့်ရထားသူ၊ ဒုက္ခသည်၊ ယာယီနေထိုင်ခွင့်ရထားတဲ့သူတွေ ကျောင်းသားဗီဇာနဲ့ လာတာမျိုး၊ အစိမ်းရောင်ကဒ်တောင်မလိုဘူး နိုင်ငံသားတန်းးပေးမယ်ဆိုဘဲ၊

နောက်ထူးခြားတာက မြန်မာစကားပြောတတ်သူကိုအလိုရှိတာတဲ့နော်

အတည်ပြုချက်မရနိုင်သေးတဲ့သတင်းအရ မြန်မာအယောက် ၁၀၀၀ လိုတယ်တဲ့။

ကဲ ရဲဘော်တို့အသင့်ပြင်

ဒီထက်သတင်းအတိအကျသိချင်ရင် မန္တလေးဂေဇက်ကအယ်ဒီတာကိုမေးပေတော့၊ လျောက်လွှာပုံစံကို ပို့ပေးမယ်လို့ပြောတာဘဲ၊

ဆက်သွယ်ရမယ့် အီးမေးလ် က
Kai@mandalaygazette.com
နောက်နေတာမဟုတ်ဘူးနော် အတည်ပြောတာ

မှတ်ချက်..
အဲဒီသတင်း အမှန်ဖြစ်ပါတယ်။ လက်သိပ်ထိုး ခေါ်နေတာ ကြာပါပြီတဲ့။ CIA / FBI နဲ့  ပင်တဂွန်စစ်ဌာနချုပ်က ခေါ်တယ် အရင်က ကြားဖူးပါတယ်။
မြန်မာ အစိုးရ ဘာလုပ်တယ် နားထောင် ထောက်လှမ်းဖို့  လှိုဝှက်ချက်ဖိုင်တွေ ဘာသာပြန်ဖို့ ..လှို ၀ှက် ရောက်ရှိနေတဲ့ လောက်ကောင်များကို ဖယ်ရှားဖို့ အတွက်လို့ ဆိုပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်