ဇာနည်မာန်
စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့ ယနေ့တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် စစ်အစိုးရက သံဃာထုအား ၀န်ချ တောင်းပန်ခြင်းပြုရန်နှင့် ထိုသို့မပြုပါက ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုး ရ အား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားခြင်းကြောင့် ပြည်ပရှိ သံဃာတော်များက ယခုကဲ့သို့ ကံဆောင်ကြခြင်းဖြစ်သည်။
[၂၀၀၇ ခု စက်တင်ဘာ ၂၅ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - မြင့်မိုးမောင်/ဧရာဝတီ)]
၂၀၀၇ ခု စက်တင်ဘာ ၂၅ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - မြင့်မိုးမောင်/ဧရာဝတီ)
“စစ်အစိုးရကို ပတ္တနိက္ကုဇန ကံဆောင်ပြီး ဖမ်းဆီးထားတဲ့ ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဦးပဉ္ဇင်း တို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဘာမှထူးခြားမှုမရှိလာဘူး။ ဆက်ပြီးတော့လည်း ရဟန်းသံဃာတွေ၊ ပြည်သူတွေကိုဖမ်းနေတယ်။ ဒါကြောင့် ဦးပဉ္ဇင်း တို့က ဒီကံကို ထပ်ပြီးဆောင်တာဖြစ် တယ်” ဟု ဘင်္ဂလားဒေ့ရှ်မှ သာသနာ့ဥသျှောင်အဖွဲ့ဝင် ဆရာတော်တပါး က ဧရာဝတီသို့မိန့်သည်။
ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာစာသင်သား သံဃာတော်တို့က ကော့ဗဇား မြို့အနီးရှိ မဟားစိုးလ် မြစ်ကို ရေသိမ် အဖြစ်သတ်မှတ်၍ တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြသကဲ့သို့ သိရီလင်္ကာရောက် ရဟန်းသံဃာများ ကလည်း သိမ်ဝင်သူ သံဃာတို့၏ ကံဆောင်မှုကို သဘောတူ သာဓုခေါ်၍ ကံဆောင်ကြသည်ဟု ဆိုသည်။
“ပတ္တနိက္ကုဇ္ဇနကံကို လှန်တဲ့ကံမပြုမချင်း ဒီတိုင်းပဲရှိနေမှာပဲ။ ကံဆောင်မယ်လို့ဆိုရင် ဦးပဉ္ဇင်းတို့က သဘော တူ သာဓုခေါ်လိုက်ရင် ကံမြောက်တာပဲ။ အားလုံးညှိနှိုင်းကြပြီး ကောင်းတဲ့အဖြေရှာဖို့ ဦးပဉ္ဇင်းတို့က တောင်း ဆို ချင်ပါတယ်”ဟု သီရိလင်္ကာမှ မြန်မာစာသင်သား သံဃာတော်တပါးက ဆိုသည်။
အိန္ဒိယရောက် မြန်မာသံဃာ တော်များကလည်း နယူးဒေလီမြို့အရှေ့ဘက်ရှိ ယမုံနာမြစ်ကို သိမ်သမုတ်ကာ ကံဆောင်ခဲ့ကြသည်။
“သံဃာတွေကို ထောင်သွင်းအကျဉ်းချ၊ နှိပ်စက်တာတွေ လုပ်နေတာဟာ သံဃာတွေနဲ့ သာသနာအတွက် အန္တရယ်ပဲ။ ဒါကို ကာကွယ်တဲ့ အနေနဲ့ ဘုရားရှင် ညွှန်ကြားထားတဲ့အတိုင်း ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီပ၀ါယနာပွဲမှာ ဒီကံကို ထပ်ဆောင်တာပဲ”ဟု သာသနာ့ ဥသျှောင်အဖွဲ့ အိန္ဒိယ ဌာနခွဲ ဥက္ကဌ ဆရာတော် ဦးပညာဇောတ က မိန့်သည်။
ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ စသည်မြို့များတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာ တော်များကို အရပ်ဝတ်နှင့် ရဲများက စောင့်ကျပ် ကြည့်ရှုခြင်းများရှိနေသည်ဟု ဒေသခံများက ဆိုသည်။
ရန်ကုန်မြို့တွင်းတွင်လည်း စစ်ကားများ ရဲကားများလှည့်လည်နေပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားများ အနီးတွင် လုံခြုံရေးများ တင်းကျပ်စွာချထားသည်ဟု မြို့ခံများကဆိုသည်။
ရန်ကုန်မြို့ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲမှ သံဃာတော်များက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး တင်းကျပ်နေသည့်အတွက် သိမ်ဝင်၍ မပြုလုပ်ဖြစ်ကြောင်း အဖွဲ့ဝင်ဆရာတော် တပါးက မိန့်သည်။
“အခုဒီမှာက သူတို့တွေတအားရှုပ်နေတယ်။ စီစဉ်ထားတာ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် တခြားသူတွေ ကံဆောင်တာကို သဘောတူပါတယ်ဆိုပြီး သာဓုခေါ်လိုက်ရင် ကံဆောင်တာအောင်မြင်တယ်လို့ ယူဆ မှတ်ယူလို့ရတယ်။ တခြား ပြည်တွင်းပြည်ပက သံဃာတွေ ကံဆောင်တာဟာ ကောင်းတာလုပ်တာ ဖြစ်တဲ့ အတွက် သဘောတူ သာဓုခေါ်ပါတယ်”ဟု ကံဆောင်သည့် ဆရာတော်တပါးက မိန့်ကြားသည်။
စစ်အစိုးရက ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်း သုံး နေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကျပ်ကြည့်ရှုခြင်းနှင့် စစ်ဆေး မေးမြန်း ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။
ယင်းသံဃာအဖွဲ့က အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်း လျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက် များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှား မှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။
ထိုသို့ ထုတ်ပြန်ကြေငြာချက် ထွက်လာသည့် သြဂုတ်လတွင်းမှ စတင်၍ ဘုန်းတော်ကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာတော်များကို စောင့်ကျပ်ကြည့်ရှုခြင်းတို့အပြင် အနယ်နယ် အရပ်ရပ်ရှိ ဆရာတော် သံဃာတော်များအပါအ၀င် တက်ကြွသူ လူငယ်များကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။
ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ဖော်ပြချက်အရ မြန်မာပြည် အနှံ့ အကျဉ်းများထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း သိရသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1925:2009-10-03-12-06-01&catid=1:news&Itemid=2
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား
NEJ / ၃ အောက်တိုဘာ ၂၀၀၉
line
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။
ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။
ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။ http://www.khitpyaing.org/news/Oct09/030909b.php
Sunday, October 4, 2009
ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများ ကျင်းပ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment