ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009 ခုနှစ် 20 နာရီ 43 မိနစ်
မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က
သုမာလာလမ်းဆုံအနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။
အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်းတဦးက အမည်မသုံးရန် မေတ္တာရပ်ခံခဲ့သည်။
ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး သူ၏ မောင်သက်ဦးမောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။
“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ” ဟု ဆွေမျိုးရင်းဖြစ်သူက မဇ္ဈိမကို ပြောသည်။
ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ကိုဝင်းချိုကို မြောက်ဥက္ကလာရဲစခန်းက ဖမ်းဆီးထားသော်လည်း ရဲတပ်သား ပန်းသီး ကမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင်တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။
သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။
ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေးကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်၏ မိသားစု ဝင်များက မြောက်ဥက္ကလာ ရဲစခန်းတွင်ပင် လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားသည်။
ဆေးရုံရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင်၍ သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ၇ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့၌ မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟုဆိုကာ အား ရဲစခန်းက ဖမ်းဆီးထားခဲ့သည်။
ကွယ်လွန်သူ ဦးကျော့မောင်တွင် ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ သည်။
Monday, October 12, 2009
သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- မိတော့နေပြီ..ကွိကနဲ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment