Friday, October 9, 2009

၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် တိုင်းရင်းသားခေါင်းဆောင်ဟု ဆိုသူ ၃ ဦး ၀ါရှင်တန်သို့ ရောက်ရှိ

အမည်မဖော်နိုင်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ မြန်မာပြည်စစ်အစိုးရ၏ ၂၀၁၀ရွေးကောက်ပွဲကို အားပေး ထောက်ခံရန် အမေရိကန်အစိုးရကို တိုက်တွန်းမည့်တိုင်းရင်းသားခေါင်းဆောင်ဟု အမည်ခံထားသူ ၃ ဦး ၀ါရှင်တန်ဒီစီသို့ရောက်ရှိနေသည်ဟု ကြားသိရသည်။

(Saboi Jum)
၎င်းတို့မှာ ကချင်တိုင်းရင်းသား၊ ပြည်တွင်း Shalom ဖောင်ဒေးရှင်း ဒါရိုက်တာ၊စစ်အုပ်စုနှင့် ကချင်လက်နက်ကိုင်တို့အကြား စေ့စပ်ဆွေးနွေးနိုင်ခဲ့သူဟုဆိုသည့် ဒေါက်တာ ဆဘွယ်ဂျမ် (Saboi Jum)၊ ရှမ်းတိုင်းရင်းသား၊ ပြည်ပယူရိုဘားမားအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ၊ မြန်မာပြည် -တိုင်းရင်းသားလူမျိုးများ ကောင်စီ အကြံပေး ဟန်ညောင်ဝေ နှင့်ကချင်တိုင်းရင်းသူ၊ Shalom ဖောင်ဒေးရှင်း အဖွဲ့ဝင် နန်းရော်တို့ဖြစ်သည်ဟု ကြားသိရသည်။

www.baymyanmar.com မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်