Sunday, April 5, 2009

ဗိုလ်ချုပ်မှုးကြီးတို့ မြေးအဖိုးစီးပွားရှာအရမ်းကောင်း မြေးဖြစ်သူက သူ့ မဏ္ဍပ်ထိုင် လျှင် FEC ၂၀၀ဖြင့် ရေပက်ခဈေးအကြီးဆုံးမဏ္ဍပ် စံချိန်တင်


၂၀၀၈ခုနှစ်အင်းလျှာလမ်းသင်္ကြန်တွင် ရေပက်ကစားနေသူများ (AP Photo)
ယူကွန် | ယခင် နှစ်က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ပိုင် ဆိုင်သော တက္ကသိုလ်ရိပ်သာ လမ်းရှိ BME အမည်ရှိ မဏ္ဍပ် တွင်ရေပက် ကစားရင်း မူးယစ် ဆေးဝါးစွဲခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်မှာ ယခုနှစ် သင်္ကြန်တွင် ၎င်းကိုယ်ပိုင် မဏ္ဍပ် တစ်ခုကို အင်းလျှားလမ်း စီးပွားရေး တက္ကသိုလ်ရှေ့တွင် စတင်ဆောက် လုပ်နေပြီဟု သိရသည်။

Caterpillar ၀န်ချီစက်ဖြင့်ပင် ဆောက်လုပ် နေသော ထိုမဏ္ဍပ်မှာ အင်းလျှားလမ်းတွင် အကြီးဆုံး မဏ္ဍပ်တစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး အခြား မဏ္ဍပ် လေးခုစာလောက် ကျယ်ဝန်းသည် ဟုသိရသည်။ထို မဏ္ဍပ်တွင် ရေပက် ကစားချင် သူများ အနေဖြင့် ယောင်္ကျားလေး FEC ၂၀၀ ကျသင့်မည်ဖြစ်ပြီး မိန်းကလေး FEC ၁၅၀ ကျသင့်မည် ဖြစ်သည်။

အခြားမဏ္ဍပ် များတွင် ရေက်ကစားပါ က ဈေးအမြင့်ဆုံး မဏ္ဍပ်ပင်လျှင် ကျပ် ခုနှစ်သောင်းခန့် သာရှိ သော်လည်း ဖိုးလပြည့် ၏ မဏ္ဍပ် တွင် ရေကစားပါက ကျပ်ငွေအားဖြင့် နှစ်သိန်းကျော် ကုန်ကျမည် ဖြစ်သဖြင့် လက်ရှိ အင်းလျှားလမ်းရှိ မဏ္ဍပ်များတွင် ဈေးအမြင့်ဆုံး ဖြစ်သည် ဟုသိရသည်။

ဖိုးလပြည့် အင်းလျား လမ်းတွင် ရေပက် ကစားမည့် ကိစ္စနှင့် ပတ်သက်၍ အင်းလျားလမ်းတွင် နှစ်စဉ် မဏ္ဍပ် ထိုင်သူ တစ်ဦးက “သူ့ ဘေးနားက မဏ္ဍပ် တွေကို မကြည်ရင် ရန်စသေးတယ် အဲဒါ နှစ်တိုင်း သူလုပ် နေကျ အလုပ်ပဲ”ဟု Freedom News Group သို့ ပြောသည်။

source by : http://longwalktofreedom.wordpress.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်