Sunday, April 5, 2009

ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦးသေဆုံး ၃၇ ဦးဒဏ်ရာရ

ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ လာရောက်သော ဘုရားဖူး ကားတစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် လူ ၁၇ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာ ရရှိသွားသည်။

အမည်မဖေါ်လိုသူ အရာရှိတဦးမှ “ ၁၅ ဦးကို ပွဲချင်းပီး သေဆုံးပြီး ၂ ဦးက အမ်းဆေးရုံမှာ သေဆုံးသွားပါတယ်။ ၃၇ ဦးက ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။

အဆိုပါ သေဆုံးသွားသူများထဲတွင် မိန်းမကြီးများဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှ များကြောင်း အဆိုပါ အရာရှိက ပြောသည်။

“ ကားက အမ်းအလွန် မဲတောင်အတက်မှာ ချော်ကျပြီး သောကြာနေ့ နေ့လည်က မှောက်သွားတာ ဖြစ်ပါတယ်။ ခု အလောင်းတွေကို အမ်းဆေးရုံကို ယူလာပြီး ဒဏ်ရာ ရသူတွေကိုလည်း အမ်းဆေးရုံမှာဘဲ တင်ထားပါတယ်။” ဟု သူက ဆက်ပြောသည်။

တခြား သတင်းရပ်ကွက် အဆိုအရ သေဆုံးသူမှာ ၂၃ ဦးရှိသွားပြီ ဖြစ်ပြီ အာဏာပိုင်များအနေဖြင့် သတင်းကို အမှောင်ချထားသည်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ရန်ကုန်ကားလမ်းမှာ အထူး ယိုယွင်းပျက်စီးနေပြီး ပြုပြင်မူ မရှိသဖြင့် ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ လူအများအပြား သေဆုံးမူ ယခင်က မရှိကြောင်း သိရသည်။

ကားတိမ်းမှောက်၍ သေဆုံးသွားသူများစာရင်းသောကြာနေ့က အမ်းမြို့မှ စစ်တွေသို့ အထွက် ရန်ကုန် ဘုရားဖူး ကားတိမ်းမှောက်၍ သေဆုံးသွားသူများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

သေဆုံးသွားသူများမှာ ၁။ ဒေါ်စန်းပု (၅၈)နှစ်၊ ဖ ဦးလှမောင်- မရမ်းကုန်း- ရန်ကုန် ၂။ မယုယုမော် (၁၆)နှစ်၊ ဖ ဦးတင်ငွေ- မရမ်းကုန်း- ရန်ကုန် ၃။ ဒေါ်သောင်းငွေ (၆၂)နှစ်၊ ဖ ဦးစံယဉ်- မရမ်းကုန်း ၄။ ဒေါ်အုံးသိန်း (၆၀)နှစ်၊ မှော်ဘီ ၅။ ဒေါ်မျိုးမျိုးဝင်း (၃၀)နှစ်၊ ဖ ဦးရွှေဝင်း- မရမ်းကုန်း ၆။ ဒေါ်ယဉ်ယဉ်မင်းပို (၃၃)နှစ်၊ ဖ ဦးကိုကို- မရမ်းကုန်း ၇။ ဒေါ်လှလှဝင်း (၅၉)နှစ်၊ ဖ စီစစ်ဆဲ- မရမ်းကုန်း ၈။ ဒေါ်မိမိခိုင် (၅၅)နှစ်၊ ဖ ဦးကျော်အုံး- တွံတေး ၉။ ဒေါ်စန်းစန်းခိုင်(၃၈)နှစ်၊ ဖ ဦးလှကြိုင်- ဗဟန်း ၁၀။ ဒေါ်တင်တင်ရီ (၅၈)နှစ်၊ ဖ ဘိုကေ- မရမ်းကုန်း ၁၁။ ဦးသက်ဦး (၅၃)နှစ်၊ ဖ ဦးသောင်းဟန်- မရမ်းကုန်း ၁၂။ ဦးတင်မောင်သန်း (၅၀)နှစ်၊ ဖ ဦးသန်းမောင်- မရမ်းကုန်း ၁၃။ ဦးတင်ဂွမ်း (၄၈)နှစ်၊ ဖ ဦးဘသွယ်- မရမ်းကုန်း၁၄။ မအေးအေးမြင့် (၃၁)နှစ်၊ ဖ ဦးကျော်ဦး-မရမ်းကုန်း ၁၅။ မောင်စန်းသီဟ (၁၃)နှစ်၊ ဖ ဦးကျော်ဦး- မရမ်းကုန်း ၁၆။ မောင်ဇော်ထက် (၁၂)နှစ်၊ ဖ ခင်မောင်သန်း- မရမ်းကုန်း (အမ်းဆေးရုံတွင် သေဆုံး)၁၇။ မနှင်းဝေငြိမ်း (၂၂)နှစ်၊ ဖ ဦးသိန်းဖေ- မရမ်းကုန်း (အမ်းဆေးရုံတွင် သေဆုံး) တို့ ဖြစ်သည်။

ကျန်ဒဏ်ရာရသူ ၃၇ ဦးကို ယခုအခါ အမ်းမြို့ ဆေးရုံတွင် တင်ထားရင်္ပြီး နေကောင်းလာသူများကို အမ်းမြို့ မြို့တော်ခမ်းမတွင် ထားရှိ သည်ဟု သိရသည်။

ယခုအခါ သေဆုံးသွားများကို သဂြိုလ်ရန်အတွက် မိသားစုများထံ သက်ဆိုင်ရာက ဆက်သွယ်ဆောင်ရွက်နေသည်ဟု အစိုးရ တာဝန်ရှိသူ တဦးက ပြောသည်။
(nirinjara)

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်