နအဖတွင် ဘာအပြစ်မှမရှိပါ။ တစ်ခုခုဖြစ်လာလျှင် NLD, KNU, SSA ...တို့တွင်သာ အပြစ်ရှိသည်။ နအဖက နိုင်ငံတကာ ဥပဒေကို ဘာတစ်ခုမှ မချိုးဖောက်တော့ ပြောအားရှိတာပေါ့
သူပုန်များသာ မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ
Friday, 03 April 2009
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ပြည်သူအများ ထိခိုက်ပျက်စီးရခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ ဆွေးနွေးပွဲတခုတွင် မြန်မာ စစ်အစိုးရက စွပ်စွဲလိုက်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်နေသော အာရှဒေသအတွင်း မြေမြှုပ်မိုင်း တားဆီးရေး ဆွေးနွေးပွဲတခုတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲကို စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေး
လှုပ်ရှားမှုအဖွဲ့ (ICBL)မှ တာဝန်ရှိသူတဦးဖြစ်သည့် မစ္စတာ ဖရက်လူဘန် က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲ တက်ရောက်သူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သည့် ဦးကျော်တင့်ဆွေက ကရင်အမျိုးသားအစည်းအရုံး (KNU)သည် မြေမြှုပ်မိုင်း အများဆုံး အသုံးပြုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ဖော်ပြသွားသည်ဟု သိရသည်။
သို့သော်လည်း စစ်အစိုးရအနေဖြင့် KNU နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို များမကြာမီ ပြုလုပ်သွားမည်၊ သို့မှသာ အစိုးရက မြေမြှုပ်မိုင်း တားဆီးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဟုလည်း အဆိုပါ မြန်မာအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း မြေမြှုပ်မိုင်း တားဆီးရေး ဆွေးနွေးပွဲများကို မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခြင်းမှာ ဤတကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။ ၃ ရက်ကြာ ဆွေးနွေးပွဲကို ယနေ့ညနေတွင် အဆုံးသတ်မည် ဖြစ်သည်။
အရှေ့တောင်အာရှတွင် မြန်မာပြည်သည် မြေမြှုပ်မိုင်းကြောင့် သေကြေ၊ ထိခိုက်ဒဏ်ရာရမှု အများဆုံးနိုင်ငံများတွင် ပါဝင်ပြီး၊ မြေမြှုပ်မိုင်း ယခုအချိန်ထိ အများဆုံး အသုံးပြုနေသည့် နိုင်ငံလည်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနောက်တွင် အများဆုံး သုံးသည့် နိုင်ငံများမှာ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ဖြစ်သည်။
ICBL ၏ ၂ဝဝ၆ ခုနှစ် စာရင်းများအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၄၆ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၇ တွင် ပေါက်ကွဲမှု ၄၃၈ ကြိမ် ရှိခဲ့သည်။ သတင်းမရရှိခဲ့သော ပေါက်ကွဲမှုများလည်း ရှိသေးသည်ဟု ICBL က ဆိုသည်။
ICBL အဖွဲ့က မြေမြှုပ်မိုင်း အသုံးပြုသည့် မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကန့်ကွက်ထားသည်။ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်သူလူထုအကျိုးကို ဆောင်ရမည်ဖြစ်ပြီး မြေမြှုပ်မိုင်း သုံးပြီး သတ်ဖြတ်ခြင်း မပြုသင့်ဟု ဆိုသည်။
KNU လက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA) အဖွဲ့တို့ကလည်း မြေမြှုပ်မိုင်း အသုံးပြုခြင်း မရှိကြောင်း ငြင်းချက်ထုတ်ထားကြသည်။
“စစ်အစိုးရကတော့ ကျနော်တို့ကို စကားလုံးတွေနဲ့ အမြဲ တိုက်ခိုက်နေတာပဲ၊ သူတို့ကတော့ ကျနော်တို့ကို တိုက်ဖို့ မြေမြှုပ်မိုင်း သုံးနေတာ ကြာလှပြီ” ဟု KNU မှ ဗိုလ်မှူးကြီးစိုးစိုးက ပြောသည်။
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ စိုင်းဆိုင်မိဏ်းကလည်း အလားတူ ငြင်းဆိုထားသည်။
“စစ်အစိုးရက နိုင်ငံတကာအမြင်မှာ ကျနော်တို့က အကြမ်းဖက်အဖွဲ့ဖြစ်တယ်လို့ မြင်လာအောင် အမြဲ ပြောနေတယ်။ တကယ်တမ်းတော့ မြေမြှုပ်မိုင်းကို သုံးပြီး လူထုကို သတ်နေတာ သူတို့ပဲ” ဟု စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောပြသည်။
မြန်မာပြည်သည် ပြည်တွင်းစစ်မီး နှစ်ပေါင်းများစွာ တောက်လောင်နေသော နိုင်ငံ ဖြစ်သည်။ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကာကွယ်ရေး၊ တိုက်ခိုက်ရေးတို့ အတွက် မိုင်းမျိုးစုံ အသုံးပြုလျက်ရှိသည်ဟု သိရသည်။
ဘန်ကောက်တွင် ပြုလုပ်နေသော မြေမြှုပ်မိုင်း တားဆီးရေး ဒေသတွင်း ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ တက်ရောက်နေကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို အရှေ့တောင်အာရှဒေသ မိုင်းကင်းစင်ရေး ဟု အမည်ပေးထားသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=922:2009-04-03-12-50-22&catid=1:news&Itemid=2
Monday, April 6, 2009
ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ နအဖ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
-
▼
April
(446)
No comments:
Post a Comment