Sunday, April 5, 2009

မျောက်မဏ္ဍပ် ကဒီမှာဗျို့

သမီးရှင်တွေ သမီးတွေသိမ်းထား..၀တ်မှုန်ရွှေရည်ဖြစ်သွားမယ်..

ဖိုးလပြည့် အင်းလျားလမ်းတွင် ရေပက်မည်
မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ ဧပြီလ 05 2009 17:54 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် သူငယ်ချင်းများသည် လာမည့် သင်္ကြန် တွင် အင်းလျားလမ်း၌ မဏ္ဍပ်ထိုင် ရေပက်မည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ပြည်လမ်းမမှ အင်းလျားကန်ဘောင်သို့ အဝင်လမ်း၏ နံဘေး၊ စီးပွားရေး တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး မဏ္ဍပ်အမှတ် ၆-၉ ဖြစ်သည်။

အသက် ၂ဝ ခန့်ရှိ ဖိုးလပြည့်မှာ လှိုင်သာယာမြို့နယ်ရှိ နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသူ ဖြစ်သည်။

ယခင်နှစ်က စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်၏ သင်္ကြန်မဏ္ဍပ်က ဖြန့်ဖြူးပေးခဲ့သော ရာဘဆေးပြား ဖိုးလပြည့် သုံးစွဲခဲ့ခြင်းကို မိသားစုက သိရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒေါသထွက်ခဲ့ပြီး ရန်ကုန်လူကုံထံ အသိုင်းအဝိုင်း လူငယ်များအကြား ရေပန်းစားသော စိတ်ကြွဆေးပြား ဖြန့်ဖြူးသည့် ဂိုဏ်းကို ဖမ်းဆီးမှုများ လုပ်ဆောင်လာခဲ့သည်။

မောင်ဝိတ်လည်း ထောင်ချခံခဲ့ရပြီး ယခုအခါ ပုသိမ် အကျဉ်းထောင်တွင် ရှိနေသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်