ဒေါ်စု ဒီမိုကရေစီရေး သန္နိဋ္ဌာန် ခိုင်မာမှု နိုဘယ်လ်ဆု လက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော
10 October 2009
၂၀၀၉ ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတ အိုဘားမား ပုံကို ကိုင်ဆောင်ထားသည့် နော်ဝေနိုင်ငံ နိုဘယ်လ်ကော်မတီ ဥက္ကဌ Thorbjoern Jagland (အောက်တိုဘာ ၉၊ ၂၀၀၉)
ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ သူ့လိုပဲ ဆုရှင်တဦးဖြစ်ပေမဲ့ အခုအချိန်အထိ ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လို ပုဂ္ဂိုလ်တွေ အားလုံးနဲ့ ဒီဆုဟာ သက်ဆိုင်ပါတယ်လို့ ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက် လာတာကို မြင်တွေ့လိုတဲ့ အကြောင်းကိုလည်း အမေရိကန် အစိုးရက ထပ်ပြီး ပြောခဲ့တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တွေထဲက တဦးတည်းသော ဖမ်းဆီး ထိန်းသိမ်း ခံနေ ရ သူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီရေး စွမ်းဆောင်မှုတွေကို အခုနှစ်အတွက် ဆုရှင်ဖြစ်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အလေးထား ပြောဆိုလိုက်တာပါ။ သမ္မတက ဆုချီးမြှင့်ခံရကြောင်း သိရပြီးတဲ့ နောက် ပြောဆိုလိုက်တဲ့ နေရာမှာ ဒီဆုဟာ သူ့အစိုးရကို ဂုဏ်ပြုတာထက် အဓိပ္ပာယ် ပိုတဲ့ အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာတလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန် နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။"
သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရခဲ့ကြသူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ သမ္မတက မနေ့တုန်းကပဲ မှတ်ချက်ပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။
"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"
တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး အတွက်လည်း ထပ်မံတိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ သမ္မတရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရတဲ့အကြောင်း မှတ်ချက်ပေးစကားကို ကိုးကားပြီး အမေရိကန် အစိုးရရဲ့ ရပ်တည်ချက် သဘောထားကို နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
"ကျနော်တို့ ဦးစားပေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ပါ။ သမ္မတရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကြေညာချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကိုးကားပြီး ပြောသွားတာကို ခင်ဗျားတို့ သတိထားမိကြမှာပါ။"
မနေ့တုန်းကပဲ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီ တာဝန်ခံအပါအ၀င် ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံက သံတမန် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာမှာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု ကိစ္စတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ထားပေမဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ပြောဆိုထားတာပါ။ ဒီလို ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုဖို့လည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်အပါအ၀င် သံတမန်တွေနဲ့ တွေ့ခွင့် ရတဲ့အပေါ် အကောင်းမြင် သဘောထားရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် အမေရိကန် အစိုးရက ရှုမြင်ထားဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က ဆိုခဲ့တာ ဖြစ်ပါတယ်။
"တွေ့ဆုံမှုတွေဖြစ်ခဲ့တာကို ကျနော်တို့ ကျေနပ်မိပါတယ်။ သိတဲ့အတိုင်း သူဟာ မြန်မာပြည်ရဲ့ လက်ရှိကာလနဲ့ အနာဂတ် အတွက် အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ သင့်တယ်လို့ လည်း ယုံကြည် ထားပါတယ်။"
အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley ဖြစ်ပါတယ်။ ရှေ့လအတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ ပစိဖိတ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ အစည်းအဝေး အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း သမ္မတ အိုဘားမား ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် ဒီအစည်းအဝေးပွဲအတွင်း စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကား ပြောဖြစ်မယ် မပြောဖြစ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ http://www.voanews.com/burmese/2009-10-10-voa1.cfm
Saturday, October 10, 2009
ဒေါ်စုထက်စာ..ကျနော် ဖျင်းပါသေးတယ်ဗျာ..ရှက်တောင်ရှက်သေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
October
(212)
- The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)
- စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ
- အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ြ...
- ၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်
- ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခု...
- မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ
- ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ က...
- ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ
- ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်
- ယနေ့ထုတ် ကြေးမုံ သတင်းစာ
- နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တ...
- ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည...
- အောက်တိုဘာ ၃၀ ရက်သတင်းများ
- သာကူးတွေ ကို သတိထား
- မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရ...
- အော်..မရှိလည်း မနေရ..
- ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော...
- မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စေ...
- ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေ...
- ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ
- မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သံ...
- မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်...
- ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရ...
- မြတ်ဘုရား ရွှေတိဂုံ...
- အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထို...
- ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..
- ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေ...
- မျက်လှည့်ပြကောင်းတာ..နအဖ...
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
- လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရား...
- မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝ...
- ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာ...
- ၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ
- အပေါင်းအပါကြီးများ..
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- အနှိပ်စက်ခံ ပြည်သူတို့ ဘဝ
- Aung San Suu Kyi (On the road to Mandalay)
- U2 360° Walk On Aung San Suu Kyi Burma Myanmar
- ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့
-့ အရှက်မဲ့ဘုရင်ရူးအဖွဲ့ ရဲ လေထိုးလေလျော်
- Praying for Freedom of all political prisonors
- မြန်မာနိုင်ငံ၏ မြေပုံအညွှန်းများ ပါဝင်သော GPS ထွက်ပြီ
- ခက်တယ်
- ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?
- ပန်းသိန်းစိန် ကနေအမည်ပြောင်းလိုက်ပြီ..ခွေးသေးပန်း ...
- ထီး၊ နန်းနှင့် ပတ်သက်လျှင် အကြောမခံသူ ဗိုလ်ချုပ်ရူ...
- လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ အကြောင်း
- NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်
- မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင် အမှတ်တံဆိပ် Noteb...
- နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
- တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness...
- ပြည်ဖျက်ရအောင် ကြံတာ နိုင်ငံတော်အကြီးအကဲဆိုသူ သူရူ...
- ဒီပဲရင်းလုပ်ကြံမှု ၏တရားခံများ..
- ငါ့ဖို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈)
- ဒီမိုကရေစီ..သင်ခန်းစာများ..
- ကျောင်းသား တပ်မတော် ၏ လေ့လာရေး စာစဉ်
- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ...
- ခိုးစားထားတဲ့ ပိုက်ဆံ..ဦးနှောက်မမှန်ရင်..ဘာလုပ်ရမ...
- ဘဘတို့ ကရော ဒီလောက်တောင် သတ်ပုံပေါင်းတတ်ရဲ့လား..
- U.S. delegation to visit Myanmar soon: official
- မြန်မာနဲ့  ရေပြဿနာ..
- သံမဏိခွပ်ဒေါင်း (PRMG-TOKYO,JAPAN)
- ခေါင်းမဲ့သူများ ဦးဆောင်တဲ့ တပ်မတော်လေ၏ မောင်းသူမဲ...
- ဘဲဥပုပ်မှန်တော့မဲ့ မျက်ခွက်နဲ့  ဘကြီးစိန်
- ကဲ မခင်ဥမ္မာရေ..သာသာနာနာ.လေး နွှဲကြပါစို့ ဗျာ..
- အာရုဏ်ဦးမှာ ကြာဖူး မဖူးတော့ မသိ။။ ဘုရင်ရူးတွေ..ရူ...
- အကြံကုန် အိုက် နေတဲ့သူတွေ..အကြောင်ရိုက်နေတယ် သတိထား..
- ဗြဟ္မခေါင်း(ငတေဇ) MAI သို့ ရွေ့ လာခြင်း
- ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအမ...
- သူတို့ တွေဘဲ တမျိုးထပ်ထွင်နေပြန်ပြီ
- ရေးချိန်တန်က ရေးရမှာပဲ
- အထက်တန်းကျောင်းသားသမဂ္ဂဖွဲ့ ပြီးသွားပြီ။
- မင်း ဖိနပ်ပျံ မကြောက်တတ်တော့.နောက်တချီသွားလိုက်ဦး
- အာဆီယံ လူထုအခြေပြု ညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြ...
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း
- လူထု ကိုယ်စားလှယ်ကြီးပါ ခင်ဗျား …
- မွေးတဲ့နေ့ က အရေးမကြီးဘူးအမေ..မသေဖို့ က အရေးကြီးတယ်။
- မနိုင်တော့လည်း ဒီလိုပေါ့..မြန်မာ့ အားကစားစိတ်ဓါတ်လေ..
- မိတော့နေပြီ..ကွိကနဲ..
- နောက်ကြည့်မှန်
- လိမ်တာများတော့ ဒို့ မယုံ။ ဒိုင်..လက်ရှောင် ဥပဒေကို...
- အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ ဖွဲစည်း
- လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အ၀ီဇိ ငရဲသို့ သွားရာလမ်း
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်း...
- ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိ...
- သူတို့ ကလွဲ ဘယ်သူဖြစ်ဦးမလည်း..
- မိုက်ရူးရဲတွေနဲ့ အိမ်နီးချင်းလုပ်ရတာ..ပူရပင်ရတယ်.
- ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်”...
- လူတန်းစားမညီမျှမှုနှင့် ယနေ့ ( န အ ဖ ) တို့ ပြောသေ...
- နေနှစ်လုံးကြားက ပျက်လုလု ကမ္ဘာ..သန်းရွှေရေ ၀အောင်စား...
- ရှေ့မှာ လက်ယပ်ခေါ်နေတဲ့ ဘ၀ပျက် ( မင်းရဲကျော်စွာ )
- သစ္စာသတင်း ဂျာနယ် အောက်တိုဘာ ၂၀၀၉
- ကိုမင်းကိုနိုင် (၄၇)နှစ်ပြည်မွေးနေ့ အမှတ်တရစာလွှာ
- ကိုမင်းကိုနိုင်အကြောင်း
- ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရများ
-
▼
October
(212)
No comments:
Post a Comment