ပြည်တွင်းထဲမှ ပေးပို့သော ဆောင်းပါးတပုဒ်
တပါတီအာဏာရှင်စနစ်ကို ဖယ်ရှားရေး၊ ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် မြန်မာပြည်သူများဆင်နွဲနေကြသော ဒီမိုကရေစီတိုက်ပွဲသည် မြန်မာ့လူနေမှုဘ၀အရ မှန်ကန်သည်။ တိုက်ပွဲအောင်နိုင်ရေးအတွက် အသက်ပေါင်းများစွာကို ပြည်သူတို့ စတေးခံခဲ့ပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည် မလျော့သောဇွဲဖြင့် ရှေ့ဆက် တိုက်ပွဲဝင်နေဆဲပင်။ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများနှင့် ကြွေးကြော်သံများသည် ကမ္ဘာသို့ြ့ပန့်နှံ့လျှက် နိုင်ငံတကာမှ ပြည်သူများလည်း မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို စောင့်ကြည့်လျှက် တိုက်ပွဲဘက်မှ ရပ်တည်မှုရှိကြသလို ဥပေက္ခာပြု နိုင်ငံများလည်း ရှိနေသည်။ မြန်မာတို့၏ ဒီမိုကရေစီတိုက်ပွဲ လိုရင်းပန်းတိုင်သို့ မချဉ်းကပ်နိုင်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ရှေ့ဆက်မည့်သို့ ဆောင်ရွက်ကြရမည်နည်း။
ဒီမိုကရေစီဘက်တော်သားများသည် မိမိတို့ဆောင်ရွက်ကြရမည့်အရေးထက် နအဖ ၏ လုပ်ဟန်စံထားချက်များကို ပထမဆုံး သိထားကြမှ အရေးသာမည်။ ဒီမိုကရေစီ ရန်သူ၏ ပျော့ကွက် ဟာကွက်များကို ချုပ်ကိုင်မိရမည်။ ရန်သူ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်များကို ခွဲခြမ်းစိပ်ဖြာနိုင်ပြီးမှ ရန်သူအားကို ဖြိုခွင်းနှိင်မည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ဖြစ်ပေါ်ခဲ့သည့်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် မဆလ ခေတ်က အစပျိုးခဲ့ပြီး န၀တ နအဖ အဆုံး စစ်အာဏာရှင်များဖြစ်နေကြသည်ကို တွေ့ရပေသည်။ သူတို့သည် အမည်ကွဲသော်လည်း စစ်အာဏာရှင်စနစ် အသက်ရှင် အဓွန့်ရှည်ရေး၊ မိမိတို့လက်ဝယ် အာဏာ ထိမ်းထားနိုင်ရေး၊ မိမိတို့အပေါ် ဆန့်ကျင်မှုမှန်သမျှကို အကြမ်းဖက် နှိပ်ကွပ် ဖြိုခွင်းရေးတို့ဖြစ်၍ ဤသည်မှာ တခုတည်းသော သူတို့၏ ယုံကြည်ချက်ဖြစ်သည်။
သူတို့ကို ပြည်သူက လိုလားသည် မလိုလားသည်ကို ပဓာနမထား၊ မိမိတို့၏ ရည်မှန်းသည့် အတိုင်း အကောင်အထည်ဖေါ်မည့် လုပ်ငန်းဟူသမျှကို ပြည်သူ လူထုအား နာခံစေရေး၊ အဆိုပါ လုပ်ငန်းဟူ သမျှကို ပြည်သူ့ ဆန္ဒသဘောထား အတိုင်း ဆောင်ရွက်ချက် အဖြစ် ရောက်ရှိစေရေးကို ဦးတည် လုပ်ဆောင် နေသည်။ သူတို့လက်ဝယ် ရောက်ရှိနေသော စစ်အာဏာဖြင့် နိုင်ငံတော် အာဏာသုံးရပ်ကို ချုပ်ကိုင်၍ အနာဂတ် မြန်မာနိုင်ငံကို ထိမ်းထားနိုင်ရေးအား ရည်မှန်း ထားသည်။ နအဖ စစ်ခေါင်းဆောင်များမှာ မဆလ ဥခွံတွင်းမှ မွေးထုတ်ပေးခဲ့သည့် သူများ ဖြစ်သည့် အတိုင်း စစ်အာဏာရှင်စနစ် တည်မြဲရေးနှင့် ဒီမိုကရေစီ ဆန့်ကျင်ရေး စစ်မြေပြင်သို့ ဆင်း၍ လက်တွေ့တာဝန်ယူဘူးသူများ ဖြစ်ကြသည်။ သူတို့သည် ရှုံးပွဲမတွေ့၊ အောင်ပွဲတွေ့နေသူများဖြစ်၍ သူတို့၏ ဆန့်ကျင်မှု မှန်သမျှကို အကြမ်းဖက် နှိပ်ကွပ် သတ်ဖြတ်ရန် လက်မရွံ့သူများ ဖြစ်ကြသည်။
သူတို့သည် ပြည်တွင်းမှ ဆန့်ကျင်မှု မှန်သမျှကို အကြမ်းဖက်နှိပ်ကွပ်ပြီး ပြည်ပ ဆန့်ကျင်မှုကို အလေးမမူ ဂရုမစိုက်ကြပေ။ ပြည်တွင်း စီးပွားရေး ကျပ်တည်းမှုကို အခြေခံ၍ ပြည်သူချင်း စီးပွါးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးပြီး လာတ်ပေးလာဘ်ယူ စနစ်ဖြင့် မိမိအင်အားကို စုကာ တိုင်းပြည် အုပ်ချုပ်ရေးကို ရာသက်ပန် လက်မလွှတ်ရအောင် ဖန်တီးနေကြသည်။
ဒီမိုကရေစီတိုက်ပွဲကို ဆင်နွဲနေသူ များအနေဖြင့်လည်း နအဖ ကို အဓိကရန်သူဟု သတ်မှတ်ပြီး ခြေမှုန်းသုတ်သင် နိုင်ရေးအတွက် မိမိတို့ဘက်က ရန်သူ နအဖ ကြောက်ကိန်းကျစေသော နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး နည်းဗျူဟာ တရပ်ကို ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖေါ်ထုတ်ပြသကြရန် လိုနေသည်။ ဤအင်အားသည် ပင်လျှင် နအဖ နှင့် ဒီမိုကရေစီတိုက်ပွဲအကြား ဖြစ်ရှိနေသော နိုင်ငံရေးပဋိပက္ခကို ရှင်းရာ၌ အရင်းခံ ဖြစ်နေလိမ့်မည်။ အကြောင်းသော်ကား နအဖ ၏တရားသေ ကိုင်စွဲထားသော မူဝါဒလမ်းစဉ်များကို လျော့ပေါ့ရန်နှင့် အကြမ်းမဖက်သောတိုက်ပွဲထဲသို့ နအဖ အနေဖြင့် ၀င်ရောက်လာပြီး တွေ့ဆုံဆွေးနွေးရေး ဦးတည်ချက်ကို ဖြစ်ပေါ်လာစေ နိုင်သောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ အကြမ်းဖက် - အကြမ်းမဖက်ဝါဒကို ဤတိုက်ပွဲအတွင်း စဉ်းစားဝေဖန်နေကြလျှင် မပြီး၊ လိုအပ်က လိုအပ်သလို ဆုံးဖြတပြီး အကောင် အထည်ဖေါ် လုပ်ဆောင်ခြင်းသာ အရေးကြီးသည်။ ပြတ်သားသော ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ဘဲ တိုက်ပွဲကို ဖေါ်နေလျှင် ရန်သူ နအဖအား အခွင့်အခါကောင်း ပေးအပ်ထားသလို သူတို့ကစားရာသို့ လိုက်ပြီး လုပ်ဆောင်ရသော အခြေအနေသို့ ကျရောက်စေသည်။
ယနေ့ ကျွန်ုပ်တို့ ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာက သိရှိပြီးဖြစ်သည်။ မိမိတို့ဘက်တော်သားများ၏ နေရာအနှံ့ နေရာယူပြီးဖြစ်သလို မီဒီယာ လောကတွင်လည်း မိမိတို့ကပင် အသာစီး ရရှိနေပြီး ပြည်တွင်း လှုပ်ရှားမှုများကလည်း ရပ်တန့်မှုမရှိ။ ရလျှင်ရသလို ဆန္ဒပြ လှုပ်ရှားတိုက်ပွဲဝင်နေကြသည်။ သို့သော် မည်သို့သော လိုအပ်ချက်များ ကျန်ရှိနေသနည်း။ ပြည်တွင်းပေါက်ကွဲမှုကြီး ဖြစ်ရန်သာ ကျန်ရှိ နေပါတော့သည်။ ဤပေါက်ကွဲမှုကို ပြည်တွင်း၌သာ စ၍ရလျှင် ငါတို့ ဒီမိုကရေစီတိုက်ပွဲ ပြီးဆုံးပြီ ဖြစ်သည်။ ပြည်တွင်း ပေါက်ကွဲမှု၏အဓိကသော့ချက်မှာ ပြည်ပဖြစ်သည်။ ဤပေါက်ကွဲမှုကို ပြည်ပ ပေါက်ကွဲမှုမှ မြစ်ဖျားခံ စီးဆင်းရမည်ဖြစ်ရာ ပြည်သူတရပ်လုံ စစ်ရေး နိုင်ငံရေးအရ အားထားလောက်သော ယုံကြည်လောက်သော အင်အားစု တရပ် ရှိရန်လိုသည်။ ထိုအင်အားစု အသင့် ရှိနေပြီဖြစ်လျှင် ဤရှိနေမှုသည်ပင်လျှင် ပြည်တွင်းပေါက်ကွဲမှု၏ သော့ချက်ဖြစ်လာ ပါလိမ့်မည်။
မြန်မာပြည်သူများက ဘယ်မည်သော ဘက်ဘောင်ကို အားထားယုံကြည်လျှက် ပေါက်ကွဲမှုဖြစ်စေ အံ့နည်း။ တကယ်လို့ ပြည်တွင်းပေါက်ကွဲမှုဖြစ်သည်ဆိုအံ့။ ပေါက်ကွဲမှု၏အကျိုးသက်ရောက်မှုကို ဘယ်မည်သော လူပုဂ္ဂိုလ် အဖွဲ့အစည်းတရပ်က ဦးဆောင်မှု ဖန်တီးပေးပါအံ့နည်း။
ယနေ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီတိုက်ပွဲတွင် မြန်မာပြည်သူများ အားထားယုံကြည်လောက်သည့် စံထားချက် ခံရသည့်အဖွဲ့အစည်း မရှိသည်ကို ပြည်တွင်းပေါက်ကွဲမှု မရှိသေးခြင်းက သက်သေဖြစ်သည်။ တဦးချင်း တဖွဲ့ချင်း အခက်အခဲခံ လှုပ်ရှားနေခြင်းမျိုးသာ ဖြစ်နေသည်။ သာဓကအားဖြင့် ပြည်တွင်းကို သုံးသပ်က သိရှိနားလည်နိုင်ပါသည်။ ရှစ်လေးလုံးအရေးအခင်း ကလည်း သက်သေထူနေ၏။ ပြည်တွင်းပြည်ပ ဒီမိုကရေစီဘက်တော်သား များလည်း ဟန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်နေကြသည်။ နအဖ သည် ကျွန်ုပ်တို့၏ ကြိုးပမ်းချက်များကို စောင့်ကြည့်ကာ နည်းပရိယယ်များဖြင့်တဖုံ၊ အကြမ်းဖက်၍တမျိုး အသွင်အမျိုးမျိုးဖြင့် တုန့်ပြန်ခြေမှုန်းနေသည်။
ကျွန်ုပ်တို့ ဒီမိုကရေစီတိုက်ပွဲ ဆင်နွဲရာတွင် နည်းလမ်း ၂မျိုးဖြင့် ဆင်နွဲတတ်ကြရမည်။ အကြမ်းဖက် မဖက် နည်းလမ်း ၂သွယ်ရှိနေရာ ယနေ့ ကျွန်ုပ်တို့ တိုက်ပွဲကို အကြမ်းမဖက်သော လုပ်ဟန်ဖြင့် တိုက်ပွဲဝင်လျှက်ရှိကြရာ မှန်သည်မှားသည်ကို တော်လှန်ရေးတိုက်ပွဲထဲကပင် အဖြေထွက်စေခဲ့ပြီ ဖြစ်သည်။ တရားသေ တဖက်စောင်းနင်း နည်းဗျူဟာကိုတော့ တိုက်ပွဲတွင် မကျင့်သုံးအပ်ပေ။ အကြမ်းမဖက်သော နည်းနှင့် တိုက်ပွဲဝင်ရမည့် နိုင်ငံမျိုးတွင် ဖက်ဆစ်စနစ်ကို စံမထားသော အစိုးရဖြစ်နေရမည်။ ဖက်ဆစ် စနစ်ကို လက်ကိုင် စံထားသောနိုင်ငံတွင် အကြမ်းဖက် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ကြရမည်မှာ သေချာမှန်ကန်သည်။ ဖြစ်ချင်သည် မဖြစ်ချင်သည်ထက် တိုက်ပွဲသဏ္ဍာန်ကို လိုက်၍ တိုက်ပွဲဗျူဟာကို ခင်းကျင်းတတ်ရမည်။ အကြမ်းဖက် ဖက်ဆစ်စနစ်ကို စံထားသော စစ်ဝါဒီများကို အကြမ်းဖက် တိုက်ပွဲဝင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ဆန့်ကျင်နေကြသူများအား ခြေမှုန်း ဖျက်သိမ်းနိုင်စေမည် ဖြစ်သည်။ ကျားပါးစပ်မှ အမဲကောင်ကို အသာတကြည်မရနိုင်။ အကြမ်းဖက်ခြင်းမျိုးနှင့်သာ ရယူနိုင်သကဲ့သို့ ဖက်ဆစ်စနစ်ကို စံထားနေသော စစ်ဝါဒီ နအဖ ထံမှ ပြည်သူပိုင်အာဏာကို ရယူရေးတွင် အကြမ်းဖက်ခြင်းဖြင့်သာ ရယူနိုင်ခြင်းမျိုးဖြစ်သည်။
အနောက်နိုင်ငံများမှ အကြမ်းမဖက်ရေးဝါဒသည် သူတို့နယ်မြေ သူတို့ဒေသ နိုင်ငံများအတွက် မှန်ကန်နေသော်လည်း လူနေမှုစနစ်ချင်း ခံယူချက်ချင်းမတူဘဲ ကွဲပြားခြားနားမှုရှိနေသော နိုင်ငံတချို့ အတွက်မူ ၎င်းဝါဒသည် ဖြစ်ရှိနေသော ပြဿနာကို ထိရောက်စွာ မဖြေရှင်း နိုင်။ မြန်မာနိုင်ငံ ဒီမိုကရေစီတိုက်ပွဲသည် ရန်သူစစ်မြေတွင် ဘတပြန် ကျားတပြန် အချီအချ ဖြစ်နေရပုံက မြန်မာဒီမိုကရေစီ တိုက်ပွဲအ တွက် လိုအပ်ချက် ဟာကွက်တခုခု ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
စစ်ဝါဒီ နအဖ သည် ဒီမိုကရေစီဘက်တော်သားများကို ရန်သူများဟု တရားသေ သတ်မှတ်ချက်ချပြီး ရန်သူကို ရန်သူကဲ့သို့ ခွဲခြားလျှက် ဆက်ဆံသည်။ တုန့်ပြန်သည်။ ခြေမှုန်းသည်။ ကျွန်ုပ်တို့ဘက်က ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်ချက် တရားသေမရှိဘဲ တိုက်ပွဲဝင်နေ ကြမည်ဆိုလျှင် မည်သည့်အခါမှ အောင်ပွဲဆီသို့ ရောက်နိုင်မည် မဟုတ်ပေ။ ရန်သူအတွက် အားသာချက်များကိုသာ ဖြစ်စေလိမ္မည်။
Friday, June 5, 2009
“ ကျွန်ုပ်တို့တိုက်ပွဲနှင့် အကြမ်းဖက် မဖက်ပြဿနာ”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment