Monday, June 29, 2009

ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ

ဥက္ကဋ္ဌ Kwanchai Praiphana ဦးဆောင်တဲ့ ခွန်ရတ်ဥဒေါင် (ဥဒေါင်ကိုချစ်ပါ) လို့ အမည် ပေးထားတဲ့ ရှပ်နီအဖွဲ့ဝင် ၅၀၀ လောက်ဟာ စနေနေ့ ညနေက အရှေ့မြောက်ပိုင်း ဥဒေါင် ထနီပြည်နယ်ကနေ ဘန်ကောက်ဘက် ဆီကို ဘတ်စ်ကားတွေနဲ့ ထွက်ခွာသွားကြပါပြီ။

တခြား ပြည်နယ်တွေကလာတဲ့ ရှပ်နီတပ်ဖွဲ့ တွေနဲ့ ဆနမ်လွမ်းကွင်းကြီးမှာ ဆုံစည်းပူး ပေါင်းဖို့အတွက် ဘန်ကောက်ကို ညနေ ၄ နာရီ လောက်မှာ ဆိုက်ရောက်ဖို့ အဖွဲ့သားတွေက မှန်းဆထားပါတယ်လို့ ကွမ်ချိုင်း ကပြော ပါတယ်။ ရှပ်နီ အဖွဲ့သားတွေက ရွေးကောက်ပွဲသစ်အတွက် လမ်းဖွင့်ပေးတာဖြစ်တဲ့ ပါလီမန် ဖျက်သိမ်းရေးကို ၀န်ကြီးချုပ် အဘီဆစ် ကို တောင်းဆိုမယ်၊ အစိုးရသစ်တခု ရွေးချယ်ခွင့်ပေးဖို့ အတွက် အစိုးရအနေနဲ့ ပြည်သူလူထုကို အာဏာပြန်ပေးသင့်တယ် လို့ သူက ရှင်းပြ ပါတယ်။

ဒေသအသီးသီးက ရှပ်နီအဖွဲ့သားတွေ အထူးသဖြင့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပြည်သူတွေဟာ ဒီကနေ့ ညနေ ၅နာရီ၊ ဆနမ်လွမ်းကွင်းကြီးမှာ ကျင်းပမယ့် အစိုးရ ဆန့်ကျင်ရေး လူထုအစည်းအဝေးကြီးကို တက်ရောက်ဖို့ အတွက် အခုအခါ ဘန်ကောက်ကို ဦးတည်ချီတက်နေကြပါတယ်။

ဒီကနေ့ညနေ ၈ နာရီခွဲမှာ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာက ဖုန်းထဲကနေတဆင့် မိန့်ခွန်း ပြောကြားမှာ ဖြစ်တယ် ဆိုတာ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (UDD) က အတည်ပြုပြောဆိုပါတယ်။ ရှပ်နီ အဖွဲ့သားတွေဟာ ဆနမ်လွမ်း ကွင်းကြီးမှာ စုစည်းပြီး တနင်္ဂနွေမနက်မှာ လူစုခွဲပါမယ်။ လို့ UDDရဲ့အဓိက ခေါင်းဆောင် Jatuporn Promphan က ဒီကနေ့စနေမှာ ထပ်မံပြောဆို ပါတယ်။ လူအတော်များများက အဓိကကျတဲ့ အစိုး ရရုံးတွေ၊ ဘုရင့်အတိုင်ပင်ခံ ပရင်တင်ဆူလာနွံဒါ ရဲ့အိမ်နဲ့ အစိုးရ အိမ်တော်တွေ ၀ိုင်းမှာကို ကြောက်နေကြတယ်။ ကျနော်တို့ ဒါတွေကို မလုပ်ပါဘူးလို့ သူ ရှင်းပြပါတယ်။

source by : နေ့သစ်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်