Tuesday, June 30, 2009

“ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ ”

Monday, June 29, 2009
စိုးနေလင်း

နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရေးဟာ အဲဒီနိုင်ငံမှာ ချမှတ်အကောင်အထည်ဖော်တဲ့ အခြေခံစီးပွားရေးစနစ်ပေါ်မှာ အများကြီးမှီ တည်ပါ တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မှီတည်တယ်လို့ ပြောလို့လည်းရပါတယ်။ ဒီမိုကရေစီ ရေရှည်တည်တံ့ခိုင်မာရေး အလားအ လာဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြီးမားများပြားလာတာနဲ့အမျှ ပိုပြီးအားကောင်း ခိုင်မာလာမယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတွေရဲ့ အရည်အသွေးတွေနဲ့ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို အများကြီးသက်ရောက်မှု ရှိနေလို့ပါပဲ။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ် ပြန့်ပြန့် စာတတ်မြောက်မှုနဲ့ ပညာရေးက နိုင်ငံသားပြည်သူတွေကို ပိုပြီးရင့်ကျက်လာစေပြီး မဲဆန္ဒရှင် ပြည်သူတွေကို ပိုပြီး သိမြင်နားလည် လာစေပါတယ်။ နောက် ကျယ်ပြန့်လာတဲ့ လူလတ်တန်းစားတွေရဲ့ ပညာရပ်နယ်ပယ်နဲ့ အသက်မွေးဝမ်း ကြောင်းမှု နယ်ပယ်တွေက လှုပ်ရှား ဆောင်ရွက်မှု တွေကြောင့် အာဏာရှင်ဆန်တဲ့ အစိုးရမျိုးဖြစ်ပေါ်မလာအောင် ပိုပြီးကြီး မားတဲ့ ကာကွယ်တားဆီးမှု ဖြစ်ပေါ်လာစေ ပါတယ်။ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်က အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့ အစည်းကို ပိုမိုများပြားစွာ ပေါင်းဖွဲ့ လာစေပြီး အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ခုခံကာကွယ်ဖို့ ယုံကြည်မှု အပြည့် အဝရှိတဲ့ ကိုယ်တိုင်ဖွဲ့စည်းတည်ထောင်ထားတဲ့ အုပ်စုတွေနဲ့ အသင်းအဖွဲ့တွေကို ပိုပြီး ဖွံ့ဖြိုးအားကောင်း လာစေပါတယ်။

ဒါပေမယ့် ဒီမိုကရေစီဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု မြင့်မားတဲ့အခြေအနေတရပ်မှာပဲ ရှင်သန်ဖြစ်တည်နိုင်တယ်ဆိုတဲ့ ကောက်ချက် ချမယ်ဆိုရင်တော့ မှားယွင်းသွားပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တွေထဲမှာ ဂျီအင်ပီ (GNP) နိမ့်ကျတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့ပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးနေနိုင်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိနေကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ၊ ဂျမေကာ၊ ဘော့ဆွာနာ စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ တကယ်တော့ အားလုံးစာ တတ်မြောက်ရေးကို အားပေးထောက်ပံ့တဲ့ အစိုးရရဲ့မူဝါဒတွေဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အဆင့် တခုထက် ပိုပြီးအရေးပါနိုင်ပါတယ်။ ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံတွေမှာ တခြားဟာတွေထက် ပိုပြီးလို အပ်နေတာက သူတို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ရဲ့ ဘယ်အဆင့်ကပဲစတင်စတင် ခံသာတဲ့စီးပွားရေးဖွံ့ဖြိုးကြီး ထွားမှုပဲ ဖြစ်ပါတယ်။ ဒီလိုမှပဲ လူ့အဖွဲ့အစည်းရဲ့ အမျိုးမျိုးသောအစိတ်အပိုင်းတွေဟာ တိုးတက်မှုကို မျှဝေခံစားနိုင်မှာဖြစ်ပြီး ခွဲဝေမှုဆိုင်ရာ ပဋိပက္ခပြင်းထန်မှုကို သက် သာလျှော့နည်း သွားစေနိုင်ပါတယ်။ အဓိက အပြည်ပြည်ဆိုင်ရာ စီးပွားရေးအေဂျင် စီကြီးတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက စီးပွားရေးအေဂျင်စီကြီးတွေဆိုရင် ဒီမိုကရေစီဖြစ်စဉ်ကို အရေးပါတဲ့အကူအညီ အ ထောက်အပံ့ဖြစ်စေနိုင်သလို အဟန့်အတားလည်း ဖြစ်နေနိုင်ပါတယ်။

ဒီမိုကရေစီဟာ စီးပွားရေးမညီမျှမှုနဲ့ သဟဇာတဖြစ်လာနိုင်ပါသလား ဆိုရင်တော့ ဒီအဖြေကိုဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတဲ့ ရိုးရိုးအဖြေမျိုးပေးလို့ မရနိုင်ပါဘူး။ ဒါက အဆင့်အခြေအနေကိစ္စဖြစ်ပါတယ်။ တကယ်လို့ လူ့အဖွဲ့အစည်းတခုမှာ စီးပွားရေး မညီမျှမှုတွေ ပိုပြီးကြီးမားလာပြီဆိုရင် ဥစ္စာဓန စီးဆင်းစုပုံလာမှုကို နိုင်ငံရေးအကျိုးရလဒ်များရဖို့ အဆုံးအဖြတ်ပေးတဲ့ နေ ရာမှာ အရေးကြီးတဲ့ထောက်ပင့်ပံ့ပိုးမှုတခုအဖြစ် အသုံးပြုလာကြတဲ့အတွက် ထိထိရောက်ရောက်အကျိုးသက်ရောက်မှုရှိတဲ့ နိုင်ငံရေးသာ တူညီမျှမှု ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတတ်ပါတယ်။ တချို့လွန်ကျွံတဲ့ဖြစ်ရပ်တွေမှာ ချမ်းသာကြွယ်ဝသူတွေဟာ မရှိဆင်းရဲသားတွေရဲ့ မဲဆန္ဒကို သူတို့ရဲ့အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုသလို ကိုင်တွယ် ထိမ်းချုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့လုပ်ဆောင်တဲ့ လုပ်ရပ်တွေအပေါ်မှာ အားကောင်းတဲ့ ခြိမ်းခြောက်မှုတခုလို့ ရှုမြင်ကြ ပါတယ်။ တခြားတဖက်မှာတော့ တကယ်လို့ မရှိဆင်းရဲသားတွေဟာ ဒီမိုကရေစီနည်းနာတွေအားဖြင့် သူတို့ရဲ့ကံကြမ္မာကို တိုးတက်မြင့်မားလာနိုင်တဲ့ အလားအလာ ကိုမတွေ့ရဘူးဆိုရင် ဒီမိုကရေစီဟာ သူတို့အနေနဲ့ ထောက်ခံအားပေးထိုက်တဲ့ အရာလို့ ထင်မြင်ယူဆကြလိမ့်မယ်မဟုတ်ပါဘူး။ ခုတင်ပြနေတာတွေဟာ ဒီမိုကရေစီရဲ့အရည်အသွေးဆိုင်ရာ ပြဿနာ သာမဟုတ်ပဲ ဘယ်လိုပုံသဏ္ဍာန်အနေအထားမျိုးမှာမဆို ဒီမိုကရေစီ မပျောက်မပျက် တည်ရှိနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီအတွက် စီးပွားရေးဆိုင်ရားဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ဌာနတွင်း အဖွဲ့အစည်းတွင်းဒီမိုကရေစီရှိသင့်ပါတယ်။ တချို့ ဒီမိုကရေစီ လိုလား သူတွေကတော့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုကို လိုလားတယ်ဆိုရင် လူတွေအလုပ် လုပ်တဲ့နေရာ တွေ ဟာ သူတို့ဘဝတွေရဲ့ စရိုက်လက္ခဏာကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တွေထဲမှာ ပါဝင်ပြီး လုပ်ငန်းခွင်တွေမှာ ဒီမိုကရေစီနည်းလမ်းတကျရှိအောင် ပြုလုပ်ခြင်းဟာ အမြင့်ဆုံးဦးစားပေးရမယ့် အရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သမားတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေအပေါ်မှာ အလုပ်ရှင် တွေက လုပ်ဆောင် လာနိုင်တဲ့ အနှောက်ယှက်အဟန့်အတားတွေကို တားဆီးကာကွယ်နိုင်လာပါလိမ့်မယ်။ သူတို့နေနဲ့ သူတို့ ရဲ့လူနေမှုအဆင့်အတန်း၊ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်နေရာတွေအတွက် တိုးတက်မှုရှိအောင် ဒါမှမဟုတ် ခုခံကာကွယ် မှုရအောင် စုစည်းဆောင်ရွက် လာ နိုင်ပါလိမ့်မယ်။ ပိုပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ဦးတည်ချက်တွေမှာဆိုရင်တော့ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းတခု လုံးအ နေနဲ့ အောင်မြင်မှုရနိုင်ဖို့ အလုပ်သမားအားလုံးကို တချို့ တာဝန်ရှိမှုတွေနဲ့ လုပ်ငန်းဆောင် ရွက်မှုတွေ ပေးအပ်နိုင်တဲ့အမြတ်ခွန် ခွဲဝေ ရေးနဲ့ ပူးတွဲအဆုံးအဖြတ်ပေးရေး စီမံချက်တွေလည်း ပါဝင်လာပါတယ်။ အဲဒီလို စီမံချက်တွေဟာ အလုပ်ရှင်တွေ အတွက် အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ဖို့ ပိုပြီးခက်ခဲသွားစေပြီး အလုပ်သမားစည်း ကမ်းကိုလည်း ပိုပြီး အာမခံလာ စေပါ တယ်။ အဲဒီလို လုပ်ငန်းတွေ ကုမ္ပဏီတွေဟာ အလုပ်သမားအားလုံးရဲ့ ဖန်တည်းမှုစွမ်း အားတွေကို အားပေးတဲ့ခေတ်သစ်စီးပွားရေး တခုထဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတဲ့ အထောက် အထားတွေ အများကြီးရှိပါတယ်။

နောက်ပြီး အလုပ်သမားတွေကို ပြဋ္ဌာန်းသတ်မှတ်ခံတွေအဖြစ်ထတ် နိုင်ငံသားတယောက်အဖြစ် ဆက်ဆံကိုင်တွယ်ခြင်း အားဖြင့် အကောင်းဆုံးအကျိုးရလဒ်ရရှိနိုင်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီနဲ့ အကျိုးရလဒ်ဖြစ်ထွန်းမှုဟာ တကယ် တော့ တခုနဲ့တခု ဆန့်ကျင်ဖက်မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တခုမှာ ဒီမိုကရေစီကျင့်သုံးမှုဟာ စီမံကွပ်ကဲမှုနဲ့ အလုပ် ခွင်ကြား လုပ်ခလစာနဲ့ အခြေအနေတွေပေါ်မှရှိတဲ့ ကြီးမားတဲ့သဘောထား ကွဲလွဲမှုကို လျှော့နည်းသက်သာသွားအောင် လုပ် ဆောင်ဖို့ ဖိအားပေးနိုင်တယ်လို့လည်း မျှော်လင့်လို့ရပါတယ်။

ခု ကျနော် တင်ပြနေတာဟာ ဒီမိုကရေစီဘယ်နေမှန်းမသိခင်၊ နှုတ်ခမ်းနာနဲ့ တည့်ပါမလား လုပ်နေတာမဟုတ်ပါဘူး။ ကျနော် တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျနော်တို့ သိရှိနားလည်းထားကြပြီး ဖြစ်ပါတယ်။ ပြောချင်တာက ဒီမိုကရေစီဖြစ်စဉ်ဟာ စီးပွားရေး အခြေအနေနဲ့ပတ်သက်ဆက်နွယ်မှုရှိနေပြီး စီးပွားရေးဖွံဖြိုးအားကောင်းလာမှုက နိုင်ငံသားပြည်သူလူထုကို အရည် အသွေးမြင့်မား လာစေသလို အရပ်ဖက်ဆိုင်ရာအဖွဲ့စည်းတွေ တိုးများဖြစ်ထွန်းလာအောင် ကူညီပံ့ပိုးနိုင်တယ်။ ပြည်သူလူထု ရဲ့အရည်အသွေး မြင့်မား လာမှုနဲ့ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း တိုးများလာမှုက အစိုးရတရပ်ရပ်ကို အာဏာရှင်မဆန်အောင် ဖောက်ပြန်မှားယွင်းမှု တွေ မကျူးလွန်နိုင်အောင် ထိမ်းချုပ်တားဆီးနိုင်တယ်ဆိုတာကို တင်ပြတာပါ။

ကျနော်တို့ တိုင်းပြည်က စစ်အစိုးရက ဒီအချက်နှစ်ခုစလုံးကို ဖွံဖြိုးတိုးတက်လာမှာစိုးတဲ့အတွက် အမျိုးမျိုးဖျက်ဆီးနှောက် ယှက် ကန့်သတ်ချုပ်ချယ်နေတယ်ဆိုတာ အားလုံးသိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါမှပဲ သူတို့အနေနဲ့တိုင်းပြည်ကို အာ ဏာရှင်စနစ်နဲ့ ထင်သလို မင်းမှုအုပ်ချုပ်ခွင့်ရနိုင်မယ်ဆိုတာ အာဏာသိမ်းဗိုလ်ချုပ်တွေက ကောင်းကောင်းသိရှိနားလည်း ထားကြပါတယ်။ တိုင်းပြည် တပြည်ရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက အစိုးရ ဖြစ်ပါတယ်။ အစိုးရကချမှတ်တည်ဆောက်လိုက်တဲ့ အခြေခံစီးပွားရေးစနစ် ကောင်းမွန်မှန်ကန်မှ တိုင်းပြည်ရဲ့စီးပွားရေးဟာ ဖွံဖြိုးတိုးတက်လာ နိုင်ပါတယ်။ အလုပ်သမား လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု တခုတည်းနဲ့တော့ တည်ဆောက်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့နိုင်ငံရေး စီးပွားရေး၊ တရားစီရင်ရေး၊ ပညာ ရေး၊ ယဉ်ကျေးမှုစတဲ့ ရှိသမျှကဏ္ဍ အားလုံးကို အာဏာနဲ့လွှမ်းမိုးချုပ်ကိုင်ထားတဲ့ နိုင်ငံမျိုးမှာတော့ မေးခွန်းထုတ်နေစရာ အကြောင်းတောင်မရှိပါဘူး။ ဒါပေမယ့် တို့တွေဘာမှလုပ်လို့မရပါဘူး။ ဒါတွေဟာ အစိုးရကလုပ်ရမှာဆိုပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လိုမှ စေတနာမရှိတဲ့ စစ်အစိုးရလုပ်သမျှ ခေါင်းငုံခံနေရင်လည်း စစ်ကျွန်ဘဝက ဘယ်လိုမှလွတ်မြောက်နိုင်စရာ၊ ဒီမိုကရေစီအခွင့်အရေး တွေ ကို ခံစားခွင့်စရာအကြောင်းရှိမယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံပြည်သူလူထုအနေနဲ့ ဆိုးဝါးနိမ့်ကျတဲ့ စီးပွားရေး အခြေအနေအောက်က၊ ရတတ်သမျှအခွင့်အရေးတွေနဲ့ အခြေ အနေအောက်ကပဲ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းလေးတွေကို တိုးများလာအောင်လုပ်ပြီး အာဏာရှင်တွေရဲ့ ဖောက်ပြန်မှား ယွင်းတဲ့ အတွေးခေါ်နဲ့ ဖိစီးနှိပ်စက်မှုတွေကို ခုခံကာကွယ်ရင်း တပြိုင်နက်ထဲမှာပဲ တိုက်ဖျက်ခြေမှုန်းပစ်ဖို့ ကြိုးစားကြ ရပါလိမ့်မယ်။ မသဒ္ဒါရေစာပေးအပ်ထားတဲ့ အခွင့်အရေးမဖြစ်စလောက်နဲ့ စီးပွားရေးအခွင့်အလမ်းလေးတွေအောက်ကပဲ၊ ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ခုခံဆန့်ကျင်ဖို့ ကျားကုတ်ကျားခဲ ကြိုး စားကြရပါလိမ့်မယ်။ ဒီနေရာမှာ ဂျပန်လူမျိုးတွေရဲ့ ကိုယ်ခံပညာဖြစ်တဲ ‘ကရာတေး’ ပညာရဲ့ သင်းကြားချက်တရပ်ကို ကိုးကားတိုက်တွန်းလိုက်ပါတယ်။ 'Defensive is offensive' “ခုခံကာကွယ်ခြင်းသည် ထိုးနှက်တိုက်ခိုက်ခြင်း” ဖြစ်ပါသတဲ့။

Ref: Introducing Democracy 80 Questions and Answers (David Beetham and Kevin Boyle)
စိုးနေလင်း


http://www.naytthit.com

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်