Thursday, June 25, 2009

ယုံလား..တဲ့

သီချင်းသစ်ပါ။ ဟေမာနေ၀င်းရဲ့ "ယုံလား"ကို ပြန်ဆိုထားတာလေ။
တေးသံရှင်မျက်နှာသစ်လေး အမည်က "ခင်ရီ" တဲ့။

Moe

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း via Padauk Myay by ပိတောက်မြေ on 6/25/09

ဒီနေ့ ဇွန် ၂၅ ရက်နေ့ နေ့လည် တစ်နာရီက ပြည်လမ်း မူးယစ်ဆေးဝါး ပြတိုက်မှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သံတမန်တွေ၊ ပြည်တွင်း သတင်းစာဆရာတွေကို ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို အမေရိကန် နိုင်ငံသား ယက်တော ၀င်ရောက်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားသွားပါတယ်။ ရှင်းလင်းပွဲက တစ်နာရီ ကျော်ကြာပြီး ရဲချုပ်က ယက်တော ပထမအကြိမ် လာတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းပို့တဲ့အခါမှာ လူတစ်ဦး လာတာကို တွေ့တယ်လို့ပဲ ပြောပြီး Book Mormom စာအုပ် ထားခဲ့တာကို မပြောခဲ့ဘူး။ ဒုတိယအကြိမ် ယက်တောကို ဖမ်းမိမှ ယက်တောဆီက စာအုပ် ထားခဲ့တာကို သိရပြီး ဒေါ်စုကြည်ကို မေးတဲ့ အခါကျမှသာ စာအုပ် ထုတ်ပေးခဲ့တယ်လို့ ၀င်လာသူက နိုင်ငံခြားသား ဖြစ်တယ် ဆိုတာကိုလည်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ယက်တောက အ၀င်လမ်း အတိုင်း မပြန်တာဟာ သံသယ ဖြစ်စရာပဲလို့၊ ပြောပြီး ဒီလုပ်ဆောင်ချက်တွေ နောက်မှာ အဖွဲ့အစည်းတွေ ပါနိုင်တယ်လို့ ပြောသွား ပါတယ်။ နောက်ပြီး ပထမတစ်ကြိမ် လူဝင်တယ် ဆိုတုံးကလည်း တာဝန်ကျတဲ့ ရဲတွေကို လဲလှယ်ပြီး အရေးယူမှု လုပ်ခဲ့ကြောင်း၊ အခုလည်း စုံစမ်း စစ်ဆေးနေပြီး တာဝန် ပေါ့ဆသူများကို အရေးယူဖို့ ရှိကြောင်း ပြောသွားပါတယ်။

သတင်းထောက်တွေက နောက်ကွယ်မှာ ဘယ်အဖွဲ့ ရှိတယ်ဆိုတာ တိတိကျကျ ပြောနိုင်မလားလို့ မေးတော့ ရဲချုပ်က တိကျ ခိုင်မာတဲ့အချိန်မှာ ပြောမယ်လို့ ပြန်ဖြေသွားပါတယ်။ သံတမန်တွေက အမှုက ကြာဦးမှာလားလို့ မေးတော့ ဒါက တရားရုံး ကိစ္စဖြစ်တယ်။ နောက်ပြီး သက်သေ ခေါ်ခွင့်အတွက် အကြိမ်ကြိမ် လျှောက်လဲနေတာက တရားခံဘက်ကသာ ဖြစ်တယ်။ ဒါ့ကြောင့် ရုံးချိန်းတွေ ထပ်ပေးနေရတာပါလို့ ပြောသွားပါတယ်။ ဒေါက်တာ တင်မျိုးဝင်းကို သက်သေ မတင်တဲ့ ကိစ္စ မေးတော့ တရားခံဘက်က တင်မျိုးဝင်းကို တရားခံပြ သက်သေအဖြစ် တင်ဖို့ ဘယ်တုံးကမှ မတောင်းဆိုခဲ့ဘူးလို့ ဖြေသွားကြောင်း သိရပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်