Wednesday, June 24, 2009

ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော့ ဖြစ်လဲ သိရမှာမဟုတ်ဘူး မဖြစ်ဘူးလို့ဘဲ ဖင်ပိတ်ငြင်းမှာ

ဝက်တုတ်ကွေး (H1N1)ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို စတင်ကူးစက်

6/24/2009

တာကလူး (နိရဉ္စရာ): ကမ္ဘာအနှံ့နိုင်ငံများစွာကို ပြန့်နှံ့ကူးစက်လျက်ရှိသည့် (H1N1) ခေါ် ၀က်တုတ်ကွေးရောဂါသည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို စတင်ကူးစက်ပြန့်နှံ့လာပြီး ယခုအချိန်ထိ ရောဂါကူးစက်ခြင်းခံရသူ စုစုပေါင်း (၇)ဦးရှိသွားပြီဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးဌာန အရာရှိများ၏ ထုတ်ဖေါ်ပြောကြားချက်အရ သိရသည်။

ကူးစက် ရောဂါ လေ့လာရေးနှင့် ကာကွယ်ရေး ဌာနမှ ဒါရိုက်တာ ပါမောက္ခ မာဟာမူဒူ ရော်ဟာမန်က “ဘင်္ဂလာဒေ့ခ်ျ နိုင်ငံထဲမှာ

ဇွန်လ(၂၃)ရက်နေ့ အထိ ၀က်တုတ်ကွေး ရောဂါ ကူးစက် ခံနေရသူ စုစုပေါင်း (၇) ဦး ရှိသွားပါပြီ” ဟု မြို့တော်ဒက္ကားတွင် ယနေ့ သတင်းထောက်များအား ပြောကြားသည်။

ရောဂါကူးစက်ခံနေရသူများမှာ အသက် ၂ နှစ်ခွဲမှ အသက် (၂၀) အကြားရှိသူများဖြစ်ပြီး အမေရိကန်နိုင်ငံကို လည်ပတ်ခဲ့ပြီး ယခုလ (၁၈)ရက်နေ့တွင် ပြန်လာသူများဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် (H1N1) ဗိုင်းရပ်စ်ကို အမေရိကန်သို့ ပညာရေးဆိုင်ရာ လေ့လာရေး သွားရောက်ခဲ့သူ ၁၉ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦးတွင် ဇွန်လ (၁၈)ရက်နေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ရှိချက်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ကူးစက်ရောဂါ လေ့လာရေးနှင့် ကာကွယ်ရေးဌာန နှင့် ၀မ်းရောဂါ သုတေသန အဖွဲ့(ဘင်္ဂလာဒေ့ခ်ျ) တို့က ပူးတွဲ စမ်းသပ် စစ်ဆေးခဲ့ပြီး အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ရောဂါကူးစက်ခြင်း ခံနေရသူများ၏ အခြေအနေမှာ ပိုမို ဆိုးဝါးမှု မရှိသေးကြောင်း၊ သီးသန့် ခွဲထားပြီး ပုံမှန် ဆေးကုသပေးလျက်ရှိကြောင်း ရော်ဟာမန်က ပြောကြားခဲ့သည်။

ဝက်တုတ်ကွေးရောဂါမှာ ဇွန်လ (၂၂)ရက်နေ့ထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကို ပျံ့နှံ့ ကူးစက်လျက်ရှိပြီး သေဆုံးသူ (၂၃၁)ဦးရှိကာ ရောဂါကူးစက်ခံရသူ (၅၂၀၀၀)ကျော်ရှိ ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ၀က်တုတ်ကွေး ရောဂါမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အပါအ၀င် အိမ်နီးချင်း နိုင်ငံအားလုံးကို ပြန့်နှံကူးစက်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် အဆိုပါ ကမ္ဘာ့ ကပ်ဆိုးရောဂါမှ ကင်းလွတ်လျက် ရှိကြောင်း မြန်မာအာဏာပိုင်များက ပြောကြားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်