Friday, June 5, 2009

မုံရွာ ရပ်တော်မူ ဗုဒ္ဓရုပ်တု ပေါ်ကနေ အရှင်ဆန္ဒာဓိကတို့ ပြုတ်ကျ

မုံရွာ ရပ်တော်မူ ဗုဒ္ဓရုပ်တု ပေါ်ကနေ အရှင်ဆန္ဒာဓိကတို့ ပြုတ်ကျ

မနေ့ကဇွန်လ ၄ရက်နေ့ညနေ မုံရွာမြို့ ဗောဓိတထောင်ဘုရားအနီးက တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်တဲ့ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓမြတ်စွာဘုရားပေါ်ကအဆင်း ၀န်ချီစက် ပြုတ်ကျတဲ့အတွက် ဆရာတော် ၃ပါး လူ ၅ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ပုဂ္ဂိုလ်တွေကတော့ ရွှေပါရမီ တောရဆရာတော် အရှင် ဆန္ဒာဓိက၊ ရဝေနွယ် (အင်းမ)။ဗောဓိတထောင်ကျောင်းက ဆရာတော် ဦးစန္ဒောဘာသတို့ ၃ ပါးနဲ့ တကာ ၅ ယောက်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။ အရှင်ဆန္ဒာဓိက ကတော့ ဂုံညှင်းရိုး ကျိုးသွားပြီး ရဝေနွေအင်းမက ချေသလုံးကျိုးသွားကာ အရှင် စန္ဒောဘာသက ခါးရိုးအက်သွားပါတယ်၊ လူ ၅ ဦးက တော့ ၃ဦးခြေကျိုးပြီး ၂ဦးက ပွန်းပဲ့ယုံပဲ ဒဏ်ရာရတယ်လို့ သိရသည်

ရွှေပါရမီ တောရဆရာတော် အရှင် ဆန္ဒာဓိကနဲ့ ရ၀နွယ် (အင်းမ)က မန္တလေး ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပြီး ဦးစန္ဒောဘာသကတော့ မြို့တော် ဆေးရုံမှာ တက်ရောက်နေရပါတယ်၊ ဆရာတော်တွေပါတဲ့ အဖွဲ့ဟာ ၄၂၄ ပေမြင့်တဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုပေါ်ကို အတက်တုန်းက ခြေလျင်တက်ခဲ့ပေမဲ့ အဆင်းမှာ ပစ္စည်းတွေကို အတင်အချလုပ်တဲ့ ကြိုးနဲ့ဆွဲတက်ရတဲ့ ၀န်ချီစက်နဲ့ ချပေးရာမှာ ၁၈ ထပ်မရောက်ခင် ပေ ၄၀ လောက်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်၊
ပေးပို့ သော ကိုရွှေနန္ဒ အား ကျေးဇူးပါခင်ဗျား

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်