Tuesday, June 2, 2009

မြန်မာ စာနယ်ဇင်းများရဲ့ ဒုက္ခ

အင်းစိန်ထောင်ရှေ့တွင် ဂျာနယ် ဖြန့်ဝေ ရောင်းချမှုဖြင့် True News ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်များကို ရန်ကုန်မြို့ စာပေစိစစ်ရေးရုံးက ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။မေလ ၁၉ ရက်နေ့ထုတ် True News ဂျာနယ် မျက်နှာဖုံးမေလ ၁၉ ရက်နေ့ထုတ် True News ဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဆောင်းပါး ကောက်နုတ်ချက်နှင့် ပတ်သက်ပြီး ခံဝန်ချက် လက်မှတ်ထိုးခဲ့ရသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လူကြိုက်များသောဂျာနယ်တစ်စောင်ဖြစ်သည့်သစ္စာဂျာနယ်တိုက်အားထောက်လှမ်းရေးက ထိုသို့ ဝင်ရောက် ရှာဖွေခြင်းခံရသည့် အတွက် ပြည်တွင်းဂျာနယ် မီဒီယာများလည်း ၎င်းတို့ ၏ပုဂ္ဂလ လုံခြုံရေးအတွက် စိုးရိမ်မကင်းရှိလျှက် ဖြစ်သည်။
သစ္စာ ဂျာနယ်တိုက်မှ ၀န်ထမ်းတစ်ဦးက မေလ ၂၂ ရက်နေ့ တွင် အင်းစိန်ထောင်ရှေ့၌ “မှန်တာပြောသစ္စာ”ဟု ကြေညာရောင်း ချခဲ့သောကြောင့် ထိုကဲ့သို့ ထောက်လှမ်းရေးက ၀င်ရှာခြင်းဖြစ်သည်။
ရဲရင့် ငယ် cbox မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်