Tuesday, June 2, 2009

ဒေါ်အောင်ဆန်းစုကြည်၏ စာရိတ္တအတွက် သက်သေမလိုကြောင်း တရားရုံးပြောဆို

Monday, June 1, 2009

ဒေါ်အောင်ဆန်းစုကြည်ဖက်က ထွက်ဆိုပေးမဲ့ သက်သေ ၄ ဦးထဲက NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး NLD ဗဟိုကော်မတီဝင် ဦးဝင်းတင် အပါအဝင် သက်သေစုစုပေါင်း ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပယ်ချခဲ့တာဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၅၇ အရ မညီညွတ်ပဲ မှားယွင်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကနေ့ ဇွန်လ ၁ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၃ ဦးကို ဘာကြောင့် ပယ်ချတယ်ဆိုတဲ့ အင်းစိန်ထောင် တရားရုံးရဲ့ အကြောင်းပြချက် မိတ္တူ ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီကနေ့မှာ သွားရောက် ကူးယူခဲ့ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၃ ဦးကို ပယ်ချခဲ့တဲ့ အကြောင်းပြချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်စာရိတ္တ ကောင်းမွန်တာကို တရားရုံးက ယုံကြည်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ထွက်ဆိုစရာ မလိုတဲ့သဘောမျိုး အင်းစိန်ထောင် တရားရုံးက မရှင်းမလင်း ဖော်ပြထားကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက RFA ကို အခုလို ရှင်းပြပါတယ်။
ဦးကြည်ဝင်း။ ။ 'အကြောင်းပြချက်ကတော့ ဒါမလိုပါဘူးပေါ့ဗျာ၊ character နဲ့ ပတ်သက်လို့ ပြတဲ့သဘော ဆိုတာ မလိုပါဘူးပေါ့။ ဘာဆိုလိုတယ် ဆိုတာကနော် ဟို ရိုးရိုးလေး တွက်လိုက်ရင် အဲ သူက သူတော်ကောင်းပါ၊ ဟုတ်လား၊ အဲဒီတော့ character နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ ပြောနေစရာ မလိုဘူးပေါ့။ အဲ သူက သူတော်ကောင်းလို့ ဆိုရင် ဒီအမှုကို ဘယ်ကျူးလွန်မလဲ၊ ဟုတ်တယ် မဟုတ်လား။ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဒီသုံးယောက်ကို ပယ်တာဟာ ဥပဒေအရ မှားတယ်၊ နော်။ ဥပဒေအရကို မှားတယ်။ နှစ်အချက်က တရားမျှတမှု ရှုထောင့်က ကြည့်ရင်လည်း မှားတယ်။ ပြောရင် အဲဒီမှာ အကျင့်ပုဒ်မ ၂၅၆ ၊ ၂၅၇ ဆိုတာရှိတယ်၊ အဓိက ၂၅၇။'
ရှေ့နေကြီး ဦးကြည်ဝင်းက RFAကို ထပ်မံ ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုပေးမဲ့ သက်သေတွေထဲမှာ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးရော ၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် တကယ့်ကို အရေးပါတဲ့ သက်သေတွေ ဖြစ်ပေမဲ့ အခုလို သက်သေထွက်ဆိုခွင့် ဆုံးရှုံးခဲ့တာဟာ တရားမျှတမှု မရှိဘူးဆိုတာကို ပြသတာပဲ ဖြစ်ကြောင်း RFA ကို ပြောဆိုပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်