03 June 2009
ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့ သက်သေတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ လျှောက်လဲတင်ပြချက်ကို တရားရုံးကလက်ခံလိုက်ပါတယ်။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေရဲ့ တင်ပြချက်ကို ကြားနာပြီး အခုလို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ တရားခွင် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန် ထောင် တွင်းက တရားခွင်မှာ၊ သူ့ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံပဲ တယောက်သာ ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို အခုနောက်ဆုံး လက်ခံလိုက်တာပါ။ သက်သေ ၄ ယောက် အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်း ရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခဲ့ပေမယ့် ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တဲ့နောက် အခုလို ပြန်လည်သုံးသပ်ဖို့ လျှောက်ထားခဲ့တာကို လက်ခံခဲ့တာပါ။ ဒီအတွက် မူလက သတ်မှတ်ထားသလို အပြီးသတ်လျှောက်လဲချက်ပေးမယ့် အစီအစဉ်ဟာလည်း နောက် ဆုတ်သွားပါပြီ။ ရန်ကုန်တိုင်း တရားရုံးက အခု နောက်ဆုံး ကြားနာပြီး လျှောက်လဲချက်ကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပြောပြတာကတော့ ....
“ကျွန်တော်တို့ ဒီနေ့ ၃နာရီ တိုင်းတရားသူကြီးရုံးမှာ ကျွန်တော်တို့ တဘက်ပဲ လျှောက်လွှာတင်တယ်။ ဒီအမှုကို လက်ခံ ထိုက်တယ် ဆိုတာကို ကျွန်တော်တို့ အကိုးအကားတွေနဲ့ လျှောက်လွှဲချက်ပေးပါတယ်။ လျှောက်လွှဲချက် ပေးပြီးတော့ တိုင်း တရားသူကြီးက အမှုကို လက်ခံတယ်ဆိုတဲ့ အမိန့်ချပါတယ်။ ပြီးတော့ ၂ဘက်ပေါ့၊ တရားလိုဘက်ရော၊ ကျွန်တော်တို့ဘက် ရော လျှောက်လွှဲချက် ပေးဖို့ ၅ရက်နေ့ ၃နာရီကို ရက်ချိန်းပေးပါတယ်။ ၅ရက်နေ့ ၃နာရီ ကြားနာပြီးရင် သင့်တော်တဲ့ တရက်မှာ တရားသူကြီးက အမိန့်ချမယ်။ ကျွန်တော်တို့ ပြောတဲ့အတိုင်း လက်ခံတယ်ဆိုရင် အောက်ရုံးမှာ သက်သေတွေ ထပ်စစ်ရမယ်။ အင်းစိန် တရားရုံးမှာ ၅ရက်နေ့ မနက် ၁၀နာရီမှာ အပြီး သတ် လျှောက်လွှဲချက်ပေးဖို့ ရက်ချိန်း ပေးထားပါ တယ်။ အဲဒီ ရက်ချိန်းက အခုလိုတိုင်းတရားရုံးက အမှုကို ပြင်ဆင်ဖို့ လက်ခံလိုက်တယ် ဆိုတဲ့ အဲဒီ ရက်ချိန်းကတော့ အလိုလို ရွှေ့သွားပါတယ်။ တိုင်းတရားရုံးက ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အပြီးသတ် အမိန့်မချမချင်း အဲဒီဟာ ရွှေ့မယ်။”
အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေ ၁ ယောက်သာ တင်ပြ ထွက်ဆိုခွင့် ရပြီး တရား လိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆို ခွင့်ရခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောနေတာပါ။ အခုလို ပြင်ဆင်ချက်ကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်ပြီး တဲ့နောက် ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက မျှော်လင့်ထားကြ တာပါ။
“ဥပဒေ သဘောအရတော့ အရေအတွက်ကတော့ အရေးမကြီးပါဘူး။ အရည်အချင်းက အရေးကြီးတယ်။ ဒါပေမဲ့ ဒီလို ကျွန်တော်တို့ ဘက်ကို တယောက်တည်း ပေးထားပြန်တော့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် တဘက်စောင်းနင်း သဘောရောက် တယ်။ အဲဒီတော့ ကျွန်တော် တို့ တင်ပြတဲ့ သက်သေကို အပြည့်အ၀ ပေးလို့ရှိရင် ကျွန်တော်တို့ ခုခံချင်တဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အပြည့်အ၀ လုပ်လို့ ရတဲ့ သဘောပေါ့။”
ဒေါ်အောင်ဆန်းစုကြည် ကို တရားခွင်မှာတင်ပြီး ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံကာကွယ်ခွင့်ပေးထားပေမဲ့၊ တရားစီရင်ရေး စနစ်ဟာ လွတ် လပ်မှုမရှိဘူး၊ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒါပေမဲ့လည်း အခုနောက်ဆုံး ဒီလို ပြင်ဆင်ချက်ကို လိုက်လျောလာတာမျိုးတွေ ရှိလာနေတဲ့အချိန် ဒါဟာ တရားစီရင်ရေး စနစ်လွတ်လပ်မှုရှိလာပြီလို့ ယူဆနိုင်ပါသလား။ ဦးဥာဏ်ဝင်း ကတော့ အခုလို မှတ်ချက်ပေးပါတယ်။
“ကျွန်တော်တို့ အားလုံးကို ခြုံပြီးတော့၊ အပြီးသတ် အမိန့်လည်း မရသေးတော့ မပြောနိုင်ဘူး။ လက်ခံ တိုင်းတရားရုံးက လက်ခံတာက တော့ ကျွန်တော်တို့ ဥပဒေ လမ်းကြောင်းကို ဦးတည်တဲ့ လက္ခဏာ အဖြစ်လို့ ကျွန်တော် မြင်ပါတယ်။ ဥပဒေနဲ့ အညီသာ အဆုံးအဖြတ် ပေး မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ဘူးလို့ ဥပဒေအရ ကျွန်တော် မြင်ပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ခန့်မှန်းပြီးတော့ မပြောသင့်ပါဘူး။ တရားရုံးပေါ် မှာပဲ မူတည်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပါ။ တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ အစောပိုင်းတုန်းက သတ်မှတ်ထားတာမို့၊ မကြာခင် စီရင်ချက်တရပ် ချမှတ်လိမ့်မယ်လို့ တွက်ဆနေ ခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ တရားရုံး ဆုံးဖြတ်ချက် အရဆိုရင်တော့ တွက်ဆထားသလောက် မြန်ဆန်မှာ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။ http://www.voanews.com/burmese/2009-06-03-voa3.cfm
Wednesday, June 3, 2009
ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကိစ္စ ပြင်ဆင်ချက် ရန်ကုန်တိုင်း တရားရုံး ကြားနာမည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment