ဓနုတ်သတင်း မပြောရ၊ ထောင်ဒဏ် ၃ နှစ်Wednesday, 03 June 2009 19:41 ကြည်ဝေ
E-mail Print
ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဓနုတ်ဘုရားကြီး ပြိုကျခြင်းနှင့် ပတ်သက်သည့် မည်သည့် သတင်းစကားမျှ မပြောဆိုရ ဟု ဒေသခံများကို သက်ဆိုင်ရာက ပိတ်ပင် တားမြစ် ထားကြောင်း သိရှိရသည်။
ဒလမြို့နှင့် တွံတေးမြို့နယ်များတွင် နေထိုင်သူများအား ပြည်တွင်း ဂျာနယ်များနှင့် တခြား မီဒီယာအသီးသီးမှ သတင်း မေးမြန်းခြင်းပြုလုပ်ခဲ့သော် ပြန်လည် ဖြေကြားခြင်းမပြုရ၊ တခြား အနယ်နယ် အရပ်ရပ်မှ ဖုန်းဖြင့် မေးမြန်းလျှင်လည်း ပြန်လည် ဖြေကြားခြင်းမပြုရ၊ ထိုဘုရားပြိုကျခြင်း အကြောင်းကို အချင်းချင်း ပြောဆိုခြင်း မပြုရ။ ပြုလုပ်သည်ကို တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဟု ပိတ်ပင်ထားကြောင်း ဒလမြို့ခံများထံမှ သိရှိရသည်။
“ရယက ရုံးတွေမှာ စာ ကပ်ထားတယ်၊ ဒါတောင် လူတွေက သူများကို မပြောရရင်တောင် ကိုယ့်အချင်းချင်း ကြိတ်ပြောကြတာပဲ၊ ဖြစ်သွား တာလည်း အံ့သြစရာ၊ ကြောက်စရာကြီး” ဟု ဒလမြို့ခံတဦးက ပြောဆိုသည်။
အဆိုပါ ဓနုတ်ဘုရားကြီး ပြိုကျခြင်းမှာ အံ့အားသင့်စရာဖြစ်ပြီး ပြိုကျပုံမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့် လူအများ စိတ်ဝင်စားနေကြသည်။
ထိုဘုရားကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ ဇနီး၊ သားသမီး တစုက ရန်သူကို အောင်ပွဲခံနိုင်ရန်ဟူ၍ အတိတ်နိမိတ် ကောက်ယူပြီး ထီးလာတင်ခြင်းကြောင့် ယခုကဲ့သို့ ပြိုပျက်ရကြောင်း၊ ထို့ပြင် ယနေ့ထိတိုင် သေဆုံးသူ အများအပြားရှိနေပြီး သေဆုံးသူ စာရင်းကို အတည်ပြုရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောဆို နေကြသည်။
အဆိုပါ ဓနုတ်ဘုရားကြီးမှာ မွန်ဘုရင်တပါးက တည်ထားခဲ့သော ရှေးဟောင်း ဘုရားဖြစ်ကြောင်း သိရှိရသည်။ ထိုဘုရား၏ မူရင်းအမည် မှာ ဓားနှုတ် ဘုရားဖြစ်ပြီး အဓိပ္ပာယ်မှာ ရှင်ဘုရင်များက ရန်သူကို အောင်နိုင် ပြီးသည့် အခါ ထိုနေရာတွင် ရန်သူ့ကို ဒါးဖြင့် စီရင်ပြီး ဒါးကို ပြန်နှုတ်သည့် နေရာ၊ အောင်ပွဲခံသည့် နေရာဖြစ်သည့်အတွက် ဓားနှုတ်ဘုရားဟု ခေါ်စေခဲ့ကြောင်း သိရသည်။
ဓားနှုတ်ဘုရားကို အလွယ်တကူ ဓာနှုတ် ဘုရားဟု ခေါ်ဆိုကြရာမှ ယခုအခါ ဓနုတ် ဘုရားဟု အဆင့်ဆင့်ခေါ်ဆိုပုံ ရွေ့လျားပြောင်းလဲ လာခဲ့ခြင်းဖြစ်ကြောင်း ထိုဘုရားသမိုင်းကို သိရှိသူ ဒလမြို့တွင် သီတင်းသုံးနေသည့် သံဃာတော်ကြီး တပါးက မိန့်သည်။
“မွန်ဘုရင်တွေတည်ခဲ့တဲ့ တန်ခိုးကြီးဘုရားပါပဲ၊ ခုလို ပြိုပျက်တာကတော့ မကောင်းဘူးပေါ့၊ ဘုန်းဘုန်း အနေနဲ့ ဘုရားပြိုကျတယ် ဆိုတာ မကြားဖူးခဲ့ဘူး၊ ခုမှပင် မြင်ရ ကြားရတယ်၊ လူတွေလည်း အများကြီး သေရတယ်၊ စိတ်မကောင်းဘူး” ဟု အဆိုပါ သံဃာတော်ကြီးက မိန့်သည်။
ဓနုတ်ကျေးရွာသို့ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ခန့်အကြာ သွားရသည်။ အဆိုပါ ဓနုတ် ဘုရားကြီးမှာ နာဂစ် မုန်တိုင်းကြောင့် ထီးတော် ကျိုးပျက်ခဲ့၍ စောင်းတန်းများလည်း ပျက်စီးခဲ့သော ဘုရားစေတီဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရ သည်။
ထိုဘုရားမှာ တန်ခိုးကြီးကြောင်း၊ ဘုရားဝန်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်မှာလည်း အဓိဌာန်နှင့် ဆောက်လုပ်ခဲ့ကြသည်ဟု ကြားခဲ့ဖူးကြောင်း၊ မေလ ၇ ရက်နေ့က စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ ဇနီးနှင့်သားသမီးများ ထီးတော် တင်ရာတွင်လည်း အဆင်မပြေ ဖြစ်ခဲ့သေးသည်ဟု ကြားသိခဲ့ရသေးကြောင်း၊ ထို့နောက် အနီးပတ်ဝန်းကျင်ရွာမှ လူများကို လာရောက်လုပ်အား ပေးရန် စေခိုင်းခဲ့ ကြောင်း၊ ယခုကဲ့သို့ ဘုရားပြိုပျက်သွားခြင်းမှာ စစ်ဗိုလ်ချုပ်များ လာရောက် ထီးတင်ခြင်းကြောင့် ဖြစ်သည်ဟု အများက ပြောနေကြ ကြောင်း ဓနုတ်ကျေးရွာတွင်နေထိုင်သူ တဦးက ပြောပြသည်။
“ခုတော့ အဲဒီ ဘုရားအကြောင်းလဲ မပြောရဘူး၊ ဘုရားပြိုရာမှာ လူဘယ်နှစ်ယောက် ပါသွားတယ် ဆိုတာလည်း မပြောရဘူးတဲ့။ ကိုယ့်အိမ် က လူပါရင်တောင် လုံးဝမပြောရဘူးလို့ တားမြစ်ထားတယ်။ ပြောတဲ့သူကို ထောင် ၃ နှစ်ချမယ်လို့လည်း ပြောတာပဲ” ဟု သူက ဆိုသည်။
၎င်းဒေသတွင် ယခုအခါ ပရိတ်ရေများကို တမြို့နယ်လုံး ကားဖြင့် လိုက်လံ ပက်ဖြန်းခြင်း၊ ထိုဒေသများအတွင်း ပရိတ်ရွတ်စေခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သူက ဆက်ပြောသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1195:2009-06-03-12-42-49&catid=1:news&Itemid=2
Wednesday, June 3, 2009
ဓနူတ် အကြောင်းပြောရင်..ဒါးခုတ်ခံရတာထက်ဆိုးသွားမယ်..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment