Sunday, August 9, 2009

အမှန်တရားမဲ့ သတင်း

(ရန်ကုန် သတင်းထောက်မှ ပေးပို့ ပါသည်)
လှိုင်သာယာ NLD လူငယ် မျိုးကျော်ဇင် ကို အင်းစိန်ထောင်ကိုပို့ ထားပါတယ်သူ ကို ဖောက်ခွဲဖျက်စီမှုနဲ့ တရားဆွဲဆိုထားပါသည်။
သာကေတ လူငယ် နေလင်စိုး ကို စစ်ကြောရေး အပြီး ဖောက်ခွဲဖျက်စီးသူ ဌေးအောင် နဲ့ ဆက်ဆက်မှုနဲ့ တရားစွဲဆိုထားပါသည်။
ဒီနေ့  အင်းစိန်ထောင်ပါတ်ဝန်ကျင်မှာ လုံခြုံရေး ထူထပ်စွာချတာ ကိုတွေ့ ရပါတယ်။ ရန်ကုန်မြို့ ရှိ နေရာအနှံ လမ်းဆုံ လမ်းခွ မီးပွိင့်များတွေတွင် ရဲကားများ ရဲများ စောင့်များအလွန်ထူထပ်စွာချထားတာကိုတွေ့ ရပါတယ်။
ရန်ကုန်မြို့ ထဲ ဆူးလေဖက်တွင် သံဆူးကြိုးများပါ အဆင်သင့်ရှိနေကြပြီး အဆိုးရရုံးများတွင် လုံခြုံရေး အင်အားများတွေ့ နေပါသည်။ ကျိုက္ကစံ ဘောလုံးကွင်းထဲတွင် တပ်မ ၇၇ စစ်ကားများ များနှင့် လက်နက်များအသင့်နေရာယူထားပါသည်။ ရန်ကုန်ပြည်သူများကလဲ ထူးဆန်းဖြစ်စဉ်များကို သတိထားမိကြပြီး အခြေအနေကိုစောင့်ကြည့်နေကြသည်။
မြန်မာလွတ်လပ်ရေးမိခင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၁ ရက်နေ့ အမိန့် ချမှတ်မည်ဟု သေချာသလောက်ဖြစ်နေပါပြီ အာလုံးကလဲ အဆင့်သင့်စောင့်ကြည့်နေရရုံကလွဲလို ဘာမှမတက်နိုင်ခဲ့ပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်