Friday, August 14, 2009

သိပ်ကြောက်မနေပါနဲ့ နအဖရယ်..

ဒေါက်တာဦးစိန်ဝင်းတို့၏ညီလာခံဟန့်တားခြင်းခံခဲ့ရ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့်ဒေါက်တာဦးစိန်ဝင်းတို့၏ညီလာခံကိုအင်ဒိုနီးရှားရဲများ ကျင်းပခွင့်မပေးပဲ အခန်း အပြင်၌ပင် ဟန့်တားခြင်းခံခဲ့ရသည်။ဖြစ်ရသည့်ဖြစ်အင်မှာလွန်ခဲ့သည်ရက်သတ္တပတ်အနည်းငယ်က အင်ဒိုနီးရှားပါလီမန်အမတ်Eva Kusuma Sundari ကနိုင်ငံခြားရေးရုံးသို့အကြောင်းကြားထားပြီးကန့်ကွက်ခြင်းမရှိခဲ့ပေ။သို့သော်August4ရက်နေ့က မြန်မာသံရုံးမှ ကန့်ကွက် စာကိုလက်ခံရရှိပြီးနောက်ရဲဌာနသို့လွှဲအပ်ခဲ့ပြီး၂၅ယောက်ထက် မနဲသောရဲများကျင်းပမည့်ဟိုတယ် သို့ ရောက်ရှိလာပြီးဟန့်တားခဲ့ခြင်းဖြစ်သည်။ မနက်ဖန်တွင်ညီလာခံကျင်းပရန်ကြိုးစားမည်ဆိုလျှင်အခန်း ကိုသော့ခတ်ခြင်း ခံရမည်ဟုဟိုတယ်ကိုရဲများ ကခြိမ်းခြောက်ခဲ့သည်။
မြန်မာသံရုံးမှကန့်ကွက်စာတွင်အဆိုပါညီလာခံမှာတရားမဝင်သောညီလာခံဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေိးုပျက်ပြားစေနိုင်သည်ဟုဖေါ်ပြပါရှိသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်