Sunday, August 30, 2009

နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား

မလေးရှားနိုင်ငံနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတွင် မြန်မာလူမျိုးတဦး အမျိုးအမည်မသိသော ရောဂါဖြင့်သေဆုံး

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုဖြစ်သော (KLIA CAMP) တွင် မြန်မာအကျဉ်းသားတဦး ထူးဆန်းသောရောဂါတမျိုးဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းထူးဆန်းသောရောဂါမှာ ကိုယ်ပူ ခြင်း၊ အသားအရေများဖောယောင်၍ အနီကွက်များထပြီး အကြောဆွဲခြင်းတို့ဖြစ်ပြီး ထိုရောဂါသည်ရှိနေသူများ မှာ လူ(၆) ဦး ထက်မနည်းဖြစ်နေကြောင်းကို (၂၆.၈.၀၉) နေ့ကထဲက NLD(LA)MALAYSIA သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် မြန်မာသတင်းဌာန ၀က်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ NLD မှ မလေးရှားရှိ UNHCR ဌာနသို့ ဆက်လက်တင်ပြပြီး လိုအပ်သည်များကို ဆောင်ရွက်နေဆဲမှာပင် (၃၀.၈.၀၉) ည (၁၁း၀၀) နာရီအချိန်၌ ထိုရောဂါသည်များထဲမှ ကိုစိုးသိန်းအမည်ရှိ အသဲအသန်ဖြစ်နေသူတဦးသည် ပူထရာဂျာရာ ဆေးရံ၌ (၂၉.၈.၀၉) စနေနေ့ တွင် သေဆုံးသွားခဲ့ပြီး အဆောင်တွင်ကျန်ရစ်ခဲ့သူများထဲမှ ကိုမင်းခိုင် ဆိုသူမှာလည်း (၃၀.၈.၀၉) ည ၁၁ နာရီတွင် ရုတ်တရက် ဆေးရုံသို့ပို့လိုက်ပြီဖြစ်ကြောင်း ဖုန်းသတင်းထပ်မံ ရောက်ရှိလာပါသည်။အထိမ်းသိမ်းခံထားရသော မြန်မာလူမျိုးများမှာ KLIA CAMP တွင် အယောက်(၅၀၀) ကျော်ရှိပြီး မလေးရှားတနိုင်ငံလုံးအတိုင်းအတာအရ CAMP များအားလုံးတွင် တသောင်းကျော်ရှိနေပြီးဖြစ်ပါ သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်