Monday, August 24, 2009

ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစိုးရ ဖွဲ့ရန်စီစဉ် သတင်းအား GAB မှ ကြေငြာချက်ထုတ်ပြန်

Global Action for Burma GAB Issues the Press Statement Regarding the Juntas Newspaper Article Attacking Gl...

နအဖလက်ပါးစေတွေရဲ့ ကြေးမုံအွန်လိုင်းသတင်းစာပါ သတင်းကိုလေ့လာနိုင်ရန် အောက်တွင်ဖော်ပြထားသည်။

ပြည်ပရောက်စင်ပြိုင်အစိုးရအားလူထုမထောက်ခံ သဖြင့် လူထုထောက်ခံသောGlobal Action for Burma မှပြည်ပတွင် အဝေးရောက်စင်ပြိုင် အစိုးရ ဖွဲ့ရန်စီစဉ်

ပြည်ပတွင် အချိန်ကြာမြင့်စွာ တည်ရှိနေသော ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် စင်ပြိုင်အစိုးရအား လူထုမထောက်ခံသဖြင့် လူထုထောက်ခံသော Global Action for Burma မှ ထပ်မံပြီး အဝေရောက် စင်ပြိုင်အစိုးရ ဖွဲ့ရန်စီစဉ် နေကြာင်းသတင်းရရှိသည်။

ဒေါက်တာစိန်ဝင်း ဦးဆောင်သော စင်ပြိုင်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်စုကြည် အမှုရင်ဆိုင်နေချိန် ၂၀.၅.၂၀၀၉ ရက်နေ့တွင် နိုင်ငံတော်အစိုးရအား အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆိုပြုချက် စာတစ်စောင်ပေးပို့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်ပ အတိုက်အခံများကြားတွင် အငြင်းပွားစရာ ကိစ္စ တစ်ခုဖြစ်ခဲ့ပြီး၊ ၈၈ ကျောင်းသားအဖွဲ့ ၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ် တို့မှ ကန့်ကွက်ကြောင်း အင်တာနက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ချက်များ ထုတ်ခဲ့ပြီး၊ ယခုလို ပြည်ပ အတိုက်အခံအဖွဲ့ အစည်း (၉၃) ဖြင့် ဖွဲ့စည်း ထားသော Global Action for Burma မှ ဒေါက်တာ စိန်ဝင်းတို့ ၏ စင်ပြိုင်အစိုးရ နှင့် အပြိုင် အဝေး ရောက်စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။

ဒေါက်တာ စိန်ဝင်းဦးဆောင်သော စင်ပြိုင် အစိုးရကို ပြည်တွင်းမှ ပြည်သူများမှ လက်မခံကြောင်း ကို သံဃာအဖွဲ့ချုပ်-မြန်မာနိုင်ငံ မှ အထွေထွေအတွင်းရေးမှူး အရှင် ပါရမီခန္တီ နှင့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက တို့မှ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်တာနက် စာမျက်နှာများပေါ်တွင်မိန့်ကြားဘူးသည်။

လည်းကောင်းမိန့်ကြားချက်မှာ စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပ မီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံ ရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏ လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း တို့ဖြစ်သည်။

ယခု Global Action for Burma ကို သံဃာအဖွဲ့ချုပ်-မြန်မာနိုင်ငံ မှ ဦးဆောင်ပါဝင်နေသည့် အတွက် ယခုလို ထပ်မံ အဝေးရောက်စင်ပြိုင်အစိုးရ ဖွဲ့ခြင်း ကိစ္စပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပြည်တွင်း/ပြည်ပ အတိုက် အခံ များကြားတွင် ပြောဆိုနေကြပြီး ၄င်းအဖွဲ့ကို ကြိုးကိုင် နေသူများမှာ အရှင်ပါရမီခန္တီ၊ ထွန်းထွန်း ၊မျိုးကျော်လွင် ၊ ရွှေစင်ထွန်း ၊ စိုင်းမျိုးဝင်း ၊ ဒေါက်တာ-အေးမင်း နှင့် မျိုးသိန်းတို့ ဖြစ်ကြကြောင်း သတင်းရရှိသည်။
Kyay Mon Online newspaper at 3:32 AM

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်