Monday, August 24, 2009

ကိုးကန့်သတင်း

Karen United
ဂျာကူးလူ

ဖုန်းကြားရှင်ဦးဆောင်သော မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ်တပ်မတော် ကိုးကန့်ဒေသတွင် ယမန်နေ့ သြဂုတ်လ ၂၄ ရက် မနက်တွင် အာဏာသိမ်းမှုဆန်ဆန် ဖြစ်သွားပြီးတဲ့နောက် အခြေအနေတင်းမာနေချိန်တွင် မြန်မာတပ်မတော်က လောက်ကိုင်မြို့ ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက်လာတဲ့အတွက်လက်ရှိတွင် အခြေအနေရှုပ်ထွေး နေပါတယ်၊ သြဂုတ်လ ၂၄ ရက် မနက်တွင် ကိုးကန့်အဖွဲ့၏ ဒု-ဥက္ကဌ ပိုင်ဆုံချိန်က ပြည်သူ့စစ် နှင့် ကိုးကန့်တပ်ကို ပြန်ဖွဲ့ပြီး နအဖဖြင့် ပြန်ဆွေးနွေးမည်ဟု အသံချဲ့စက်ဖြင့် လောက်ကိုင်မြို့တွင်း နအဖ အကြိုက်လိုက်လံကြေညာခဲ့ပါသည်၊ ထိုကဲ့သို့ကြေညာပြီးနောက် ဥက္ကဌ ဖုန်းကြားရှင်ကို ထောက်ခံသော ကိုးကန့်တပ်ဖွဲ့ဝင်များ လောက်ကိုင်မြို့ကို ၀င်ရောက် လာသောအခါ အသံချဲ့စက်ဖြင့်ကြေညာနေသူများ ဒေသကွပ်ကဲမှု့စစ်ဌာနချုပ်ထဲ ထွက်ပြေး ခိုလှုံသွားကြောင်း RFA က ယနေ့ ၂၅ သြဂုတ် မနက်ပိုင်းအသံလွှင့်အစီအစဉ်မှာ ကြေညာသွားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ဥက္ကဌ ဖုန်းကြားရှင် လောက်ကိုင်မြို့နေအိမ်တွင် မရှိကြောင်း သိရပါသည်။ လွန်ခဲ့သော သြဂုတ်လ ၈ ရက်နေ့တွင် လောက်ကိုင်မြို့ရှိ နအဖ တပ်က ဥက္ကဌ ဖုန်းကြားရှင် အိမ်လက်နက်ပြုပြင်သည့် ဂိုဒေါင်ကို ၀င်ရောက်ရှာဖွေရန်မှ နှစ်ဦးနှစ်ဖက် ပစ်ခတ်မည့်အခြေအနေသို့ရောက်ရှိခဲ့သဖြင့် ဒေသခံလူထုတစ်သောင်းကျော်မှ စိုးရိမ်ပြီး တရုတ်နယ်စပ်တွင်းသို့ ထွက်ပြေးကြပြီး ဥက္ကဌ ဖုန်းကြားရှင် သည်လည်း တိမ်းရှောင် နေကြောင်း ကြားသိရပါသည်။ ကိုးကန့်တပ်ဖွဲ့အား ၁၉၈၉ ခု မတ်လ ၁၃ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး နအဖနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့တဖွဲ့ဖြစ်သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်