Saturday, August 22, 2009

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင် ရေးကော်မတီအား ဖွဲ့စည်း

အကြောင်းအရာ။ ။ သတင်းထုတ်ချက် ပေးပို့ခြင်း

သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့်မြန်မာပြည်တွင်း တွင် တည်ရှိသော နိုင်ငံရေးအင်အားစု(၁၄) ဖွဲ့ မှ လက်ရှိတည်ဆဲ စစ်အစိုးရအားထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာစေရေး အတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင် ရေးကော်မတီအားဖွဲ့စည်း လိုက်ကြောင်း သတင်းထုတ် ပြန်ချက်အား ပေးပို့ပါသည်။

ဒကာတို့အနေဖြင့် ယခုပေးပို့သော သတင်းအား ပြည်တွင်း/ပြည်ပ ရှိ တိုင်းရင်းသား ပြည်သူ အများ သိရှိရန် အဆင်ပြေသလို ဒကာတို့၏ သတင်းဝပ်ဆိုဒ်တွင် ဖော်ပြ ပေးစေလိုပါသည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်