Thursday, August 6, 2009

နျုကလီးယားပိုင်ဆိုင်လိုမူ့နှင့် အန္တရာယ်



နျုကလီးယားရောင်ခြည်ကြွမူ (Radiation)သည်ဓါတ်မှုန်များအလင်း၏အမြန်နှုံးနီးပါးဖြင့် လှုပ်ရှားသွားလာခြင်းဖြစ်သည်။ အလင်း၏အမြန်နှုံးမှာ တစ်စက္ကန့်လျှင် မိုင် ၁၈၆၀၀၀ ဖြစ်ပါသည်။ ဓါတ်မှုန်များသည်လူ၏ခန္ဒာကိုယ်ထဲသို့ထိုးဖေါက်ဝင်ရောက်နိုင်ပြီး ဇီဝဗေဒ ကလပ်စည်း ( Biological cells) ပျက်စီးစေပြီး ကင်ဆာရောဂါကိုဖြစ်စေပါသည်။ လိင် အင်္ဂါကလပ်စည်းများကို ထိခိုက်ပါက မျိုးရိုးဗီဇရောဂါကို (Genetic diseases) ဖြစ်စေပါ သည်။

သဘာဝဓါတ်ရောင်ခြည်ကြွမူ့သည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်လေ့ရှိပါသည်။ သာမာန်လူတစ်ဦးသည် စက္ကန့်တိုင်းတွင် သဘာဝပတ်ဝန်းကျင်မှထွက်ရှိသောဓါတ်ရောင်ခြည်အမှုန့်ငယ်ပေါင်း ၁၅၀၀၀ နှင့် ထိတွေ့မှုရှိနေပါသည်။ ဆေးရုံသုံးဓါတ်မှန် (Medical X-ray) တွင်သာမန်အားဖြင့် ဓါတ်ရောင်ခြည်အမှုန်ပေါင်း သန်းထောင်ပေါင်း တစ်ရာ ( 100 billion)

နှင့်ထိတွေ့လေ့ရှိပါသည်။ ကိန်းဂဏာန်းကိုကြည့်လျှင် အန္တရာယ် များသည် ဟုထင်စရာရှိသော်လည်းလူ့ခန္ဓာကိုယ် ထိခိုက်ပျက်စီးရန် အလွန်နည်းပါးပါသည်။

နျုကလီးယားစွမ်းအင်နည်း ပညာသည် ဓါတ်ရောင်ခြည်ထွက်ပစ္စည်းများကိုထုတ်လုပ်ခြင်းဖြစ်ပါသည်။ ၎င်းဓါတ်ရောင်ခြည်ထွက်ပစ္စည်းများသည် လူ့ခန္ဓာကိုယ် နှင့်ထိတွေ့နိုင်သော အခြေနေများမှာ ဓါတ်ပေါင်းဖိုစက်ရုံလည်ပတ်စဉ် ယိုစိမ့်မူ့၊ သယ်ယူပို့ဆောင်စဉ် မတော်
တဆဖြစ်မူ့၊ စွန့်ပစ်ပစ္စည်းများမလုံခြုံမူ့၊ စသည့်အချိန်များတွင်ဓါတ်ရောင်ခြည်ယိုစိမ့်မူ့အ နည်းငယ်ဖြစ်ပါက လူကို အန္တရာယ် ဖြစ်စေပါသည်။
ဧပြီလ ၂၆ရက် ၁၉၈၆ တွင်ဖြစ်ပွါးခဲ့သော ကမ္ဘာ့အဆိုးဝါးဆုံးနျုကလီးယားမတော်တဆဖြစ် မူ့သည် ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်းဒေသတွင်ဖြစ်ခဲ့ပါသည်။ အခင်းဖြစ်စဉ်က မီး
သတ်သမားအပါအ၀င် ၅၀ ကျော်ခန့်ချက်ခြင်းသေဆုံးသော်လည်း အစိုးရကသတင်းအမှန် ကို ဖုံးကွယ်ထားပါသည်။ ကနဦးမီးသတ်သမား၏ ပြောကြားချက်မှာ ၎င်းစက်ရုံသည် ဓါတ်
ရောင်ခြည် အန္တရာယ် ရှိသည်ကိုမသိကြပါ။ ၀မ်းနည်းဖွယ် အာဏာရှင်၏သားကောင်များ
ဖြစ်ကြပါသည်။


ယူကရိန်းအာဏာပိုင်မှ မှတ်တမ်းတင်ထားသော သေဆုံးသူစာရင်းမှာ ၄၄၀၀ ရှိပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး ဂရင်းပိစ် ( Green Peace) ကသက်ဆိုင်ရာ
ပညာရှင် ၅၂ ဦး နှင့် အင်္ဂလိပ်ဘာသာဖြင့်တခါမှနမရေးဘူးသော သတင်းအချက်အလက် များကို ကိုးကား သော စုံစမ်စစ်ဆေးရေးအစီရင်ခံစာကို ဧပြီလ၁၈ ရက် ၂၀၀၆ တွင်ထုတ် ပြန်ခဲ့ပါသည်။ ၎င်း၏တွင်ထုတ် ပြန်ချက်အသစ်တွင် ဘီလရပ်စ်အမျိုးသားကင်ဆာအဖွဲ့
(Belarus National Cancer statistics) ၏မှတ်တမ်းကိုလည်း ကိုးကားထားပါသည်။
ချာနိုဘိုင်းနျုကလီးယားဓါတ်ပေါင်းဖိုမတော်တဆမှုမှ ပြည်သူပေါင်း ၂၇၀ ၀၀၀ ကျော်ကင်ဆာ ရောဂါရရှိခဲ့ သည့်အပြင် နောက်ထပ် လူပေါင်း ၉၃ ၀၀၀ ကျော်မှာ ပြင်းထန်
ဆိုးဝါးသော ကင်ဆာရောဂါကို ရရှိခဲ့ပါသည်။ လွန်ခဲ့သည့် ၁၅ နှစ်မှထုတ်ပြန်သည့် သေဆုံး
သူစာရင်းများအပြင် နောက်ထပ်ပြည်သူပေါင်း ၆၀ ၀၀၀ ကျော် လည်းသေဆုံးခဲ့ပါသည်။
ထို့ကြောင့် ယူကရိန်း နှင့် ဘီလရပ်စ် ဒေသမှ ထပ်မံသေဆုံးသောပြည်သူအရေအတွက်မှာ
၁၄၀ ၀၀၀ ကျော်ရှိကြောင်း အစီရင်ခံစာမှာဖေါ်ပြထားပါသည်။



ဒေသခံပြည်သူများ ထပ်မံခံစားရသော ဆိုးကျိုးတစ်ခုမှာ အစိုးရ၏သတင်းလွတ်လပ်ခွင့် ထိန်းချုပ်မူ့ကြောင့်ပြည်သူများ အစိုးရပေါ် ယုံကြည်မူမရှိဘဲ မေ့ပျောက်မရသော အဖြစ်ဆိုးကြောင့် စိတ်ဓါတ်ရေးရာကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်ခဲ့ပါသည်။ ယခုချိန်ထိ ၎င်း
ဒေသများတွင် ကင်ဆာရောဂါ တိုက်ဖျက်ရေးအပြင် စိတ်ကျန်းမာရေးဝန်ဆောင်မူ့လုပ် ငန်းများကို အကြီးအကျယ် ဆောင်ရွက်နေရပါသည်။

ချာနိုဘိုင်းနျုကလီးယားဓါတ်ပေါင်းဖိုမတော်တဆ နှင့်ပတ်သက် ၍ နျုကလီးယား ပညာရှင်
များမှတ်ချက်ပေးသည်မှာ-
- စက်ရုံဝန်းထမ်းများ၏မကျွမ်းကျင်မူ့
- နျုကလီးယား ပညာရှင်များ၏ ဗဟုသုတမပြည့်စုံခြင်း ( Lack of Nuclear knowledge and skill)
- စက်ရုံ၏ လုံခြုံရေးစနစ်တည်ဆောက်ထားမူ့ အားနည်းခြင်း
- စက်ရုံအားအချိန်မှီဖွင့်လင့်နိုင်ရန် ဦးစားပေးခြင်းကြောင့် လိုအပ်သောစမ်းသမ်း လည်ပတ်မူ့တချို့ကို မလုပ်ဘဲထိန်ချန်ထားခြင်း၊
အထက်ပါ အကြောင်းအရင်းများသည် အစိုးရ၏ အုပ်ချုပ်မူ့ စနစ် အားနည်းခြင်းကြောင့်
သိန်းနှင့်ချီသော ပြည်သူများ မြေစာပင်ဖြစ်ခဲ့ရပါသည်။

နျုကလီးယားစွမ်းအင်နှင့်ပတ်သက်ပြီး အခြေခံလိုအပ်ချက် ၄ ချက်မှာ-
၁၊ မှန်ကန်သောရည်ရွယ်ချက်ရှိရန်
၂၊ အရည်အချင်း ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သော ပညာရှင်နှင့် ၀န်ထမ်းများရှိရန်
၃၊ တရားမျှတပြီး မှန်ကန်သော အုပ်ချုပ်မူ့စနစ်ရှိရန်
၎၊ လုံလောက်သော ဘဏ္ဍာရေး အရင်းအမြစ်ရှိရန်

အထက်ပါအချက် ၄ ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်အစိုးရနေဖြင့်မည်သည့်အတိုင်းအတာ ထိ ဆောင်ရွက်နိုင်သည်ကို သံသယရှိနေပါသည်။ လူကောင်းပြီးမူမှန်ရန်လိုအပ်ပါသည်။

မြန်မာစစ်အစိုးရ၏ နျုကလီးယား ပိုင်ဆိုင်လိုမူ့သည် အများတွက်စိုးရိမ်စရာဖြစ်နေပါသည်။
မိမိအိမ်တွင်းရှိ ရှုတ်ထွေးနေသော ၀ိုင်ယာကြိုးတန်းလန်းများကို စနစ်တကျမတပ်ဆင် သေးဘဲ အန္ဒာရယ် ကြီးပစ္စည်းကို အိမ်ထဲထည့်ရန် ကြိုးစားပုံနှင့် တူနေပါသည်။ ပြည်တွင်းထွက်သံယာဇတများကို ပြည်သူများ ခံစားခွင့်မရှိသည့် နအဖ မူ အနေဖြင့် နျုကလီးယားစွမ်းအင်တည်ဆောက်နေခြင်းသည် နိုင်ငံတွင်းသာမက ဒေသတွင်း၏ လုံ
ခြုံရေးကိုပါထိခိုက်နိုင်ပါသည်။ ငွေအလုံးအရင်းသုံးပြီး နျုကလီးယားစွမ်းအင် အရင်
တည်ဆောက်မည့်အစား အလျှံအပယ်ထွက်နေသော သဘာဝဓါတ်ငွေ့ရည်ကို မြန်မာ
ပြည်သူတွေဆီဖြန့်ဖြူးနိုင်အောင် အရင်ကြိုးစားသင့်ပါသည်။


ဖူးဒို
၆.၈.၂၀၀၉

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်