စာအရေးကောင်းတဲ့ ရွာသားလေးက နောင်လာမဲ့ အနှစ် နှစ်ဆယ် တဲ့။ ရေးပေးဖို့ Tag လာတယ်။
နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာ ချည်း ကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက် ပါ အောင် လိုက်မိပါတယ်။
တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကိုမျှော် လင့် ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)
မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီး တွေ အရင် လိုက်ဖတ်နေမိတယ်။
လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။
ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။
ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။
တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်း မီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။
ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေ ပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။
အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြု နိုင်ပြီ တဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။
ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအ ဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။
လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်း အိမ်တိုင်း စေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ် ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရ သေးတာ။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)
ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။
မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင် လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက် မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။
တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက် စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာ အလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။
လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေ တယ်။
လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါ ပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။
ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။
မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါ ရော လား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါး သောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။
ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာ ထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။
၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင် လုပ်ထားရတယ်လေ။
လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက် တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။
ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေ သွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံ နေတာ တွေ့ခဲ့ရသေးတယ်။
ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။
ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။
မိုးချိုသင်း
ဆရာမ မိုးချိုသင်းဟာ ဆရာကြီးဦးတင်မိုးရဲ့သမီးပါ.. သူရဲ့ပြောင်မြောက်တဲ့ နှစ် ၂၀ ကို ယှဉ်ကြည့်ပြီး..ဘာတွေ သင်ဖြစ်ချင်ပါသလည်း...ကိုယ်ပိုင်တွေးတောပါ။
မိုးချိုသင်း Blog မှပါ။ http://moechothin.blogspot.com/search?updated-min=2008-01-01T00%3A00%3A00-08%3A00&updated-max=2009-01-01T00%3A00%3A00-08%3A00&max-results=50
Saturday, June 6, 2009
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment