Monday, June 8, 2009
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို ပြင်ဆင်ပေးပါရန် မြန်မာစစ်အစိုးရအား နိုင်ငံတကာ အလုပ်သမား စံညွှန်းများကော်မတီက တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် တခုမှအပ ကျန်ပြည်နယ်နှင့် တိုင်း အားလုံးတွင် အဓမ္မလုပ်အားပေး ဆက်လက်ခိုင်းစေဆဲရှိကြောင်းနှင့် မြန်မာအာဏာပိုင်များအနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒမရှိကြောင်းဖြင့် ၁၉၃ဝ အဓမ္မလုပ်အားပေး စာချုပ်ကို ရည်ညွှန်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ကျွမ်းကျင်မှုကော်မတီတရပ်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဓမ္မလုပ်အားပေးကို ထိရောက်စွာ တားဆီးပိတ်ပင်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ အဆိုပါ ပိတ်ပင်တားဆီးမှုများကို လူသိရှင်ကြားကြေညာရန်နှင့် ချိုးဖောက်သူများကို အရေးယူ အပြစ်ပေးရန် အဆိုပါ ကော်မတီက မြန်မာအစိုးရကို ပြောဆိုလိုက်သည်။
အဆိုပါ ကော်မတီက မြန်မာစစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံအပေါ် သဘောမတူ ဘဲ၊ အထူးသဖြင့် ‘အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက်စာပိုဒ်သည် အဓမ္မလုပ်အားပေး ခိုင်းစေနိုင်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်ဟု ဆုံးဖြတ်သည်။
ထို့ပြင် ‘အဓမ္မခိုင်းစေခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်းတို့ကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များက အတိအလင်း တားမြစ်ထားသည် ဆိုစေဦး၊ ဥပဒေတရပ်ရပ် ပြုလုပ်၍ ဤကိစ္စများကို ပြုလုပ်စေနိုင်သဖြင့် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်များမှာ အလုပ်မဖြစ်နိုင်’ ဟု ကော်မတီ၏ ယင်း၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် စစ်အစိုးရကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ဆန္ဒခံယူပွဲတွင် ၉ဝ ရာခိုင်နှုန်း ကျော် သော မဲပေးသူများက ထောက်ခံခဲ့ကြပြီးဖြစ်သည်ဟု ပြောဆိုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) အပိုဒ် ၁၅ ပါ ပြဋ္ဌာန်းချက်ဖြစ် သော ‘နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်း ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူ အကျိုး အတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မခိုင်းစေခြင်းကို တားမြစ်သည်’ ဟူသော စာပိုဒ်ကို ရည်ညွှန်းကာ ကော်မတီ၏ အမြင်ကို ပြစ်တင်မောင်းမဲပြောဆိုလိုက်သည်။
ILO အဖွဲ့ကြီးက ဥပဒေပြင်ဆင်ရေးနှင့် ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပါရန် တောင်းဆိုနေသော စာပိုဒ်များမှာလည်း အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ အပိုဒ် ၁၅ (ပုဒ်မ ၃၅၉) နှင့် ကျေးရွာများနှင့် မြို့များ ဥပဒေများတို့ပါ ပြဋ္ဌာန်းချက်များပင် ဖြစ်သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) က တင်ပြတိုင်တန်းခဲ့သော စာမျက်နှာ ၆ဝဝ ပါ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း အထောက်အထားများကို တုံ့ပြန်ဆောင်ရွက်ပေးသည့်အနေနှင့် မြန်မာစစ်အစိုးရသည် ထိုသို့ တင်ပြတိုင်တန်းလာသော ကိစ္စရပ်များကို ကိုင်တွယ်အရေးယူ ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ပြီး၊ မြန်မာနိုင်ငံ အထွေထွေ အခြေအနေများနှင့် စပ်လျဉ်း၍ ယခင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကိုသာ ကြက်တူရွေးလို တစာစာ ရွတ်နေခဲ့သည်။ အစိုးရ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ထောက်ခံ တင်ပြနိုင်သော သက်သေခံချက်များကိုလည်း တင်ပြနိုင်ခြင်း မရှိခဲ့ဟု ILO ကော်မတီက စွပ်စွဲပြောဆိုလိုက်သည်။
ITUC က တင်ပြခဲ့သော အထောက်အထားများတွင် ကရင်နှင့် ချင်းကျေးရွာများတွင် မြန်မာစစ်တပ်က တိုက်ရိုက် တောင်းဆိုခိုင်းစေသော အဓမ္မလုပ်အားပေး ဖြစ်ရပ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ၌ အဓမ္မလုပ်အားပေးခိုင်းစေခြင်း ကိစ္စများ ပါဝင်သည်။
ဤသို့ အခွင့်အရေး ချိုးဖောက်မှုများအတွက် မှုခင်းအဖြစ်အပျက် ၃ ခုမှအပ မည်သည့် စစ်ဖက်ဝန်ထမ်းကိုမျှ တာဝန်ရှိကြောင်း အရေးယူခဲ့ခြင်းမျိုး မရှိဘဲ၊ အဆိုပါ ကိစ္စရပ် ၃ ခုတွင်လည်း လစာလျှော့ချခြင်း၊ ရာထူးတိုးမှုကို ရပ်ဆိုင်းထားခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း သတိပေးခြင်း မပြုလုပ်ခဲ့ဟု ကော်မတီက ယင်း၏ တွေ့ရှိဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြား သည့်အနေနှင့် မြန်မာစစ်အစိုးရကို သတိပေးပြောကြားခဲ့သည်။
သို့သော် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) တို့ကမူ မြန်မာစစ်အစိုးရဘက်မှ ဝင်ရောက်ကာကွယ် ပြောဆိုပေးခဲ့ကြပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာစစ်အစိုးရ၏ အဓမ္မ လုပ်အားပေးခိုင်းစေမှု ရပ်တန့်ရေးအတွက် ယနေ့အထိ အပြုသဘောဆောင်သော အောင်မြင်မှုများကိုသာ အဓိကထား ပြောဆိုလိုကြသည်။ စင်္ကာပူနိုင်ငံကမူ အဓမ္မ လုပ်အားပေး ခိုင်းစေမှုကိစ္စနှင့် ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စရပ်ကို တင်ပြအရေးဆိုခဲ့ကြသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများကို ဝေဖန်ပြောကြားခဲ့သည်။
သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှာ အမှုဆိုင်နေရသည်။ အကဲခတ်နှင့် ဝေဖန်သူအများအပြားကမူ ဤစွပ်စွဲချက်များသည် နိုင်ငံရေးအရ စွဲဆိုချက်သက်သက် မျှသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။
ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံရသော ဝန်ကြီးချုပ်ဦးနု၏ လက်ထက်တွင် အာဆီယံအဖွဲ့ဝင် ဖီလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ထက် အနှစ် ၅ဝ စော၍ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းစာချုပ်ကို ၁၉၅၅ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ၁၉၃ဝ ခုနှစ် စာချုပ်ကို အတည်မပြုရသေးသည့် နိုင်ငံများထဲတွင် အမေရိကန်၊ တရုတ်၊ ကနေဒါ ၃ နိုင်ငံ ပါဝင်သည်။
အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ မြန်မာနိုင်ငံ အခြေအနေအား လွှဲပြောင်းတိုင်တန်းရန် ကိစ္စကိုမူ ကော်မတီက ဆန့်ကျင်ရန် ဆုံးဖြတ်သည်။
လမင်းခင် ဘလော့မှ ကူးယူဖော်ပြတာပါ
Posted by မေအိခင် (လယ်ဝေး) at 9:27 PM
ILO ညီလာခံမှမြန်မာစစ်အုပ်စု အပေါ် ဆုံးဖြတ်ချက် များ
AR-M351N_20090608_140445-1
Tuesday, June 9, 2009
အကြိတ်အနယ် ဆွေးနွေးရသည့် ILO ညီလာခံမှ စစ်အုပ်စု၏ ရာဇ၀တ် မှု
Publish at Scribd or explore others:
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
June
(421)
- တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ
- ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..
- တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။
- ဇွန် ၃၀ သတင်းများ
- “ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွ...
- Myanmar Orphans Support Network (Myanmar-OSN)
- အသိပေးချက်.
- သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို...
- UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ...
- မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ
- MoeMaKa Daily e Newspaper - 29th June 2009
- ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို
- တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတ...
- ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု
- ဇွန် ၂၉ ၂၀၀၉ သတင်းများ
- Shepard Fairey Unveils Icon in Support of Aung San...
- အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်
- လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့
- ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ
- အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း
- မာယာရှင်လား အာဏာရှင်လား
- ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..
- NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း...
- ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်
- ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့...
- မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။
- ဗိုလ်ဆန်ပြုတ်တော့သွားရှာပြီ
- အိရော အိရော လုပ်မနေနဲ့ ..အစီရင်ခံ..
- သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်
- မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရော...
- သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင်
- “Leave Burma” “မြန်မာနိုင်ငံက ထွက်”
- တရုတ်ကြိးတောင် လင်းတနားကခွါနေပြီ..သန်းရွှေတစ်ကောင်ဘ...
-ှJune ၂၇ ၂၀၀၉ သတင်းများ
- တော် တော် ..အရောင် အသွေးကိုမရှိတဲ့လူ.လေယာဉ်ခဘဲဆုံး...
- နအဖ ပြောစကားများ ဟိုဒင်းငုံ ပြောတောင် ဒို့ တော့ မယုံ
- ပွဲလာကြည့်ရင်..ဒီမျက်နှာဖုံးစွပ်လာခဲ့ပါ
- ငရဲပြည်၏ အပေါက်ဝ ကငရဲခန်းများ
- ကဗျာ ရွတ်ပွဲ (Poem by Jeffrey Karl Hellman)
- အမေရိကန်ကို..တချက်ထဲနဲ့  သတ်ပြမယ်ဆိုဘဲ..နာချင်နေဘီ...
- ရုရှားရောက်မြန်မာ့ စစ်ပညာသင်များ၏ ဘော်လုံးပွဲ
- ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ရဲဘော်တို့  မင်းတို့  လုပ...
- မကြာခင်..တူးခြစ်တော့ မဲ့ ဘိန်းမုံ့ ကြီး..
- ပါလီမန် ဒီမိုကရေစီပါတီသတင်း
- မလေးမှ အဖမ်းခံရသူ ၅ ဦးလွတ်လာပါပြီ။
- ငါ့မြေးရှူဖို့ ဘိန်းများများစိုက်ကြ
- Go towards
- ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ
- ငါးနှစ် ကြီးများတောင်တဲ့ အကုန်လုံးလျှော့ပေး ရင်ဘြာ...
- ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
- ဒေါက်ဒေါက်...လည်လည်လာဒယ်ဗျို့
- ယက်တောကိုကျ တော်တယ်တဲ့ဗျာ..ကိုယ်ညံ့တာတော့ ပြောဖူး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားတွင် မြန်မာများအ...
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- MoeMaKa Daily e Newspaper - 25th June 2009
- ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စ...
- မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ နောက်ကွယ်တွင် ကြိုးကိုင်...
- မမေ့ နိုင်သော အာဇာနည်
- မိပြီ..မိပြီ..သူဘဲ သူဘဲ
- ယုံလား..တဲ့
- မိုက်ကယ်ဂျက်ဆင်သေပြီ အသက် (၅ဝ)ှနှစ်
- သူတို့ ကမှ ခြောက်ပြစ်ကင်း...
- ဆန်နဲ့ နျူကလီယားက လဲတယ်ဆိုဘဲ
- တရားခံဘယ်သူလည်း ဟေ့
- Fortwayne မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ ...
- ပြည်တွင်း/ ပြည်ပ ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တ...
- MoeMaKa Daily e Newspaper - 24th June 2009
- တယ်လည်းချစ်တဲ့ ဒေ၀ဒတ်နဲ့ အဇာတသတ်
- အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ အရေးပေါ်ကျေညာချက်
- မြန်မာပြည်ကို ဝက်တုတ်ကွေးလာပြီ
- ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက...
- ဘင်္ဂလားမှာ ဝက်တုတ်ကွေးဖြစ်နေပြီ မြန်မာနိုင်ငံမှာတော...
- တပ်ပေါင်းစု ဆုံးမလိုက်တာ သန်းရွှေစည်းစိမ်စောင့်တပ်က...
- မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေ...
- နောက်က ဖင်ပေါ်နေလည်း သေအောင် လိုက်ဖုံးနေ
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
- နအဖ နျုကလီးယား လိုချင်ရင် ဒါအရင်ကြည့်
- မြောက်ကိုရီးယားတွေ မြန်မာ မြေပေါ် လာစော်ကားတာ..ဒါသက...
- ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့...
- Google talk or G-talk သုံးစွဲသူတွေဗမာပြည်တွင်ဖမ်းသ...
- ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ပေါက်နေတဲ့ အမျိုးယုတ် DKBA
- မြန်မာပြည်က ကလေးငယ်များရဲ့ ဘဝ
- ပြည်တွင်းသတင်း
- Obama: Nuclear-armed North Korea a Grave Threat
- North Korean Ship Suspected Of Carrying Missiles
- Aung San Suu Kyi thanks supporters for birthday ev...
- Burmas military regime: Digging the tunnels - Excl...
- MoeMaKa Daily e Newspaper - 22nd June 2009
- ၀ါးတုန်းကတော့အတူတူ အခုကျတော့ ကံဆိုးသူမောင်ရှင်.စတေ...
- သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့က...
- မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတ...
- လူဆိုးတွေ နဲ့အဖွဲ့ကျ..ပြည်ဖျက်နအဖ
- 7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။
- စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှ...
- မြန်မာနိုင်ငံနဲ့  လူမျိုးတစ်ရပ်လုံးအပေါ်မှာ စော်ကား...
- ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်
- ဆက်နေတဲ့ ခြေလှမ်းများ..ပန်းတိုင် အထိသွားကြမဲ့သူ
- တရားခွင်စစ်ဆေးမှု တရားမမျှတကြောင်း ဒေါ်စုပြောကြား
- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီး...
- ရင်နင့်ဖွယ်ရာဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
-
▼
June
(421)
No comments:
Post a Comment